Love

in #busy6 years ago

စစ်မှန်တဲ့အချစ်စစ်…တကယ်တော့ အချစ်စစ်ဆိုတာ ဆိုးအတူ ကောင်းအတူ အခက်အခဲတွေရင်ဆိုင်ပြီး တစ်သက်လုံးအနားနား မခွဲထာဝရအတူ ရှိနေခြင်းပါ။
နောက်ဆုံးအချစ် တွေ့သွားတဲ့လူတစ်ယောက်အတွက်တော့ ချစ်တဲ့သူနဲ့အတူဆက်ရတဲ့ ဘဝခရီးက တိုတောင်းတယ်လို့တောင် ခံစားမှုဖြစ်စေနိုင်ပါတယ်။

ကိုယ်ရဲ့ဘဝအတွက် တစ်သက်လုံးစာအချစ်စစ်ကို လိုချင်ပြီဆိုရင်တော့ ဒီအချက်လေးတွေ ရှိထားဖို့တော့လိုအပ်ပါတယ်။

** အမြဲတမ်းကြိုးစားနေထိုင်ပြီး အရာရာတိုင်းကို ကောင်းတဲ့ရှုထောင့်ကမြင်ပါ…

လက်တွဲဖော်ကိုရှာတယ်ဆိုတာ ဘဝမှာမရှိမဖြစ်အဓိကကျတဲ့ အကြောင်းအရာတော့မဟုတ်ပါဘူး။ အကောင်းမွန်ဆုံး အချစ်ရေးကိုလိုချင်တယ်ဆိုရင်တော့ အရင်ဆုံးကိုယ့်ရဲ့ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းအလုပ်၊ ကိုယ့်ရဲ့မိသားစုတွေ မိတ်ဆွေတွေ ဒါတွေအားလုံးအပေါ်မှာ သေသေချာချာ ဂရုတစိုက် အလေးပေးမှု ရှိအောင်လုပ်ရပါမယ်။

ဒီလိုအရာတွေအပေါ်ပျော်ရွှင်အောင်လုပ်ပေးရင် ဘဝမှာအရာရာမျှတပြီး သာယာမှုတွေခံစားလာရမှာဖြစ်တဲ့ အတွက် တခြားသူတွေနဲ့ဆက်ဆံရတဲ့အခါ ကိုယ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

** ဘဝမှာပျော်ရွှင်ဖို့အတွက်ဦးစားပေးသင့်ပါတယ်….

အိမ်ထောင်ဖက်တွေ့တာ၊ အွန်လိုင်းမှာချစ်သူရှာတာ တွေကတချို့လူတွေအတွက်တော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် တချို့လူတွေအတွက်ကျတော့ စိတ်မပါတော့တာ တစ်ခါတလေ စိတ်ရှုပ်ထွေးတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီလိုအဆင်မပြေတာတွေရှိ လာပြီဆိုရင်တော့ ပျော်စရာကောင်းတဲ့ လူမှုဆက်ဆံရေးဖြစ်ဖို့ လိုအပ်မှုတွေရှိနေပါပြီ။ နောက်ဆုံး ဘဝလက်တွဲဖော်ရှာတာနဲ့ သင်တော်တဲ့အလုပ်ရှာတာက ကြီးမားတဲ့ ခြားနားမှုတစ်ခုဆိုတာ နားလည်ထားရပါမယ်။

တစ်ယောက်တည်းသမားဆိုရင်တော့ လွတ်လွတ်လပ်လပ် တခြားသူတွေကိုပေါင်းသင်းဆက်ဆံနိုင်တဲ့ အခွင့်အရေးပိုရရှိတဲ့အတွက် လူမှုဆက်ဆံရေးတွေလည်း ပိုကောင်းလာနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စနောက်တတ်တဲ့ အကျင့်ကပိုပြီး ကိုယ့်ကိုစိတ်ချမ်းသာစေမှာပါ။

ကိုယ့်ရဲ့ဝါသနာတွေကို အကောင်အထည်ဖော်တာ ပတ်ဝန်းကျင်အသစ်ကလူတွေနဲ့ တွေ့တာတွေက ကိုယ့်အတွက်ဘယ်လိုလူမျိုးက အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ လေ့လာလို့ရနိုင်ပါတယ်။

** ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကအစစ်အမှန်ဖြစ်ပါစေ…

တစ်ဘဝလုံးအတွက် ရည်ရွယ်ထားတဲ့လက်တွဲဖော်နဲ့ ပထမဦးဆုံးချစ်သူတွေအဖြစ် ဆုံတွေ့ရတဲ့အခါမှာဆိုရင် စိတ်လှုပ်ရှားနေမှာဖြစ်ပေမယ့် လည်း ကိုယ့်ကိုယ်ကိုထိန်းချုပ်ပါ။

သူ့အပေါ်မှာတကယ် စိတ်ဝင်စားတယ်ဆိုတာကို ပြပေးပါ။ တစ်ယောက်နဲ့တစ်ယောက်အလေးထားတဲ့အနေနဲ့ လက်ထဲကဖုန်းတွေကို ဝေးဝေးမှာထားပါ။ ကိုယ်မသိသေးတဲ့သူ့အကြောင်းတွေကို မေးမြန်းပါ။ တစ်ဘဝလုံးလက်တွဲဖို့ရည်ရွယ်ထား တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်မနေဘဲအမှန်အတိုင်း ဆက်ဆံပေးပါ။ သူပြောတဲ့စကားတွေကို လည်းသေချာအာရုံစိုက်ပြီး ဂရုစိုက်အလေးပေးပါ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60569.12
ETH 2442.20
USDT 1.00
SBD 2.52