မုသားမဲ့ အမုန်း
မုသားမဲ့အမုန်း
အပြုံးစိမ်းစိမ်းတွေနဲ့
လှည့်ကြည်ခံတစ်ယောက်ရဲ့
မနက်ဖန်
ဆက်ရန်ရှိသေးရင်
အသက်တဖန်ဆက်ဖို့အတွက်
မုသားမဲ့ အမုန်းနဲ့
နှလုံးသွေးဆက်ပေးပါ။
နုတ်ခမ်းလွှာကသစ္စာမုသား
ခါးသက်သက်အရသာနဲ့
ပျားရည်စစ်များဖြစ်နေသလား။
မခါးသက်တဲ့
တမာတစ်ရွက်ကို
ချိုတယ်လို့ပြောမလား
ပျားရည်ခါးက ဆေးဖက်ဝင်တယ်တဲ့။
မုသားနဲ့မုန်းတာ
ရင်ကိုနာကျင်စေတယ်--ခင်။
Writer @phyo1aung
