မြန်မာ့ဆေးပညာနနဲ့ သန့်စင်သောရေ

in #myanmar8 years ago (edited)

image
သောက်သုံးရေသည် အနည်းများထနေခြင်း အနံ့အသက်မကောင်းခြင်းဖြစ်နေပါက ဒန့်သလွန်စေ့ကို ထည့်စိမ်ပြီ သောက်သုံးနိုင်ပါတယ်။ရေတစ်ဂါလန်လျှင် ခြောက်သွေ့သော ဒန့်သလွန်စေ့ နှစ်စေ့သုံးစေ့ခန့်ထည့်၍ တစ်နာရီခန့် စိမ်ထားမည်ဆိုပါက သန့်စင်သောရေသန့်ကို ရရှိစေမည်ဖြစ်ပါတယ်။အထက်ပါနည်းလမ်းကို ဆေးပညာရှင်တို့ သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးကြည့်သောအခါ အမှန်တကယ် ရေကို သန့်စင်စေနိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။အခြားရေသန့်နည်းများမှာ 'ခပေါင်ရေကြည့်စေ့' ကျောက်ချဉ်' ကြာစွယ်နှင့်ပုလဲတို့ကို ရေစိမ်ခြင်းဖြင့် ညစ်နွမ်း၍ ဒေါသသင့်နေသောရေကို သန့်စင်စေနိုင်ပါတယ်။
အထက်ပါနည်းလမ်းများအပြင် ရေညစ်များကို သန့်စင်စေနိုင်သည့် ရှေးမြန်မာတို့၏ ဆေးပညာတွင် ထင်ရှားသောနည်းလမ်းလေးမျိုးရှိပါတယ်။
(၁) ရေစစ်နှင့်စစ်ခြင်း
ရေစစ်နှင့်စစ်ခြင်းဆိုသည်မှာ သန့်ရှင်းသောအဝတ်ဖြင့် ရေကိုစစ်ခြင်း ကျောက်စရစ်သဲဆန်ကာများနှင့်စစ်ယူအသုံးပြုခြင်းတို့ပဲဖြစ်ပါတယ်။
(၂) ကျိုချက်ခြင်း
ကျိုချက်နည်းမှာ ရေတွင်ပါဝင်သည့် ဒေါသများသာမက ပါဏိဇရေတွင် ပါဝင်သည့် ပိုးမွှားများ ဓာတုဓာတ်ပေါင်းများကို ဖြိုခွဲဖျက်စီးနိုင်သောကြောင့် ယနေ့တိုင် ခေတ်မီ၍ စိတ်အချရဆုံးနည်းလမ်းဖြစ်ပါတယ်။
(၃) နေပူတွင်ထားခြင်း
နေပူတွင်ထားခြင်းဟူသည့်နည်းမှာ နေရောင်ခြည်တွင်ပါဝင်သည့် ဥဏှတေဇောဓာတ်၏ အစွမ်းနှင့်အဆိပ်အတောက်များကို ပျက်ပြယ်စေပြီးဓာတုပိုးမွားများ သေကြေပျက်စီးစေနိုင်ခြင်းဟူသော အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။
(၄) ပူသည့်အရာဝတ္ထုနှစ်မြုပ်ပေးခြင်း
ပူသည့်အရာဝတ္ထုနှစ်မြုပ်ခြင်းဆိုသည်မှာ သံချောင်ကို နီရဲအောင်မီးဖုတ်၍ ရေထဲတွင် နစ်မြုပ်ထားသည့်နည်းဖြစ်ပါတယ်။ရှေးအခါက ရေငတ်ဝေဒနာရှင်များကို ၄င်းနည်းလမ်းဖြင့် ပြုပြင်ထားသောရေကို တိုက်၍ ကုသလေ့ရှိပါတယ်။
မည်သို့ပင်စေ ရေသည် လူသားများ အသက်ရှည်ကျန်းမားရေးအတွက် အလွန်အရေးကြီးသကဲ့သို့ ရေကောင်းရေသန့် သောက်သုံးနိုင်ရေးသည်လည်း အထူးအရေးပါပြီး အဓိကကျလှပါတယ်။သို့ပါသောကြောင့် ရေကောင်းရေသန့် သောက်သုံးနိုင်ရေးအတွက် ရှေးမြန်မာတို့ရဲ့ ဆေးပညာနယ်ပယ်၏ နည်းလမ်းပေးညွန်ထားမှုများသည် ရေမြေတောတောင်အနှံ့ နေရာဒေသအသီးသီး၌ လက်ရှိတာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများအတွက် တစ်စုံတစ်ခုသော အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်စေရန် ရေးသာတင်ပြလိုက်ရပါတယ်။
A-4

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61217.01
ETH 1624.35
USDT 1.00
SBD 0.42