လူတစ်ဦ၏တန်ဖိုး

in #myanmar8 years ago

image
လူတစ်ဦး ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သူအသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံးမှာ ကိုယ်ကျင့်သီလ ဘယ်လောက် အားကောင်းတယ် သမာဓိ ဘယ်လောက်ရှိတယ် ဘယ်လောက်ရိုးသားတယ် အဲဒါတွေနဲ့ပဲ ဆုံးဖြတ်ရပါတယ်။ဒီအရာတွေနဲ့ လူတစ်ဦး၏ တန်ဖိုးကို တွက်ချက်တိုင်းထွာလို့ ရနိုင်ပါတယ်ကွယ် လို့ပြောပြီးအမေက သူ့စကားကို အဆုံးသတ်လိုက်ပါတော့တယ်။
အမေပြောသွားတဲ့ စကားတွေဟာ အဓိပ္ပါယ်အများကြီးရှိနေပါတယ်။ကျွန်တော်အတွက် တွေးစရာအများကြီး ဖြစ်ပေါ်ခဲ့ရတဟ်။ ကျွန်တော်ဟာ အပြင်ပိုင်မြင်နေရတဲ့ တန်ဖိုးကြီး ရုပ်ဝတ္ထုပစ္စည်းအများကြီးပိုင်ဆိုင်ထားသူ ငွေကြေးချမ်းသာကြွယ်ဝသူကို တန်ဖိုးရှိတဲ့လူပဲလို့ အလွယ်ထင်မြင်ယူဆခဲ့မိပါတယ်။လူတစ်ဦး၏တန်ဖိုးကို ဆင်းရဲခြင်း ချမ်းသာခြင်းတွေနဲ့ တိုင်းတာချိန်တွယ်လို့ မရနိုင်မှိန်း သိလိုက်ရတယ်။အက်ဒီဆင်ဟာ လူတွေအလင်းရဖို့ လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့တယ်။အိုဗီလီနဲ့ဝီလ်ဘာရိုက်(ရိုက်ညီနောင်)ဟာ လူတွေကို ကောင်းကင်ပေါ်ပျံသန်းနိုင်ဖို့အတွက် လေယာဥိပျံကို တီထွင်ခဲ့တယ်။ပညာရှင်တွေရဲ့တီထွင်မှုကြောင့် အာကာသပေါ်ကိုလည်း လူသားတွေ ရောက်ခဲ့ကြပြီ။လူသားတွေနဲ့ မြို့ကြီးတွေကို တစ်ချက်တည်းနဲ့ ပျက်စီးပျောက်ကွယ်သွားစေမယ့် နျူကလီးယားလက်နက်ကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ကမ္ဘာကြီးကို ရွာလေးတစ်ရွာလို ဆက်သွယ်လို့ လွယ်ကူသွားအောင် facebook ကိုလည်း တီထွင်နိုင်ခဲ့တယ်။ဒီလိုပဲ ကမ္ဘာပေါ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ တီထွင်ဆန်းသစ်မှုတွေ အများကြီးရှိနေခဲ့ပါတယ်။နောက်ထပ်လည် တီထွင်နေဦးမှာပါ။
ဒါပေမယ့် လူတစ်ဦးစီရဲ့ တန်ဖိုးကို ချက်ချင်သိရှိနိုင်ဖို့ ဒစ်ဂျစ်တယ် အမှတ်ပေးစနစ်နဲ့ တိုင်းတာပြလို့ရနိုင်တဲ့ စက်တစ်ခု ဖန်တီးပေးနိုင်တဲ့ ပညာရှင်တစ်ဦး ပေါ်ပေါက်လာခဲ့လျှင် ဘယ်လောက်များကောင်းမှာလဲဗျာလို့ ကျွန်တော် တွေးနေခဲ့မိပါတယ်။
A-4

Sort:  

wow. a very good post
WhatsApp Image 2018-01-03 at 12.54.22.jpeg

တန်ဖိုးသိဖို့ လိုအ်ပါတယ် good bro

Good post

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.078
BTC 62081.79
ETH 1631.74
USDT 1.00
SBD 0.40