ဘဝရဲ့ နိဒါန်း

in #myanmar8 years ago

IMG20180128095805.jpg

မင်္ဂလာပါ ကျွန်တော်နာမည် ဦးလေးကျော်စိုးပါ
အဖေနဲ့ရတဲ့ အမေ့သားပေါ့ ၊ မွေးနေ့ကတော့
အူဝဲလို့အော်တဲ့နေ့ကပါ ၊ ဇာတိ ချက်မြုတ်ကတော့ လှေကားခုံ အောက်ပါဘဲ ၊ ငယ်ငယ်တုန်းကတော့ ကလေးပါဘဲ ခုတော့ လူကြီးဖြစ်နေပါပြီ ၊
ဖြတ်သန်းခဲ့ရတဲ့ ဘဝကတော့ အစုံပါပဲ ရယ်တစ်ခါ ငိုတစ်လည့်ပေါ့ ၊ သူစိမ်းဆန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူတစ်ယောက်ပါ ၊ မျော်လင့်မထားပဲ
အဖေရယ်အမေရယ် လောကကြီးကနေ အပြီးအပိုင်
ထွက်ခွါသွားချိန်မှာတော့ ၊ ကျွန်တော်တို့ ဘဝတွေ
လောကကြီးကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရပါတယ်၊
အဖေအမေ မရှိတော့ အမိမဲ့သား မျက်နှာမွဲပေါ့ဗျာ၊
လူတချို့ရဲ့စကားလုံးတွေက ကျွန်တော်တို့ အတွက်
အားဆေးတစ်ခွက်ဖြစ်ခဲ့ရပါတယ်၊ ကျွန်တော် ငယ်ငယ်ကဆို သူငယ်ချင်း များများမရှိဘူး၊
တစ်ယောက်ထဲ နေခဲ့ရတဲ့ ရက်လနှစ်ပေါင်း များစွာရှိခဲ့ပါတယ်၊ အမေ မွေးထားတာ တစ်ယောက်ထဲ
ဆိုတဲ့ စိတ်ကလေးနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့ရတယ် ၊ ရှေ့ဆက် လျောက်လှမ်းမယ့်
ဘဝခရီး အတွက် အားသစ်မွေးရင်းပေါ့ ၊
လူဆိုတာ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာ မှန်ပေမယ့် ၊ အသက်ရှုတာခြင်း မတူဘူး တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ ကွဲလွဲကြတယ်၊ ကျွန်တော် အတွက်တော့ တစ်နေ့ကျရင်
ဒီလူတွေရဲ့ နုတ်ဖျားကလွတ်အောင် ရုန်းထွက်နိုင်ရမယ်ဆိုတာပဲ ၊ ဒီလိုနဲ့ နှစ်တွေလည်းကြာခဲ့ပါပြီ ၊ အခုတော့ သူတို့ဘာမှ မပြောနိုင်တော့ပါဘူး ဒါဟာ လူတစ်ယောက်ရဲ့
ကြိုးစားမှု့တွေပါ ၊ ဒါပေမယ့် ပြည့်စုံတဲ့ ဘဝ တစ်ခုတော့
မရရှိသေးပါဘူး ကြိုးစားနေဆဲပါ ၊ အဖိုးကပြောတယ်တယ် လူဖြစ်လာရင် လူပီသရမယ် ၊
ဒီစကားလေးက တကယ်မှန်ပါတယ် ၊
လူတစ်ယောက်မှာ အားငယ်နေဖို့ အချိန်မရှိပါဘူး
ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာ စဉ်းစားချိန်ရှိပါတယ်၊
ကျွန်တော်ကတော့ လူငယ်ပီပီ ဖြစ်လာမယ့်ဘေး
ပြေးတွေ့လိုက်ချင်ပါတယ် ၊ ဒါပေမယ့် လမ်းကြောင်းမှန်ဖို့ အရေးကြီးပါတယ် ၊
အဓိကတော့ အုတ်ထိန်းသူ(သို့)ဆရာ တစ်ယောက်တော့ လိုအပ်ပါတယ်၊
အခုခေတ် ပိုဆိုးပါတယ် လမ်းကြောင်းမှားရင်
လမ်းဆုံးပါပြီး ၊ ကျွန်တော့ ဘဝရဲ့ ပဲ့ကိုင်ရှင်တွေကတော့ အဖိုးနဲ့အဖွါးပါပဲ ၊
အခု လက်ရှိလည်း အဖိုးအဖွါးနဲ့နေပါတယ်
အကို တစ်ယောက် အစ်မ တစ်ယောက်ရှိပါတယ် ၊
ပျော်ရွှင်စရာ မိသားစု ဘဝလေးမှာပဲ ထာဝရ ပျော်ရွှင်နေတဲ့ ကျွန်တော် မောင်ပေါချာ။

အားလုံးကို ခင်မင်လျက်ပါ

@pawchar
စာရေးဆရာ မောင်ပေါချာ

Sort:  

Congratulations @pawchar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard Ranking update - A better rich list comparator
Vote for @Steemitboard as a witness to get one more award and increased upvotes!

resteemed

Hello, I'm Oatmeal Joey, and you are cool.

မိတျဆှေမင်္ဂလာပါ, သင် steemit မှကြိုဆိုကြသည်။ သင်သည်သင်၏အတိတ်စိန်ခေါ်မှုများမေ့လျော့ကူညီဖို့ဒီနေရာမှာသိပ်ချစ်ခြင်းမေတ္တာရှိပါသည်။ ကိုယ့်ရဲ့အကောင်းဆုံးလုပ်နေစောင့်ရှောက်ခြင်းနှင့်ပေးပါ့မယ်, သင်ထိပ်ရပါလိမ့်မယ်။

ကွိုဆို

Welcome pawchar !!!
So glad you started posting and joined steemit ! Can't wait to read more from you.

ကြိုဆိုပါတယ် ပေါချာလေး ဖျားဖျား မနည်းစည်းရုံး ရတယ်

လဖက်ရည်တိုက်ပြီးပေါ့ ဟုလား

wellcome pawchar
shwegu

thaenk khayae

Congratulations @pawchar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61711.04
ETH 1599.17
USDT 1.00
SBD 0.47