Palace Histoty in Bagan city

in #myanmar6 years ago (edited)

ပုဂံတွင် ကျွန်တ်ေသိသော အကြောင်းအရာများကိုအရင်အပတ်က ဖော်ပြခဲ့သည်.ယခုလည်း ကျွန်တော်သိသော စိတ်ဝင်စားစရာကောင်းသောပုဂံအကြောင်းများကိုဖော်ပြပါမည်.ပုဂံမှာရှိသောရာဇဝင်များထဲမှ ကျွန်တော်စိတ်အဝင်စားဆုံး တူးဖော်လို့မရတဲ့ ပုဂံနန်းနော်အကြောင်းကိုပြောပြချင်ပါသည်.
image
Photo Credit#Google image

ပုဂံတွင်ကျွန်တော်တို့မမွေးဖွားမီကထဲက ထူးဆန်းပီးအရမ်းစိတ်ဝင်စားစရာကောင်းသော အကြောင်းအရာမျာစွာရှိလေသည်.ပုဂံတွင်ရှေးဘုရင်တွေလက်ထက်ကတည်ထားခဲ့သော ပုဂံနန်းတော်သည် ယခုတိုင်တည်ရှိပါသည်.ယခု ပုဂံတွင်တည်ဆောက်ထားသော နန်းတော်သည် ယခုခေတ်လက်ရာများဖြင့်သာတည်ဆောက်ထားသောနန်းတော်ဖြစ်ပါသည်.
image
Photo credit #Google image

ဒါပေမဲ့ ရှေးဘုရင်တွေလက်ထက်ကတည်ထားခဲ့သော နန်းတော်သည် ယခုထိပင်ရှိပါသေးသည်.ဒါပေမဲ့ မေးစရာတစ်ခုရှိပါသည်.
ဒါဆိုရင် "အဲ့ဒီ ဘုရင်တွေလက်ထက်ကနန်းတော်ရှိပါလျက် ဘာကြောင့် သူ့ကိုမတူးဖော်ရသလဲဟု" မေးလျင်ရပါသည်.ဟုတ်ပါတယ်.စာရေးသူကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းကိုအရမ်းစိတ်ဝင်စားပါသည်.ဘာလို့အဲ့ဒီဘုရင့်လက်ထက်က နန်းမြို့ရိုးကို မတူးဖော်ရတဲ့အကြောင်းအရင်းရှိပါသည်.အဲ့ဒီနန်းမြို့ရိုးကိုတူးဖော်ဖို့ တာဝန်ရှိတဲ့လူကြီးများမှ အကြိမ်ကြိမ်ကြိုးစားခဲ့ပါသေးသည်.ခဏခဏတူးဖော်ရန်ကြိုးစားပေမဲ့ဘယ်လိုမှမအောင်မြင်တာကြောင့် နောက်ဆုံးလက်လျှော့ပီး မတူးဖော်ပဲ သူနဲ့ဆင်သည့် ယခုခေတ်လက်ရာဖြင့်သာတခြားနေရာမှာတည်ဆောက်ခဲ့ပါသည်.အဲ့ဒီ ဘုရင့်လက်ထပ်ကနန်းမြို့ရိုးကို တူးဖော်လို့မရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်ပုဂံမင်းဆက်များက
သူတို့ကျိမ်ဆိုခဲ့သော ကျိမ်စာကြောင့်ပင်ထင်သည်.သူတို့ခေါတ်က ဘုရင်တွေသည် သစ္စာဆိုထားသောကြောင့်ပင် စာရေးသူကျွန်တော်ကိုယ်တိုင်လည်းထင်မိသည်.သူတို့ခေါတ်ကဘုရင်တွေရဲ့ ဘုန်းကံသည်.အလွန်အမင်း ကြီးသာကြောင့် ယခုခေတ်အထိပင်ဆူးနေတာဖြစ်နိုင်သည်.ဘုရင့်လက်ထက်က နန်းတော်သည် ကျွန်တော်တို့ခေါတ်ကိုရောက်တော့ ရာသီဥတုအမျိုးမျိုးကြောင့် အချနိတွေကြာလာပီး နန်းတော်တစ်ခုလုံးမြေပေါ်တွင်မရှိတော့ပါ.မြေပေါ်တွင် နန်းတော်ရဲ့မြို့ရိုးအပိုင်းများသာပေါ်နေသည်.
image

ထိုမြို့ရိုးကို ဖော်ရန်ကြိုးစားတုန်းကမြေကော်စက်ကြီးနဲ့တစ်ခါကော်လိုက်တိုင်း ခွက်ထဲတွင် မြွေဆိုးများအကောင် ၅၀လောက် တစ်ခါကော်တိုင်းပါလာသည်.နောက်ဆုံးတွင် မြေကော်စက်မောင်းတဲ့သူ နဲနဲပင်ကြောင်သွားသည်ဟုသိရသည်.ဒါဟာလည်း ရှေးပုဂံကိုတည်ထောင်ခဲ့သော ဘုရင်များ၏ကျိန်စာကြောင့်ပင်ဖြစ်လိမ့်မည်.ကန်တော့ပွဲများနှင့်တောင်းပန်ပီးထပ်ခါထပ်ခါတူးဖော်သော်လည်း မအောင်မြင်ပေ.ထိုသို့ နည်းလမ်းပေါင်းစုံနှင့် ပုဂံနန်းတော်ကိုတူးဖော်ရန်ကြိုးစားသော်လည်း အနှောင့်အယှက်အခက်အခဲ များစွာဖြစ်ပေါ်သောကြောင့် ရှေ့ဆက်ပီးမတူးရဲတော့ပဲဒီအတိုင်းသာထားခဲ့ရသည်.
imageဒါပေမဲ့ ရှေးခေတ်လက်ရာများကိုပျက်စီးမည်ဆိုးသောကြောင့် မြေပေါ်တွင်ပေါ်နေသော နန်းမြို့ရိုးများအပေါ်တွင် အမိုးများတောက်လျောက်ဆောက်ထားကာ
ခြံဝင်းသာခတ်ထားခဲ့သည်.ဆက်ပီးတော့တူးဖော်ရန်မဖြစ်နိုင်တာ့၍ယနေ့ချိန်ထိ ဒီတိုင်းသာထားရှိခဲ့ရသည်.ထိုခတ်ထားသောခြံအတွင်းသို့လည်း မည်သူမျှ ဝင်ရောက်ခွင့်မပြုပေ.ယခုဆောက်ထားသောနန်းတော်သည် ယခင်ပုဂံခေတ်ကနန်းတော်ကိုပြင်ဆောက်ထားခြင်းမဟုတ်ပါ.ဘုရားဖူးများလေ့လာကြည့်ရူနိုင်ရန်အတွက်သာ ယခုခေတ်လက်ရာဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်.
image
Photo credit #Google image
စာရေးသူကျွန်နော်ကိုယ်တိုင်ပင် ထိုတူးဖော်ခွင့်မရသော နန်းမြို့ရိုးနေရာကို အနီးကပ်ကြည့်ရူပီး လေ့လာချင်မိသည်.ဝင်ရောက်ခွင့်မပြုခဲ့၍သာ ခြံအပြင်ဘက်မှပဲကြည့်ခဲ့ရသည်.
စိတ်ထဲတွင်တော့ခြံဝန်းအတွင်းထဲကိုကြည့်ရင်းတွေးမိလိုက်ပါသည်.လွန်လဲ့သောအချိန်တွေက ဒီထဲမှာကျွန်တော်တို့တိတိကျကျမသိသောအကြောင်းအရာများစွာရှိနေလိမ့်မည်ဟု တွေးမိရင်းစိတ်ထဲမှာလည်း တစ်ခုခုကိုလွမ်းဆွတ်သလိုခံစားမိလိုက်ပါသည်...

ြိကိုးစားပါအုံးမည်.
Steemitမှ သင်ဆရာ/မြင်ဆရာအားလုံးကို ဦးထိပ်ပန်ဆင်လျှက်
Author@patrickshar
MSC-174
2.1.2018(9.00 AM)

Sort:  

အရမ်းကောင်းပါတယ်။

ကျေးဇူးပါ ကိုညီ

😁😁😁😁

တခါလောက်တော့ အနီး ရောက်အောင် သွားပြီးလေ့လာချင် လိုက်တာ။

လ့လာအစ်ကိုရေ အဲ့ဒီနားကိုရောက်ရင် တစ်ခုခုကိုလွမ်းသလိုခံစားရတယ်
အရင်တုန်းက ဒီနန်းတော်ကြီးထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေအများကြီးဖြစ်ခဲ့မှာပဲဆိုပီး.

Good post for Myanmar history.
@shwebote
HFS B17

ခုလို ​ဗဟုသုတရစရာ​လေး​တွေ​နောက်​လဲ ​ရေး​ပေးပါအုံး

Yes bro.thanks.

နဂိုကတည်းက ပုဂံသွားချင်ပါတယ်ဆိုမှ အခုတော့ပိုပြီးသွားချင်လာပြီ အစ်ကိုရယ်

ရောက်အောင်သွားပါ.လေ့လာစရာတွေအမျာကြီးပါ.

Calling @originalworks :)
img credz: pixabay.com
Nice, you got a 72.0% @whalepunk christmas upgoat, thanks to @ptcmyanmar
Want a christmas boost? Minnowbooster's got your back!

Nice support.Thanks.

အခုတော့ မြွေမရှိတော့ဘူးပေါ့

ဆက်မဖော်ရဲတော့လို့ ဒီတိုင်းပဲထားတာအစ်ကို

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69735.97
ETH 3533.64
USDT 1.00
SBD 4.72