Disadvantages of alcohols

in #myanmar7 years ago (edited)

image

ကျွန်တော်တို့ လူမူပတ်ဝန်းကျင်တွင်တွေ့နေရသော အရာတစ်ခုမှာ ယနေ့ခေါတ်အနေအထားနှင့်ကြည့်မယ်ဆိုလျင် လူကြီး လူငယ်မရွှေးသောက်စားနေကြသောအရက်သေစာပင်ဖြစ်သည်.လွန်ခဲ့သောနှစ်တွေက အရက်သေစာကို လူကြီးအရွယ်တွေသာသောက်ကြပေမဲ့ တဖြည်းဖြည်းခေါတ်ကာလတွေပြောင်းလဲလာပီး လူငယ်တွေပင် သောက်သုံးလာကြသည်.ဒီလိုအရာတွေဟာတစ်ချို့သူများတွေအမြင်တော့ အနောက်တိုင်းယဉ်ကျေးမူတွေကိုအတုယူပီး ခေတ်ကာလာ တိုးတက်လာသည်.တစ်နည်းအားဖြင့် လူငယ်တွေပြောနေကြနေသာ ခေါတ်မှီသည် ဆိုခြင်းပင်ဖြစ်သည်.တကယ်တော့ အရက်သေစာကို လူကြီးလူငယ်မရွှေးသောက်ကြခြင်းသည် ခေတ်မှီခြင်းမဟုတ်ဘဲ ခေတ်ပျက်လာခြင်းသာဖြစ်ပေသည်.
image
image
ကျွန်တော်တို့အဘိုးတွေလက်ထက်ကဆိုလျှင်အရက်ကိုသောက်သုံးတဲ့သူထက် မသောက်ဘဲနေသူတွေကသာအများကြီးရှိပေလိမ့်မည်.ဒါပေမဲ့ခေတ်ကာလပြောင်းလဲလာပီး ကျွန်တော်တို့မိဘတွေလက်ထပ်တွင်တော့ အရက်ကို လူကြီးပိုင်းတွေလောက် သောက်သုံးလာကြသည်.ယခုကျွန်တော်တို့ခေတ်တွင်တော့အရက်ကို ခေါ်င်းစဉ်အမျိုးမျိုးတက်ပီး လူကြီး လူငယ်မရွေးသောက်သုံးနေကြတော့သည်.တစ်ချို့လူငယ်တွေကလည်း အရက်ကိုစပီး လူငယ်သဘာဝ စမ်းသက်ချင်တဲ့သဘောကနေ နောက်ဆုံးတဖြည်းဖြည်းနဲ့အရက်၏ကျေးကျွန်ဖြစ်လာကာ အရက်သမားလုံးလုံးပင်ဖြစ်သွားတဲ့သူတွေတပုံကြီးပင်.အသက်အရွယ်လေး ၁၆နှစ်လောက်နဲ့အရက်ကိုအရက်သမားကြီးစတိုင် သောက်စားပီးပျက်စီးနေသော လူငယ်များလည်း ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဒုနဲ့ဒေးပင်.အရက်ကိုလုံးဝမသောက်ရဘူးတော့မဟုတ်ပေ.လူမူ့ရေးအရသော်လည်းကောင်း/စီးပွားရေးအရသော်လည်းကောင်းတစ်ခါတစ်ရံတော့ သောက်ရတဲ့အခိုက်အတန့်တွေလည်းရှိတတ်ပါသည်.တစ်ချို့စီးပွားရေးအရ အလုပ်ကိစ္စ ပီးလို့ မိတ်ဖြစ်ဆွေဖြစ်သောက်ခြင်းဟာလည်းတစ်ခါတစ်ရံတော့ ရင်နှီးမူတွေပိုမိုရှိပီး
ကောင်းတည်ဘက်သို့ဦးတည်တတ်ပါသည်.ဒါပေမဲ့ အမြဲတမ်းတော့မဆိုလိုပါ.ကျွန်တော်တို့ပတ်ဝန်းကျင်တွင် အရက်ကလေးတစ်မျှမျှလုပ်ပီးလက်ကြောမတင်းဘဲ အလေလိုက်နေသောလူငယ်များလည်း ဒုနဲ့ဒေးပင်တွေ့မြင်နိုင်သည်.လူငယ်သဘာဝ အရာရာကိုစမ်းသပ်ချင်လိုစိတ်ရှိသည်.အရက်ကိုလည်းအစကတော့လက်တည့်စမ်းရင်းနဲ့တဖြည်းဖြည်းနဲ့စွဲလာပီးနောက်ဆုံးတွင်အရက်၏ကျေးကျွန်ပင်ဖြစ်လာတော့သည်.ဒုစရိုက်မူ ဖြစ်ပေါ်နေသော အမူ 100လောက်တွင် အရက်သေစာသောက်စားပီး ကျူးလွန်ကြသောအမူများက 70%လောက်အနဲဆုံးရှိပေလိမ့်မည်.
image
image
ယခုရက်ပိုင်းအတွင်းမှ လူမူကွန်ယက်ပေါ်တွက်တက်လာသောသတင်းတစ်ရက်ကလည်းတော်တော်လေးကို စိတ်မကောင်းဖြစ်ပီး ကိုယ်နဲ့ဆွေမျိုးသားချင်းမတော်စပ်ပဲနှင့်ကိုစိတ်မကောင်းဖြစ်ခဲ့ရသည်.ထိုသတင်းမှာ လူတွေကို ပျော်ရွှင်အောင် ဟာသာဗီဒီရို ဖိုင်များတင်ပီးလူသိများလာသော facebook celeတစ်ယောက် အသတ်ခံလိုက်ရခြင်းဖြစ်သည်.ထိုလူသတ်မူမှာလည်း အရက်သေစာကို အလွန်အကျွန်သောက်စားပီး ကျုးလွန်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု စာရေးသူကျွန်တော်ထင်မိပါသည်.ဘာမှမသောက်စားဘဲ လူကောင်းဆိုလျင်တော့ ဒီလောက်ထိ လုပ်လိမ့်မည်အထင်ပေ.ဤသည်ကားအရက်၏ဆိုးကျိုးသားဖြစ်ပေသည်.ဘာမှမလုပ်ရဲသောလူကောင်းတစ်ယောက်ဖြစ်နေပင်လျှင်တောင် အရက်သေစာအလွန်အကျွန်သောက်စားထားပါက ဆင်ခြင်တုံတရာများ ကင်းမဲ့ကာ စရိုက်ဆန်သောလုပ်ရပ်များကိုလုပ်ရန် စိတ်ရိုင်းများအလိုလိုဝင်ရောက်လာပေသည်.ဒီလိုသတင်းတွေကြားရတော့စာရေးသူကျွန်တော်ထင်မိလိုက်သည်.ကျွန်တော်တို့လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အရက်ဆိုတဲ့အရာ မရှိခဲ့လျှင် ရာဇဝတ်မူတော်တော်များများ ဖြစ်လာနိုင်မည်မဟုတ်သောကြောင့် အရက်ကိုတီထွင်ခဲ့သောသူကိုပင် မဆီမဆိုင် အပြစ်တင်မိလိုက်သည်.ဘယ်အရာဘဲဖြစ်ဖြစ် ရှေးလူကြီးတွေပြောသောစကားတစ်ခုကိုသတိရမိသည်.
"တန်ဆေး"
"လွန်ဘေး"တဲ့.
ဟုတ်ပါသည်.သင့်တင့်ရုံသာသောက်သုံးလျှင်တော့ဘေးမဖြစ်နိုင်ပေ.အလွန်အကျွန်သောက်သုံးပါကကောင်းကျိုးထက် ဘေးအန္တရာယ်ဆုးကျိုးဖြစ်လာနိုင်ဖို့ကပိုများပေလိမ့်မည်.
ကျွန်တော်ဖြစ်စေချင်သည်ကအရက်ဝိုင်းတစ်ခုတွင်
" ငါ့ကိုတိုက်ပါအုံး" လို့ပြောနေရခြင်းထက်.ထိုအရက်ဝိုင်းတွင်ရှိနေသောလူများက ကိုယ့်ကို ကမ်းလှမ်းပီး
"ဂုဏ်ပြုပေးပါအုံးသူငယ်ချင်း"
"လာပါ"
စသဖြင့်ကမ်းလှမ်းပီးအခေါ်ခံရသောအနေအထားတစ်ခုကိုဖြစ်စေချင်မိသည်.ဤသည်ကလည်းမိမိကိုယ်တိုင် မိမိသိက္ခာတစ်ရားကိုစောင့်ထိန်းမှရပေလိမ့်မည်.အမြဲတမ်းစည်းကမ်းမရှိသောက်စား ကိုယ့်သိက္ခာ ကိုမြောင်းထဲအကျခံပီး အရက်သမားဘဝရောက်နေရင်တော့ "ငါ့ကိုတိုက်ပါအုံး"ဆိုတဲ့ဘဝကိုသာရောက်ပေလိမ့်မည်.အရက်ကိုလုံးဝမသောက်ရဘူးတော့ဆိုလို လို့မရပေ.တစ်ချို့ကိစ္စများတွင်ကျ အရက်လေးနဲ့မှ ရင်းနှီးမူတွေတိုးပွားပီး မဖြစ်မနေသောက်ရသောအခါများလည်းရှိတတ်သည်.အရက်ဆိုသည်မှာ သောက်ပီးတာနဲ့ပီးသွားမည်မဟုတ်ပေ.သောက်ပီးတဲ့နောက်ပိုင်းဖြစ်လာမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ဆိုးကျိုးတွေက အများကြီးရှိနေသည်.အရက်မူးပီးကျူးလွန်ထားသောပစ်မူများကြောင့်အမူးပြေသွားတဲ့အခါမှနောင်တာရတာမျိုးကိုလည်းမဖြစ်စေချင်ပေ.
image

ထို့ကြောင့် ကောင်းကျိုးထက် မူးပီးဖြစ်လာမဲ့ဆိုးကျိုးကပိုများသည်မို့အတတ်နိုင်ဆုံးရှောင်ကြည်ပီး မလွဲသာလို့ဖြစ်ဖြစ် တခြားအကြောင်းအရာတစ်ခုကြောင့်ဖြစ်ဖြစ်သောက်မည်ဆိုလျှင်လည်း သိက္ခာရှိရှိ အသိကိုသတိနဲ့ထိမ်းပီးသောက်ကြပါစေလို့တိုက်တွန်းရင်း ကမ္ဘာပေါ်မှာငြိမ်းငြိမ်းချမ်းချမ်းသာယာတဲ့မြင်ကွင်း တွေ သာယာတဲ့သတင်းတွေပဲမြင်ရ ကြားရပါစေလို့တောင်းဆုပြုရင်း
image
Steemit Platformပေါ်မှ
ဆရာသမား အစ်ကို အစ်မများကိုးဦးထိပ်ထားလျှက်
ဆက်ပါအုံးမည်...........
MSC-174
Author @patrickshar

Sort:  

ငယ်ငယ်တုန်းကတော့ အရက် ဘီယာလေးများ
သောက်ရမယ်ဆိုရင် ပျော်နေတာဗျ ။ အခုတော့
အဲ့လောက်မဟုတ်တော့ပါဘူးဗျာ ။ရှောင်နိုင်ရင်
အကောင်းဆုံးပါ။ Nice Post ပါဗျာ။

ဟုတ်တယ်အစ်ကိုရေ.
ရှောင်နိုင်တော့အကောင်းဆုံးပဲပေါ့.သောက်မိရင်လည်း အသိလေးနဲ့ထိန်းသောက်သင့်တယ်.

မူးယစ်စေသော အရာမှန်သမျှ ဘယ်အရာကိုမှ မမှီဝဲတာ အကောင်းဆုံးပါ အရေးသားကောင်းမွန်တဲ့အတွက် နောင်ကိုလည်း အားပေးနေမယ်နော် အောင်မြင်ပါစေညီ........

ဟုတ်ကဲ့ပါအစ်ကိုရေ.
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.

သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

Wowww.Great bro.

တန်ဆေး လွန်ဘေး ပါ တခါတလေ ကျန်မာရေး အတွက် သောက်တာ ဘာမှမဖြစ် ပေမဲ့ အမြဲတမ်း မှီဝဲ ရင်တော့ ကျန်မာရေးအတွက် ထိခိုက်နိုင်ပါတယ်။

ဟုတ်ပါတယ်အစ်ု.

ပညာပေးလေးပေါ့အစ်ကို

ဟုတ်ပါတယ်အစ်ကို

ကျွှန်တော်တော့ သူများကို မသောက်နဲ့ပြောတဲ့နေ့ ကိုယ် အဲ့ဒီဆိုင်တွေရောက်တာပါဘဲ

Lol 😂😂
သောက်တော့သောက် broရေ
တစ်ခါတရံတော့ကောင်းပါတယ်.လူငယ်ဆိုတော့အသောက်အစားနဲနဲတော့ရှိမှာပေါ့.ဒါပေမဲ့ သတိလေးနဲ့တော့ထိန်းသောက်ဖို့တိုက်တွန်းချင်ပါတယ်.

ရှောင်​နိုင်​ရင်​အ​ကောင်းဆုံးပါ

ဟုတ်ပါတယ်အစ်ကို.

ဗဟုသုတအများကြီးရပါတယ် ကျေးဇူးပါဗျအကို

ဟုတ်ကဲ့ပါအစ်ကို

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58320.47
ETH 2367.43
USDT 1.00
SBD 2.45