ချစ်စရာကောင်းတဲ့ ဒီမြို့

in #myanmar8 years ago (edited)

image
တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ဘဲ့
ဒီမြို့လေးရဲ့ ပင်ကိုယ်ဟန်
တွေးကြည့်မိပြန်

မနက်မှာ ဆောင်း
နေ့လည်မှာ နွေ
ညအချိန်မှာ မိုး
ရာသီဥတု သုံမျိုး
တစ်နေ့တည်းမှာ
ခံစားရစေမှာ
ဒီမြို့လေး

ဟန်ဆောင်ကာ မူမပိုတတ်တဲ့
ဒီမြို့လေးက စကားသံက ဝဲတဲတဲ
ဖော်ရွေပြန်သေး

ငတ်ရင် ဝင်စား
အားရပါရ ခေါ်ပြန်သေး
ချစ်စရာကောင်းတဲ့ ဒီမြို့လေး. .

ရေပတ်လည်က ဝန်းရံထားသေး
ရေတွေ လျှံ မတက်စေဖို့
တောင်တော်မြတ် 'ပထော်' က
စောင့်ရှောက်ထားသေး
အဲဒါက ချစ်စရာကောင်းတဲ့
မြိတ် သို့မဟုတ် ဘိတ်လို့ ခေါ်တဲ့
ဒီမြို့လေး. . .

စာကြွင်း ငတ်ရင်(မြိတ်ဒေသိယစကား) - စားချင်လျှင်
image
image
Author - pannthiri
Myanmar steemit

Sort:  

စောင့်ရှောက် နဲ့ စောက်ရှောက် စကားလုံးလေး လွဲနေပါတယ်လို့

ဟုတ်ကဲ့ပါ ပြင်လိုက်ပါမယ် ရှင့်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 63823.94
ETH 1891.42
USDT 1.00
SBD 0.37