သုံးသပ်ဆင်ခြင်ရင်းရေးသော စာတစ်ပုဒ်

in #myanmar6 years ago (edited)

image
ဒီနေ့ ကိစ္စ ဒီနေ့အပြီးသတ်ဖို့ အရေးကြီးပါတယ်။
မနက်ဖြန်ဆိုတာ မသေချာတဲ့ နေ့ရက်ပေမို့ မည်သည့်ကိစ္စမှ
အချိန်ဆွဲရင်းနဲ့ အချိန်မဖြုန်းသင့်ပါဘူး။
နောက်ဘဝဆိုတာ ချက်ချင်းကူးပြောင်းသွားနိုင်ပါတယ်။
ခန္ဓာကို သတိနဲ့ကပ်လို့စိတ်တစ်လုံးနိုင်အောင် ကျင့်ကြံအားထုတ်လို့
အသိ သတိမြဲမြံအောင် ကြိုးစားအားထုတ်ရမယ်။ ။

ဒေါသတည်း ဟူသောစိတ်
လောဘတည်း ဟူသောစိတ်
ဒီလိုစိတ်တစ်လုံးနဲ့ အသက်ပျောက်သွားခဲ့ရင်
အပယ်ဆိုတဲ့ တံခါးက ဖွင့်လျက်နဲ့ကြိုနေပေလိမ့်မယ်။

အပယ်တံခါး ပိတ်လျက်ဖြစ်အောင် ကြိုးစားရှုမှတ်လို့ ဝိပဿ နာ ကို
ပွားများ အားထုတ်ဖို့ နေ့တိုင်းကြိုးစားရမယ်။ ။

ကိစ္စတွေများလွန်းလှတဲ့ ဒီလူ့ဘောင်လောကကြီးမှာ
နေ့တိုင်းရှိနေတဲ့ ဝတ္တရာတွေ ကြားကပဲ့ အချိန်တစ်နာရီလောက်
ကိုယ့်ရဲ့ ခန္ဓာကို အသေတတ်ဖို့လေ့ကျင့်ဖို့ အချိန်ပေးကိုပေးနိုင်ရမယ်။

မည်သည့်နေရာ မည့်သည့်အချိန်မှာ ကိုယ့်ခန္ဓာဟာ အသက်ဝိဥာဉ်မဲ့သွားမှာဆိုတာ မှန်းဆလို့ မရနိုင်ပါဘူး။ သေခြင်းတရားက အချိန်နှင့်နေရာ
မရွေးတတ်တာမို့ ဥာဏ်ဦးအောင် ကိုယ်က ပြင်ဆင်ထားပေမှ
တော်ကာကျပေလိမ့်မယ်။

တစ်နေ့ထက် တစ်နေ့ စွန့်လွှတ်ရဖို့အချိန်က ကုန်လာလေတော့
မာနတွေလျော့ ဒေါသကို အပြတ်နှိမ်နှင်း တဏှာကို အသေသတ်နိုင်ဖို့
အားထုတ်ရမှာက ကိုယ့်ရဲ့တာဝန်ပေပဲ့။

မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ရင်း ရေးဖြစ်ခဲ့တဲ့ စာတစ်ပုဒ်
image
Author - pannthiri
myanmar steemit

Sort:  

ဟုတယ်နောက်နေ့ဆိုတာမသေချာပါဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by pannthiri from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a $75.56 % upvote from @siditech thanks to: @pannthiri.
Here's a banana! banana-small.png

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65133.17
ETH 3480.37
USDT 1.00
SBD 2.52