ထီပေါက်ခဲ့လျှင်

in #myanmar8 years ago (edited)

image
အောင်ဘာလေ သိန်းတစ်သောင်းဆုရဲ့အကြိမ်ရေကတော့ 12 ကြိမ်မြောက်သို့ရောက်ရှိလာခဲ့ပါပြီ. . . ကံအားလျော်စွာလမ်းမှားလို့ ဆုအသေးဆုံး ငါးသောင်ဆုလေးတောင် မဝင်ခဲ့ဖူးပါ။
ထီပေါက်ခဲ့လျှင်ဆိုသည့် ခေါင်းစဉ်အောက်မှာစိတ်ကူးတွေနဲ့ ရွက်လွှင့်၊ လေထဲလည်း တိုက်အိမ်တွေ ဆောက်ခဲ့ဖူးတဲ့ ကျွန်မရဲ့ စိတ်ကူးလေးတွေနဲ့ တဒင်္ဂလေး သာယာခဲ့ဖူးပါတယ်။
သိန်းတစ်သောင်းသာ ပေါက်ခဲ့လျှင် ပထမဦးစွာ
ကျွန်မရဲ့ မွေးဖခင် မိခင်တို့ကို ခိုင်ခန့်သော အိမ်တစ်ဆောင် ဆောက်ပေးပါမည်။ အဖေနှင့်အမေ လှူ ဒါန်းချင်သည့် နေရာများကို အနောက်က လိုက်လို့ လှူ ဒါန်းမှုပြုလုပ်ပေးပါမည်။ ကြည်နှုးစွာ ရေစက်သွန်းချ အမျှတမ်း ပေးဝေနေပုံကို စိတ်ကူးလေးနဲ့ကြည်နူးလိုက်ပါသည်။
ချစ်လှစွာသော တစ်ဦးတည်းသော အစ်ကို အား ရဟန်းဘောင်သို့ သွတ်သွင်းလို့ ရှင်ပြုမင်္ဂလာပွဲပြုလုပ်ပေးချင်သည်။ တစ်ဦးတည်းသော အစ်မကိုလည်း ရွှေ၊ ငွေ ဆင်ပေးချင်သည်။ ကျန်းမာရေးချူခြားသည့် အစ်မအား အကောင်းဆုံးသော အဆင့်မြင့်နေရာတွင် ဆေးကုသပေးချင်သည်။ ကျွန်မရဲ့ တူမလေး နှစ်ယောက်ကိုလည်း ပညာရေးအတွက် မပူပန်ရလေအောင် သူတို့နောက်ရေးအတွက် ဘဏ်တွင် စုငွေအပ်ပေးမည်။
ကျေးဇူးရှိခဲ့ဖူးသော ကျေးဇူးရှင်များကိုလည်း လိုက်လံ ကန်တော့မည်။ အသက်ရွယ်ကြီးရင့်ကာအိုမင်းမစွမ်းသော ကျွန်မရဲ့ ဆရာ ဆရာမ များကိုလည်း ကန်တော့ကာ ကြည့်ရှုစောင့်ရှောက်မည်။
အဆင်မပြေကြသော နှစ်ဖက်ဆွေးမျိုးများကိုလည်း လိုအပ်သည်များ ပြုလုပ်ပေးချင်သည်။
ထို့နောက် သာသနာတော် မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသော ရဟန်းသံဃာတော် နှင့် သီလရှင်များအား လည်ကောင်း၊ သံသရာမှလွှတ်မြောက်စေကြောင်း တရားအားထုတ်နေကြသော ယောဂီ လူပုဂ္ဂိုလ်အပေါင်းတို့အား လည်ကောင်း သွားရောက် လှူဒါန်းမည်။
ကံမကောင်း အကြောင်းမလှဘဲ အိုဇာတာ ကံမကောင်းရှာသော အဖိုးအဖွားများကိုလည်း တတ်အားသမျှ လိုက်လံကာ ကြည့်ရှုမည်။
နောက်ဆုံးမှာတော့ ချစ်သော သူငယ်ချင်းများနဲ့အတူ မြန်မာပြည်အတွင်းမရောက်ဖူးသေးသော ပြည်နယ်နှင့်တိုင်း (14) ခုလုံးသို့ ခရီးနှင်ပြီးနေရာစုံအောင် လျှောက်လည်ပါမည်။
ရင်ထဲတွင် ရည်မှန်းထားသော ရည်မှန်းချက်တစ်ခုကိုတော့ချရေးမပြတော့ပါ။
ဖြစ်ချင်သောဆန္ဒ နှင် ကျွန်မ စိတ်ကူးသို့ ထို သိန်းတစ်သောင်းသည် လိုက်နိုင်ပါ့မလား ဟု တွေးတောရင် ပြုံးမိခဲ့ပါသည်။

Author - pannthiri
myanmar steemit

Sort:  

Sneaky Ninja Attack! You have been defended with a 1.55% vote... I was summoned by @pannthiri! I have done their bidding and now I will vanish...Whoosh

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 64341.40
ETH 1825.11
USDT 1.00
SBD 0.38