ဘက်မမျှတဲ့ အတ္တ

in #myanmar8 years ago

သူတလူ ငါတစ်မင်းနဲ့
ကြီးစိုးနေကြတဲ့ ဒီလောက
အတ္တတွေလွှမ်းခြုံလို့
အနတ္တလမ်းဆုံထိ
ဆက်လျှောက်နိုင်မှာ မဟုတ်. . .

အမုန်းမီးတွေ တောက်လောင်အောင်
ဘက်မမျှတဲ့ လေစိမ်းတွေရဲ့
အသားပေးမှုကြောင့်
သားကောင်တွေ ချနင်းခံရတာ
အဆုံး မရှိအောင်ဘဲ့. .

မဟူရာ ညရဲ့
ရင်ကွဲတဲ့ သံစဉ်တချို့ကြောင့်
ကြယ်စင်များ လမင်းကြီးကို
ဝန်းရံဖို့ ကြောက်လန့်နေရှာ. . .

အပေါ်ယံ အရောင်တင်ဆီရဲ့
မာယာဆန်တဲ့ ဟန်ဆောင်ခြင်းကြောင့်
သိမ်မွေ့လှတဲ့ ချစ်ခြင်းရဲ့ ကာရံ
စစ်မှန်စွာ မပေါ်ထွက်နိုင်ရှာ. .

လူတချို့ရဲ့ လောဘဇောကြောင့်
လောကကြီးရဲ့ ကျိန်ဆဲဒဏ်ကို
မြေစာပင်တွေ ခမျာ ဒဏ်ခတ်ခံနေရရှာ. .
image
Author- pannthiri
myanmar steemit
photo credit - google image

Sort:  

အ​တွေးပွားရတယ်​ဗျာ
#အပေါ်ယံ အရောင်တင်ဆီရဲ့
မာယာဆန်တဲ့ ဟန်ဆောင်ခြင်းကြောင့်
သိမ်မွေ့လှတဲ့ ချစ်ခြင်းရဲ့ ကာရံ
စစ်မှန်စွာ မပေါ်ထွက်နိုင်ရှာ. .
အဲ့စာသား​လေးကြိုက်​တယ်​ဗျာ

ကျေးဇူးပါ ရှင်

စာသားတွေမိုက်တယ်

ကျေးဇူးပါရှင့်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 62707.26
ETH 1744.61
USDT 1.00
SBD 0.39