She is my sister

in #busy8 years ago (edited)

ဓာတ်ပုံတချို့ကို ကြည့်မိရင်း သူမအကြောင်းကို တွေးမိသွားခဲ့တယ် ။ သူမအတော်ရင့်ကျက် ပြောင်းလဲလာခဲ့ပြီ ။

ကိုယ့်အတွက်ရော မိသားစုအတွက်ပါ အမြဲပူပန်ပေးနေပေမယ့် အမြဲပြုံးနေတတ်သော သူမသည်ကား ကျနော့အမ ဖြစ်ပေသည် ။ အခက်အခဲများစွာ တွေ့လေလေ ပြုံးလေလေ သူ့ ပုံစံဟာ ဒီတခေါက်တော့ တကယ်ကို ပျော်နေတယ်လို့  ထင်ပါတယ် ။

received_876836549162863.jpeg

မတွေ့ရတာကြာပီဖြစ်သော ဆွေမျိုးများနှင့် တပျော်တပါးတွေ့ရပြီး နေပြည်တော်ဘုရားဖူးထွက်ရင်း သူမပျော်နေတဲ့ပုံတွေကြည့်ရင်း စာတပုဒ်အဖြစ် မှတ်တမ်းတင်ထားလိုက်မိတယ် ။

တချက်တချက် သူမအပြုံးတွေက ဖော်ဆောင်ရခက်တဲ့ အဓိပ္ပါယ်တွေရှိနေတတ်ပြီး သူ့ မျက်လုံးတွေက တခုခုဝမ်းနည်းနေတာကို ဖုံးဖိထားသလိုလို ရှိနေတယ်လို့ လဲ မြင်မိတယ် ။ တယောက်ထဲရုန်းကန်လာရတာ ပင်ပန်းရှာပေမည် ။

received_876835562496295.jpeg

မိသားစုအားလုံးကို တတ်နိုင်သလောက် လိုတာ ဖြည့်ဆည်းပေးချင်သော သူ့ ဆန္ဒကို နားလည်မိလာတယ် ။ သူမကို အနားယူစေပြီး တလှည့်ရှာဖွေပြုစုရန် စိတ်ကူးသာရှိပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်နိုင်သေးတော့ ကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်မိတယ် ။ ကျနော်နဲ့သူမကား မိုင်ပေါင်းထောင်ချီဝေးနေသည်လေ ။

သမီးတို့ ငယ်ပါသေးတယ် ။ စာကိုကြိုးစားပြီး ကျန်းမာပျော်ရွှင်စွာနေပေးရင် ကျေနပ်ပါပြီ လို့ မိသားစုကိုသူမပြောလေ့ရှိတဲ့စကားကိုလည်း သူမပုံတွေကြည့်ရင်းနဲ့ ကြားမိလာတယ် ။ မိသားစုအားတက်စေမယ့်စကားတွေအမြဲ ပြောလေ့ရှိတတ်သလို မိသားစုကိုလည်း သိပ်ချစ်တတ်သောသူမပါ ။

received_876836222496229.jpeg

ဆွေမျိုးများကို တတ်နိုင်သလောက်ကူညီတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း ခင်မင်တတ်သလို လက်လှမ်းမိသလောက် ကူညီပေးသူပါ ။ သူမရဲ့ မည်သည့်စိတ်ညစ်စရာမျိုးကိုမှ မသိစေအောင်ဖုံးထားတတ်သူဟာ ကျနော့အမ သူမ ပါ ။

သူမတယောက် ထာဝရပျော်ရွှင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ အသက်ရာကျော်ရှည်စေကြောင်း ဆုတောင်းရင်းဖြင့် သူမအား တတ်နိုင်သလောက် ပြုစုလုပ်ကျွေးမှု ပြန်လည်လုပ်ပေးဖို က ကျနော်တို့ တာဝန်သာ ။

received_876835845829600.jpeg

@paingheinkyaw

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 62610.99
ETH 1758.90
USDT 1.00
SBD 0.39