မကောင်းသောစကား

in #myanmar8 years ago

မကောင်းသောစကား image
မကောင်းသောစကားဟာ ချောပစ်ကုန်းတိုက် ရန်တိုက်ပေးတဲ့ စကားဖြစ်သည်။

မကောင်းသောစကားဟာ ဒေါသရှေ့ထားပြောစကား
ပြောသမျှမှားတဲ့ ဒေါသစကား ဖြစ်သည်။

မကောင်းသောစကားဟာ သူတစ်ပါးပူပန်း သောက ဗျာပါရ
ရောက်စေရန် ချေက်လှန့် သောစကား။

မကောင်းသေားစကားဟာ အငြင်းအခုံဝိပါဒစကား ဖြစ်သည်။

မကောင်းသောစကားဟာ မိုက်မိုက်မဲမဲ တွေတွေဝေဝေ
ပြောတဲ့စကားဖြစ်တယ်။

မကောင်းသောစကားဟာ အကျိုးမရှိ အနှစ်မရှိ
ယုတ္တိကင်းပြီး စွဲလမ်းမှုနဲ့  ပြောတဲ့စကားဖြစ်တယ်။

မကောင်းသောစကားဟာ နားမလည်ဘဲ မားလည်ဟန်
ဆောင်ပြောတဲ့ စကားဖြစ်တယ်။

မကောင်းသောစကားဟာကိုယ့်ကိုယ်ကို အကောင်းပြော
သူများကို နှိမ်ချတဲ့စကား ဖြစ်တယ်။
မကောင်းသောစကားဟာ မိမိအပေါ် ကျေးဇူးရှိသည်ကို
ကျေးဇူးမရှိလို့  ကျေးဇူးကန်းပြောတဲ့စကား။

မကောင်းသောစကားဟာ ကိုယ့်ထက် အသက်ဂုဏ်ဝါ
သိက္ခာကြီးမြတ်သူကို မရိုမသေပြောတာ
စော်ကားတဲ့စကားဖြစ်တယ်။

မကောင်းတဲ့စကားဟာ က်ုယ်မလိုက်လျောနိုင်တာကို
လိုက်လျောနိုင်ပါတယ်လို့ ညာပြောတဲ့စကား ဖြစ်တယ်။

မကောင်းတဲ့စကားဟာ ရိုးရိုးဖြောင့်ဖြောင့် လုပ်ကိုင်နေသူကို
မရိုးမဖြောင့်ဖြစ်လာအောင် ပြောတဲ့စကားဖြစ်တယ်။

မကောင်းတဲ့စကားဟာ ကိုယ့်ထက် သိရှိနားလည်တဲ့
လူတွေရှေ့မှာ မှားယွင်းချွတ်ချော်ပြောတဲ့စကားဖြစ်တယ်။

မကောင်းတဲ့စကားဟာ ဒုစရိုက်(၁၀)ပါးကို
လုပ်ကောင်းတယ်လို့ ပြောတဲ့စကား ဖြစ်တယ်။

မကောင်းသောစကားဟာ မိမိအကျိုးကိစ္စေ၇ှးရှုပြီး
သူတစ်ပါး အကျိုးကိစ္စကို ဥပေက္ခာပြုပြောတဲ့စကားဖြစ်တယ်

မကောင်းသောစကားဟာ အနန္တငါးပါးကို
ထိပါးပြစ်မှား ပြောတဲ့စကား ဖြစ်တယ်။

မကောင်းသောစကားဟာ ဘုရားဟော မဟုတ်တာကို
ဟုတ်တယ်လို့ ပြောတဲ့စကားဖြစ်တယ်။
ဒီလောက်ပါပဲဗျာ ရေးမယ်ဆိုရင် အများကြီးရှိနေပါသေတယ်
ကျွန်တော် ဒီလောက်နဲ့ ဘဲ မကောင်းတဲ့ စကား စကားစုလေးကို အဆံ့းသက်လိုက်ပါတယ်ဗျာ။
အားလုံးရဲ့ရင်ထဲမှာ အသိတစ်ခုလောက်ရစေခြင်းဖြင့်
ကျွန်တော်ကျေနပ်ပါတယ်ဗျာ အားလုံးကို
ကျေးဇူးတင်ပါတယ် ကျွန်တော် မိုးဝင်း...
@oolay
Photo_Facebook

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 64149.04
ETH 1680.47
USDT 1.00
SBD 0.41