အဖေအကြောင်းလေပါ

in #myanmar8 years ago

နောက်ကွယ်ကပဲ့ကိုင်ရှင်
အားလုံးကိုမင်္ဂလာပါဗျာ ကျွန်တော်အခု အဖေအကြောင်းလေး
ရေးချင်လာတာနဲ့ အခုလိုဘဲ ရေးသားလိုက်ပါတယ်ဗျာ
အမှားပါရင်လည်း ခွင်လွတ်ပေးကြပါဗျား။
ကျွန်တော်ရဲ့ အတွေးစာစုအမည်ကိုတော့
နောက်ကွယ်ကပဲ့ကိုင်ရှင် လို့ ကျွန်တော်ပေးထားပါတယ်။

နောက်ကွယ်ကပဲ့ကိုင်ရှင်
အဖေ ဆိုတာသူများတွေအတွက် ဘယ်လိုသတ်မှတ်ထားမှန်း
မသိပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အဖေက တာဝန်မဲ့သူ
တစ်ယောက်လို့ ကျွန်တော်ထင်မိခဲ့တယ်ဗျာ။
မိသားစုအပေါ်ကိုလည်းချစ်ခင်ကြင်နာမှု မရှိခဲ့ဘူးလို့ 
မြင်မိခဲ့တယ်။ အဲဒီလိုထင်မြင်ချက်တွေဟာ အခုချိန်မှာတော့
အမှားကြီးမှားခဲ့ပါပြီ။နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်း အခုတော့ကျွန်တော်နောင်တ
တရားတွေရင်ဝယ်ပိုက်နေရပါပြီ။ ကျွန်တော်ရဲ့အမှားတွေကို
လမ်းပြပေးခဲ့သူကတော့ကျွန်တော်ရဲ့တစ်ဦးတည်းသော
ကျွန်တော်ဘဝရဲ့ အရမ်းအရေးပါတယ့်ကျွန်တော်ရဲ့
သားလေးပါပဲ။
ကျွန်တော်လူမှန်းသိတက်စအရွယ်တည်းက ကျွန်တော့်ဘေးမှာ
အဖေအမြဲရှိမနေခဲ့ဘူး။ မိုးလင်းတာနဲ့ ထွက်သွားတက်ပြီး
မိုးချုပ်မှသာအိမ်ကို ပြန်လာခဲ့တယ်။ အဲဒါတွေက ကျွန်တော်အတွက် အဖေအလုပ်တွေ မနားမနေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။
မေမေ့ရဲ့နွေးထွေးမင့ကို အပြည့်ရပေမယ့် အဖေရဲ့အနမ်း
တစ်ချက်တောင်မရခဲ့ဖူးဘူး။ဒါပေမယ့်ကျွန်တော်အိပ်ပျော်ချိန်
တိုင်းခိုးနမ်းခဲ့တဲ့ အဖေရဲ့အနမ်းကို ကျွန်တော်မှမသိခဲ့တာဗျာ
အရာအားလုံးကို အမေကပဲ ဖြည့်ဆည်းပေးခဲ့လို့ ပြည့်စုံခဲ့တယ်
လို ကျွန်တော်ထင်ခဲ့မတယ်။ တစ်ကယ်တော့ နောက်ကွယ်ကနေ မိသားစုအားလုံးအတွက်ဖြည့်ဆည်းပေခဲတဲ့ အဖေရဲ့ချွေးစက်တွေကို တန်ဖိုးထားရမှန်ုမသိခဲ့တဲ့သူပါ။
ဒီလိုနဲ့ ကျွန်တော်ဟာဖေ့ဖေ့ရဲ့ ကျေးဇူးကြောင့် ပညာကို
အပူအပင်ကင်းစွာသင်ပြားနိုင်ခဲ့တယ်။ တစ်နှစ်ထက်တစ်နှစ်
ကြီးလာတဲ့ ကျွန်တော့်ရဲ့ပညာသင်စရိတ်ကိုပြည့်စုံအောင်
ပေးနိုင်ဖို့ အတွက်အဖေက မိသားစုနဲ့ ဝေးသထက်ပိုဝေးလာတယ်။အဖေ့စိတ်ထဲမှာ မိသားစုအတွက်
တာဝန်တွေနဲ့ သာပြည့်နေခဲ့တယ်လေ
ဒါကိုကျွန်တော်နားမလည်ခဲ့ဘူး အဖေဟာတာဝန်မကျေဘူးလို့ 
ကျွန်တော်ထင်မြင်ခဲ့တယ်။
ကျွန်တော်အဖေဟာ ပညာမတက်ပါဘူး ဒါပေမယ့်
ကျွန်တော်ကိုတော့ ပညာတက်ကြီးတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။အဖေဟာကျွန်တော်ကို ပညာတက်တစ်ယောက်မဖြစ်မှာအရမ်းစိုးရိမ်ခဲ့တယ်။
အဖေအမြဲပြောနေကြစကားရှိတယ်
" အဖေ့သားသမီးတွေက အဖေ့ထက် အမြဲသာနေရမယ်တဲ့""
အဲဒီစကားရဲ့ အဓိပ္ပါယ်ကိုကျွန်တော်နားမလည်ခဲ့ဘူး။
တစ်နေ့တော့ အပေါင်းအသင်းတွေနဲ့ ကျွန်တော်လမ်းထိပ်မှာ
ဂစ်တာတီးနေတဲ့အချိန်မှာ အဖေက
" မင်းအရမ်းအားနေတယ်ပေါ့ အချိန်တွေသိပ်ပေါနေတယ်ပေါ့
မင်းက အလကားကောင် မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့ကောင်"
ဆိုပြီး ကျွန်တော်ကို ထိုးခဲ့တယ်။ကျွန်တော်လေအဖေ့ကို
အရမ်းမုန်းခဲ့တယ်။ကွယ်ရာမှာ အဖေကကျွန်တော်ကိုထိုးခဲ့တဲ့
သူရဲ့လက်ကို နံရံမှာထိုးပြီးတော့ အပြစ်ပေးနေတာကို
ကျွန်တော်မှ မသိခဲ့တာ။
ဒီလိုနဲ့ အချိန်တန်လာတော့ ကျွန်တော်ဟာ ချစ်သူကြင်ရာဖက်
ရှာတွေ့ ခဲ့တယ်။အဲဒိအချိန်ကဆိုရင် ကျွန်တော်ရဲ့ မိဘနှစ်ပါးဟာ အပူနှစ်ခုကိုတပြိုင်တည်းခံစားနေရတာ လေ
သားကိုဆုံးရှုံးရတော့မယ့် ဝေသနာနဲ့ အတူယောက်ျားလေးရှင်
ဖြစ်တဲ့ ကျွန်တော်အတွက်မိဘဝတ္တရားနဲ့အညီစီစဉ်ပေးရတော့
မယ်လေ။ ကျွန်တော့်မိဘတွေက မချမ်းသာကြပါဘူး
ဒါပေ့မယ့်တစ်ဦးတည်းသောသားအတွက် အရာအားလုံးကို
ပြည့်စုံအောင်ဖြည့်ဆည်းပေးခဲ့ကြပါတယ်။
မိဘဝတ္တရားအရပြည့်စုံအောင်လုပ်ပေးနိုင်ခဲ့လို့ 
တာဝန်စတွေပြီးဆုံးသွားပြီးလို့ အဖေမသက်မှတ်ခဲ့ပါဘူးဗျာ
ကျွန်တော်ပင်ပင်ပန်းပန်းလုပ်နေရတာမြင်တော့ ကျွန်တော်
မသိအောင်အမေ့ကို ကျွန်တော်တို့ လင်မယားအတွက်
အသုံးစရိတ်တွေပေးခဲ့တယ်။တစ်မိသားစုလုံးကို
ဖြည့်ဆည်းပေးနေသူဟာ ငါပါလို့ လည်ုအဖေမပြောခဲ့ဘူး ။
အဖေဟာတစ်ကယ်တော့ ကန့်လန်ကာနောက်ကွယ်က
ပဲ့ကိုင်ရှင်တစ်ယောက်ပါ။
အခုချိန်မှာတော့ ကန့်လန်ကာနောက်က ပဲ့ကိုင်ရှင်
တစ်ယောက်ရဲ့ တန်ဖိုးကို ကျွန်တော်နားလည်ခဲ့ပါပြီ။
ကျွန်တော်ကိုယ်တိုင်လဲအဲဒိဘဝကို ရောက်ရှိနေပြီဖြစ်လိုပါ
ကျွန်တော့်သားအတွက် ကျွန်တော်က နောက်ကွယ်ကနေသာ
ပဲ့ကိုင်နိုင်ပေးနေသောသူသာ ဖြစ်နေပါတော့တယ်။
ဖေဖေ့ရဲ့ကျေးဇူးတရားတွေကို သားနားလည်ခဲ့ပါပြီ
နောက်ကွယ်ကနေသားတို့ ဘဝတွေပြည့်စုံအောင်
နောက်ကွယ်ကနေ ဖြည့်ဆည်းပေးခဲ့တဲ့ အဖေ့ရဲ့
စေသနာမေတ္တာတွေကို သားစော်ကားမိခဲ့တာ အထင်လွဲ
ခဲ့တာတွေကို ခွင့်လွှတ်ပေးပါဖေဖေ ဖေဖေဟာ ကျွန်တော့်အတွက်ပဲ့ကိုင်ရှင်တစ်ယောက်ပါ။ image
အားလုံးကို ကျေးဇူးတင်ပါတယ် @oolay
@oolay

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.079
BTC 63264.99
ETH 1671.73
USDT 1.00
SBD 0.42