မြန်မာတက်ပန်းကလေးများ လန်းစေချင်

in #myanmar8 years ago (edited)

image

အကြောင်းကတော့ ဒီနေ့ ကိုဟင်တင်လိုက်သော ပိုစ်လေး (https://steemit.com/myanmar/@kachinhenry/k-ynetaeyapundefinedngetha-myanmar-steemit-community-henry-aung )ဖတ်ပီး မြန်မာများ သူများနောက်ကျနေတာကို မြင်ရသိရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။

စတီးမစ်မှာ မြန်မာတက် ရယ်လို့ဖြစ်လာအောင် ကျနော်တို့ စွမ်းဆောင်ခဲ့ကြတယ်။ ဖြစ်လဲဖြစ်လာခဲ့ပါပြီ။ သို့ပေမယ့် ရောက်ရှိလာသော၊ သီးပွင့်လာသော အခြေအနေမှာ ကျနော်တို့ တင်းတိမ်နေကြသည်လား၊ သို့မဟုတ် မကြာသေးခင်ကာလက ကြုံတွေ့ခဲ့ရသော pro ကို လက်တစ်လုံးခြား ရယူလိုသူ လူတစ်စုလျော့နည်းသွားခြင်းကြောင့်လား၊ msc မန်ဘာများကကော pro ပေးတာကို ရယူလိုခြင်းတစ်ခုတည်း ရပ်တည်နေကြပီး ပိုစ်အတင်နည်းနေတာလား၊ စဉ်းစားဆင်ခြင်မိပါသည်။

Gif_20180127150433155_by_gifguru.gif

အခြားအခြားသော အကြောင်းများ ရှိနေမည်ဆိုသည်ကို တွက်ဆမိသော်လည်း ကျွန်တော် ဖြစ်စေလိုသည်မှာ အကိုဟင်နရီ တင်ပြထားသလို မြန်မာများ active နည်းနေခြင်းကို ပြုပြင်သင့်ပါပြီ။

သို့ဖြစ်ပါ၍ မည်သို့မည်ပုံ active ဖြစ်ကြမည်နည်း။ အလွယ်လေးပါ မြန်မာtag ကို ကိုယ်စားပြုသော ကျွန်တော်တို့ msc အဖွဲ့သားများမှ pro ရယူရန် တစ်ခုတည်း အားထုတ်မနေပဲ မြန်မာtag ကို အဆင့်မြင့်တင်သောအားဖြင့် နေ့စဉ် သို့မဟုတ် အချိန်ရတိုင်း စာတိုပေစများ ရေးဖွဲ့ပြီး ပိုစ်တင်ကြရန်ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် steemit platform တွင် မြန်မာတို့၏ ပိုစ်များ စည်ကားလာပေမည်။

ရေးတင်ကြမည်ဆိုရာတွင် ကျွန်တော်များ msc မှ ထုတ်ပြန်ထားသော စည်းကမ်းတို့ကိုတော့ အလေးထားကြစေချင်သည်။ ပေါ့ပျက်ပျက်တော့မရေးကြစေချင် မိမိရေးတင်ထားသော ပိုစ်သည် ဖတ်ရှုသူများအတွက် တစ်စုံတစ်ခုသော ရသ ခံစားရစေချင်၊ ပေးစွမ်းစေချင်ပါတယ်။ ဥပမာ ဟာသစာပေလေးတစ်ပုဒ် ရေးတင်မည်ဆိုလဲ အားပေးနေပါမည်။ ထပ်ခါတလဲလဲ ပြောနေရသောစကားကတော့ ကော်ပီ မလုပ်ကြပါနဲ့။ ရေးတတ်တာရေး။ ကျွန်တော်များ msc အက်မင်များကအားပေးနေပါတယ်။

ဒီတော့ကာ steemit ပလက်ဖောင်းမှာကျွန်တော်တို့ မြန်မာတက် အဆင့်တစ်နေရာ၊ နေရာတစ်ခု ရရှိလာရန် ကြိုးစားရေးသားတင်ကြပါလို့ ထပ်ကာ ထပ်ကာ ပြောနေရပါတယ်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ပိုစ်လေးများအတင်ကြဲနေရာမှ ခပ်စိပ်စိပ်လေးတင်နိုင်အောင် ကြိုးစားနေပါကြောင်း မြန်မာစတီးမစ် မိတ်ဆွေအပေါင်းတို့ခင်ဗျား။

မြန်မာစနီးမစ်ကွန်မြူနတီ မှ ပွင့်ဖူးလာသော မြန်မာတက် ပန်းကလေးများ ဝင့်ဝင့်ကြွားကြွား ငွင့်ငွင့်စွားစွား ပွင့်လန်းနိုင်ကြပါစေကြောင်း မြန်မာအပေါင်းမှ ကြိုးစားအားထုတ်ကြပါစို့။ ။

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Writer >>@nyinyiwin

#Myanmar #Steemit #Community

image

image

image

Sort:  

You got a 1.19% upvote from @postpromoter courtesy of @nyinyiwin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မှန်တာပေါ့ကိုရွှေ၊ ဆရာဖြစ်စေချင်တာကတော့ SBD ရရှိရေးထက် မြန်မာစာရဲ့ဂုဏ်၊ မြန်မာ့ဓလေ့ထုံးတမ်းဈယဉ်ကျေးမှုတွေ အဆင့်မနိမ့်ခဲ့ကြောင်း ကမ္ဘာကိုသိစေချင်တာပါ။ ဒီတော့ စာမရေးရ မနေနိုင်အောင်တင်ဖြစ်နေတော့မှာလေ၊ အထူးတိုက်တွန်းစရာမလိုတော့ဘူးပေါ့။

ဟုတ်ပါတယ် ဆရာရေ ။ အချိန်နဲ့အမျှ မြန်မာကို တိုးတက်စေချင်ပါတယ်။

ဟုတ်​ကဲ့ ကြိုးစားပါ့မယ်

အားပေးနေပါ့မယ်ဗျာ။

myanmar tag လေးအပေါ်ပြန်ရောက်လာဖို့ steemit ပေါ်က မြန်မာတွေအားလုံးမှာတာဝန်ရှိပါတယ် အကိုရေ။
အားလုံးဝိုင်းဝန်းကြိုးစားကြပါမယ်။

မှန်ပါတယ်ဗျာ အတူကြိုးစားကြမယ်။

Right ' အတူကြိုးပမ်းကြတာပေါ့ဗျာ

Ok အတူတူပေါ့ ။ ကြိုးစားမယ်။

ကြိုးစားနေတယ်ကွှီးရွှေ ဆက်လက်ချီတက်ကြတာပေါ့ ဘယ်သူမှမကျန်လည်း adm တွေတော့ရှိနေအုံးမှာပါနော

ဟုတ်တာပေါ့ဗျာ ကြိုးစားနေရဘို့က အဓိကပါပဲ ။ Fighting !!!

ရေးရင်းနဲ့ပိုပို ​ရေးတတ်​လာပါတယ်​။

ဟုတ်ပါတယ် က်ုသက်ရေ ရေးပါများလာရင် ရေးရတာကို အရသာတွေ့လာပါတယ်။

အားလုံးပါဝင်ကြိုးစားသင့်ပါတယ်။

ဟုတ်ပါတယ်ဗျာ အားလုံးပါဝင်မှ မြန်မြန်ခရီးရောက်ပါမယ်

Fighting
Fighting
Fighting

Yes FIGHTING !!!

myanmar tagလေး အပေါ်ပြန်ရောက်လာဖို့အတွက် msc အားလုံးမှာ တာဝန်ရှိပါတယ်

မှန်တာပေါ့ကွယ်။

we are together .

Yes we also together.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60791.27
ETH 1560.80
USDT 1.00
SBD 0.47