We need good ideas in Life ''Poem''

in #myanmar7 years ago (edited)

image

''လိုအပ်သူ''

အိမ်တံခါးကိုခေါက်ဝင်လာဘယ်သူလဲ
ကျနော် လေလွင့်အတွေးတစ်ခုပါ
ဆောရီး မလာပါနဲ့
ကျွန်တော့ ဧည့်ခန်းဟာ လေလွင့်သူအတွေးများအတွက် ထိုင်စရာ နေရာလပ်မရှိလို့ပါ။

အိမ်ရှင်တို့ ရှိလားဗျို့
ဧည့်သည် ငပျင်းပါ ခဏလောက် ဝင်ပီး အပျင်းထူအိပ်ပရစေ။
နိုးနိုး မဝင်ခဲ့ပါနဲ့
ကျနော့ သုခုမရင်ပြင်က အပျင်းအတွက်
တမှေးစက်စရာ အချိန်မပေးအားပါ ပြန်တော့။

ဗျို့ အိမ်ရှင်သဌေး ကျုပ်ခဏဝင်လာမယ်နော်
သူတကာတို့ အလိုအပ်ဆုံး မောင်စိတ်ကူးပါ
ကျနော်နဲ့တွဲရင် မိတ်ဆွေတို့ အနာဂါတ်လမ်း
လန်းဆန်းပန်းတွေဝေနေစေရမယ်
မှန်ကန်တိကျ စိတ်ကူးကောင်းတွေ ဝေနေစေရမယ်
ရှင်းစရာမလိုအောင် လင်းသွားမယ့် လမိးကိုလဲမြင်ရမယ်။

သင်သာ အားစိုက်ထုတ်မယ်ဆိုရင်
လက်တွေ့ကမ္ဘာမှာ အဖြေရှာခြင်း
ကျွန်ုပ်က ဦးဆောင်ဖြေရှင်းပေးမယ်။

ကောင်းပါပီ စိတ်ကူးကောင်းရေ
သင်လိုလူတစ်ယောက် ကျွန်ုပ် ဘဝအိမ်မှာ
အစဉ်ထာဝရနေဘို့ ဖိတ်ခေါ်ပါတယ်
ဆန်းသစ်မယ် လမ်းဖွင့်မယ်
စတင်းရေပြင်ကျယ်မှာ အတူတကွ
ကူးကြခတ်ကြမယ် ။ ။

ဈာန်( မုံရွာ ) ( 6.3.2018 )

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 10:30 AM (6.3.2018)

Above article is using Google Images

#Myanmar #Poem #Idea #Life #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

အလဲ့..မိုက်တယ်နော်။ဘာတဲ့ စတင်းရေပြင်ကျယ်မှာ အတူတကွ
ကူးကြခတ်ကြမယ်။လိုက်မယ်ကွီးရွှေလိုက်မယ်။

လိုက်ခဲ့ဗျား

စိတ်ကူးကောင်းတွေကို ဖိတ်ခေါ်ပါတယ် ဆန်းသစ်မှုတွေကို မွေးထုတ်ပါ့မယ် အတူပူးပေါင်းမှုနဲ့ ခိုင်မာမှုကို တည်ဆောက်ပါမယ် ပင်မှန်ရင့်သန်မှုနဲ့ အသီးအပွင့်တွေ ဝေဆာပါ့မယ်

You got a 55.56% upvote from @dailyupvotes courtesy of @nyinyiwin!

Very thanks.

ဒေါက်​​ဒေါက်​.....အိမ်​ရှင်​တို့..အိမ်​ရှင်​တို့...ရှိလားဗျ.ဝင်​လာပါရ​စေ..။

အိမ်ရှေ့က ဘယ်သူလဲ --- မစာဥလား

ငင့်​...ဟုတ်​ပါဘူး....မမစာဥ​မောင်​​လေးပါ...မမစာ လွှတ်​လိုက်​လို့..။

အဲဖြစ်ရမယ် လာလာ ၀င်ခဲ့

ဗျို့ဆရာ ..ဝင်​လာလို့ရမလား ..
ကျွန်​​တော်​လား .... အကြံ​ကောင်းမပါ ပါဘူး .
ဒါ​ပေမယ့်​ အ​ကောင်းကြံတတ်​ပါတယ်​ ...
အ​ကောင်းကြံခြင်းက အကြံ​ကောင်းရဖို့ အ​ရေးကြီးတယ်​ မို့လား ..
😀😀😀😀😀

အယ် အာ့ဆို စဉ်းစားအူးမယ်

အကြံကောင်း ပါတယ် bro ရေ. တံခါးဖွင့်ပေးပါအုံး 😁😁😁

ok ဝင်ခဲ့

အကို့စာတွေ ဖတ်ကောင်းတယ်

ကျေးဇူးညီ

တိုတိုနဲ့ထိထိမိမိ ရေးသားထားတာ ကောင်းတယ် ဆရာညီ

ဟုတ်ကိုမြင့် အများကြီးချဲ့ရေးချင်တာ ဒါပေမယ့် ကဗျာဖြစ်နေလို့ တိုတို ထိထိ ပဲရေးလိုက်တာ။

ဘဘ ဟိဟိ😍😍😍

ဗျဗျ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 68872.12
ETH 2524.42
USDT 1.00
SBD 2.53