“ စတီးမစ်ရွာ သင်္ကြန်ပွဲ” (ပ)
“ စတီးမစ်ရွာ သင်္ကြန်ပွဲ ”
**သင်္ကြန်ကျပီဟေ့-!!-- စတီးမစ်ရွာထည်း ကလေးလူကြီးမကျန် သင်္ကြန်ပွဲဆင်နွဲနေကြပေပြီ။ ကျွန်ုပ်ကွီးရွှေသည်လည်း ဒီနှစ်သင်္ကြန်တွင် စတီးမစ်ရွာ၏ တိုးတက်ပြောင်းလဲလာမှုများအား ကြည့်ရှုလိုသဖြင့် ရွာတွင်းသို့ ရေပက်ခံထွက်ရင်း စနည်းနာထွက်လာခဲ့သည်။ လက်စွဲတော် တံမြက်မဟော်ကိုကား ရပ်ထဲရွာထဲ သင်္ကြန်ပွဲနှင့် မသင့်တော်ပေဘူး ဆိုသည့်အတွေး ဖြစ်၍ ဆွဲကိုင်မလာခဲ့ပေ။ အခါကြီးရက်ကြီး မင်္ဂလာရှိနေသောအချိန်တွင် ကျွန်ုပ်ကွီးရွှေ၏ လက်စွဲတော်ကြီးအား ခေတ္တအနားပေးထားမှ သင့်ပေတော့မည်မဟုတ်ပါလား စာရှုသူပေါင်းတို့ခင်ဗျား--။
အိမ်ရှေ့လမ်းမထက် ခြေချမိသည်ဆိုလျင်ပဲ “ရေကန်တော့ပီ ကွီးရွှေရေ ”ဟု ပြောပြောဆိုဆို ဗွမ်းကနဲပက်ချလိုက် ကြသည်။ နှလုံးအိမ်ထဲထိ အေးစိမ့်သွားသောသင်္ကြန်ရေ ဈေးဦးပေါက်စိုရွှဲရလေပြီ၊ စတင်းရွာ၏အတွင်းရေးမှုးမလေး ပြာကလက်စိန် ခေါ် မယ်ပြည့်စုံခင်ခင်၏လက်ချက်ဖြစ်နေပေရော့သည်။ “ဗျို့ကွီးရွှေကြီး သင်္ကြန်ရေပက်ခံ ထွက်လာတာလားဗျ” စောစောစီးစီး ရေချိန်ကိုက် နေသော လျာလေးအားလေး အသံကြီးနှင့် အနောက်မှလှမ်းမေးလိုက်သော ရွာဆော်ကြီး၊ ရွာ့လူမိုက်ကြီး မောင်မောင်သက်ဖြစ်နေသည်။ “ဟုတ်တယ် ကိုသက်ကြီးရေ ရေပက်ခံထွက်ရင်း၊ ရွာထည်းကို စနည်းနာရင်းပေါ့ဗျာ” “ခင်ဗျားမှာလဲ အစောကြီးရှိသေး ရေချိန်ကိုက် မူးနေပီလားဗျ” ကျွန်ုပ်၏ အားမနာပါးမနာ ဒဲ့တိုးမေးချလိုကခြင်းကြောင့် ရွာခံလူမိုက်ကြီး တွန့်ကနဲဖြစ်ရလေသည်။ “ဟာဗျာ အခုမနက် မသောက်ရသေးပါဘူးဗျာ၊ အရင်ညကသောက်ထားတာ များလို့ပါဗျာ။ အခုမနက် မျက်နှစ်သစ်ပီး ရင်ပူလို့ သောက်ရေလေးတစ်ခွက်သောက်မိတာက ပြန်မူးလာတာပဲဗျာ့၊ အဟီးဟီး အခုမှ ကွီးရွှေအစဖော်ပေးသလိုဖြစ်ပီ ကျွန်တော် မနေနိုင်တော့ဘူး ကိုသာအေးထန်းတော ပြေးတော့မယ်ဗျို့”။ ပြောပြောဆိုဆို စိတ်မြန်လက်မြန် လူမိုက်ကြီး ကိုသက်သည် သာအေးထန်းတောသို့ အပြေးထွက်သွားလေတော့သည်။
စည်ကားလှသော စတင်းရွာလယ်လမ်းအတိုင်း ကျွန်ုပ်လည်း ဆက်လက်ချီတက်လိုက်သည်။ “ဘဘ ကွီးရွှေ၊ ဘဘ ကွီးရွှေ ၊ သမီးတို့ မဏ္ဍပ်မှာ စတုဒီသာမုန့်လုံး ၀င်စားပါအုန်းရှင့်” အဲဗျ ကျွန်ုပ်အား “ဘဘ” နှင့်“ကွီးရွှေ” တွဲ၍ခေါ်သော စတီးမစ်ရွာ၏ တစ်ဦးတည်းသောသူကလေး ချစ်ဆုံးလေးဆိုသည့် မိန်းကလေးနှင့်သူ၏ အမတော် စွာစိမယ်ကြည်တို့အား အုန်းလက်မဏ္ဍပ်လေးနှင့်အတူတွေ့လိုက်ရသည်။ လူငယ်ကာလသားများ တရုန်းရုန်းနှင့် စတုဒိသာပွဲလေးမှာ ပျော်ရွှင်ဖွယ် မြင့်တွေ့ နေရသည်။ ကျွန်ုပ်လည်း ငယ်မူငယ်သွေးပြန်လာသည့်အလား မုန့်လုံးဝင်ကာစား၍ ပျော်တပြုံးပြုံးရှိနေဘိတော့သည်။ မုန့်လုံးပန်းကန်တွင်းမှ နောက်ဆုံးမုန့်လုံးကို လက်စသပ် စားသုံးလိုက်ရင်း “ကဲ ရွာထဲဆက်ရှောက်လိုက်အုန်းမယ်ဟေ့ မယ်ကြည်ရေ မင်းတို့ မုန့်လုံး စားကောင်းသကွယ်၊ သာဓုသာဓုသာဓု”။

Credit Image Source
ကျွန်ု့ပ်လဲ ရွာလယ်လမ်းအတိုင်းဆက်လျောက်လာခဲ့သည်၊ လေအသင့်ဝယ် ရွာဦးကျောင်းမှာ ဓါတ်စက်သံကို ကြားနေရသည်၊ စတင်းရွာ၏ မိုက်ခဲကြီးဟု အများကတင်စားခေါ်ဝေါ်ကြသော၊ အသံချဲ့စက်မှ မိုက်ခွက်ကို ကိုင်ပီးလျှင် ပြန်မလွှတ်ချင်တော့ပဲ တစ်ယောက်ထဲ အားရပါးရစကားတွေဖောင်ဖွဲ့ကာ လေပြစ်တတ်သော ရွာသူကြီးဘတင်၏ နိဗ္ဗာန်ဆော်သံကို အဝေးမှပင် အသံသဲ့သဲ့ကြားနေရပေသည်။ ဤသို့ဆိုလျင်ဖြင့် ကျွန်ုပ်ကွီးရွှေ ရွာဦးကျောင်းသို့ မသွားလိုတော့ချေ၊ အဘယ်ကြောင့်ဟူမူကား သူကြီးဘတင်၏ လေအလျင်ကြောဝယ် မြောရမည့်ကိန်းမြင်ယောင်နေ သောကြောင့် ပေတည်း။
ထိုသို့လျင် ကျွန်ုပ်ကွီးရွှေ ဘယ်ဆီဘယ်ဝယ် သွားရမည်မသိဖြစ်နေစဉ် “ဟာကွီးရွှေ ဘယ်သွားမလို့လဲဗျ” ကိုအန်စိုးနှင့် သူ၏ အပေါင်းအပါလူငယ်ကာလသားများနှင့်လမ်းတွင်တွေ့တော့သည် “ကွီးကျနော်တို့နဲ့လိုက်ခဲ့ပါလားဗျို့၊ ရွာလယ်က ဇရပ်ကြီးမှာ သိုင်းဆရာလေးတွေစုပီး သိုင်းအက ကပြမယ်တဲ့ဗျို့အဲဒါသွားကြည့်မလို့ဗျ” သိုင်းအကဆိုတော့ ကျွန်ုပ်လည်း စိတ်ဝင်စားကာ “အေးအေး လိုက်ကြည့်မယ်ကွာ”ဟု ပြောကာ ကိုအန်စိုးတို့အဖွဲ့နှင့်အတူ ရွာလယ်ရပ်သို့ ဦးတည်လိုက်ကြ လေတော့သည်။
ရွာလယ်ဇရပ်ကြီးမရောက်မီကပင် ဆိုင်းသံမောင်းသံများဖြင့် သိုင်းအကပွဲသည် အထူးစည်ကားနေပေသည်။ ကျွန်ုပ်တို့ ရောက်ရှိသွားစဉ် ရှမ်းအိုးစည်သံတညံညံဖြင့် ရှမ်းဓါးသိုင်းကပြနေသော စတင်းရွာ၏ ကလောင်လက်သစ်ကလေးပိုင်ရှင် စိုင်းဆေးဖန်ဖအား တွေ့မြင်လိုက်ရလေတော့သည်။ တစ်ဖွဲ့ပြီးလျင်တစ်ဖွဲ့ စည်းကမ်းတကျ ဇရပ်ပေါ်တက်ကာ သိုင်းကွက် ဟန်များ ပြသနေကြသည်ကို ကြည့်ရင်း ကျွန်ုပ်ကွီးရွှေ ဇာတိသွေးဇာတိမာန်များပင် တက်ကြွလာပေတော့သည်။ မြန်မာ့လက်ဝှေ့နှင့် မြန်မာ့နန်းတွင်းသိုင်းခေါ် ဗန်တို၊ ဗန်ရှည် မြန်မာ့ရိုးရာသိုင်းပညာများကို ကမ္ဘာ့အလယ်ထင်ပေါ်စေရန် မျိုးဆက်သစ်များအား လက်ဆင့်ကမ်းကာ ပညာဖြန့်ဝေပေးခြင်းများ ပြုသင့်ကြသည်ဟု ကျွန်ုပ်စိတ်အစဉ်ဝယ် အတွေးဝင်လာ မိခဲ့လေသည်။
ဤသို့လျင် ကျွန်ုပ်ကွီးရွှေ ယဉ်ကျေးမှုအမွေအကြောင်းစဉ်းစားရင်း ဇရပ်မှာခွာလျက် အခြားတစ်ဖက်သို့ ထွက်ခဲ့ပြန် လေသည်။ ယခုတစ်ဖန်တွေ့ပြန်သည်ကား ခြံဝင်းကျယ်ကျယ်တစ်ခုတွင် စတင်းရွာမှ သက်ကြီးရွယ်အို လူကြီးမိဘများအား ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ သန့်ရှင်းစွာ ခေါင်းလျော် ရေချိုးပေးခြင်းအမှုများ ဆောင်ရွက်နေသည်ကို စတင်းရွာ၏ ပါလေရာမောင်ထွေးကဦးဆောင်၍ လူငယ်လေးများ ကောင်းမှုကုလိုလ်ပြု နေကြသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်ုပ်လည်း ၀င်ရောက်နှုတ်ဆက်ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကာ သာဓုအနုမောဓနာ ခေါ်ဆိုလိုက်ပေတော့သည်။
ဆက်ပါအုန်းမည်---
မြန်မာစတီးမစ် အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်ကြပီးလျင် မိမိတို့ ရည်မှန်းချက် Goals များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေဗျား။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 3:30 AM (15.4.2018)


MSC မှ အစ်ကို အစ်မများ နှစ်သစ်မှာ ကံကောင်းခြင်းဆုလာဒ်များပိုင်ဆိုင်နိုင်ကြပါစေဗျ
ဟုတ်တယ်ဗျာ စတီးမစ်တစ်ရွာလုံး ကျန်းမာချမ်းသာကြပါစေ။
ရေခဲရေနက်ကန်တော့မယ်... ကွီးရွှေကို... :P
ဟဲ့လုပ်ရဘူး ရေခဲရေနဲ့ ပက်ရင် ရွာလူကြီးသွားတိုင်မှာနော်။
ပျော်ရွှင်ပါစေ စတီးမစ်သင်္ကြန်ပွဲ
ဟုတယ်ဗျို့ စတီးမစ်မိတ်ဆွေများ သင်္ကြန်မှာ ပျော်ကြပါစေ။
အဟီး မုန့်လုံးရေပေါ်ထဲက ငရုတ်သီး မမိလို့တော်သေးတယ် ကိုကြီးရေ ..
အဟေး မိတဲ့သူတွေမိတာပေါ့ ငရုတ်သီးကြောက်တယ်
အစ်ကိုရယ် သင်္ကြန်တွင်းမှာ ရွာအတွင်းလျှောက်လည်ရတာ အဆင်ပြေလားဗျ
ရွာထဲရှောက်လယ်တာ ပျော်စရာကြီးဗျာ။
ကျွန်မလည်းရေကန်တော့ရဦးမယ်ရှင့်😜😜😜
ဟုတ် ကဲ့ဗျာ ကန်တော့စေဗျား။
MSCအဖွဲ့ဝင်များအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ
ဟုတ်ကဲ့ဗျာ အများနဲ့ထပ်တာ ညီမတို့လဲ ကျန်းမာချမ်းသာကြပါစေဗျား။
သက်ကြီးရွယ်အိုတွေကိုပြုစုပေးတာဟာကောင်းသောကုသိုလ်ယူခြင်းပါဘဲဗျ သာဓုခေါ်ပါတယ်ဗျာ
ဟုတ်ပါတယ်ဗျ၊ မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ လူကြီးသူမများကို ပြုစုပီး ကုသိုလ်ယူကြပါတယ်ဗျ။ ယဉ်ကျေးမှု တစ်ခုပါပဲဗျာ။
နှစ်ဆန်းတစ်ရက်နေ့ကျရင်လည်း ကျေးရွာ အန္တရယ်ကင်း ပရိတ်နာမှာရှိသေးတယ်နော် ကွီးရွှေ ရွာထဲက ကလေးအမေတွေ ပရိတ်ရေအိုး သဲအိုးတွေ အရန်သင့်လုပ်ထားကြဖို့ နှိုးဆော်လိုက်ဦး။
ဟုတ်တာပ တစ်ရွာလုံး ပါဝင်နိုင်အောင် ဆော်သြနေရမယ်လေ။
ကျနော်ကတော့ ကျနော့်ထန်းတောလေးပါရင်ကိုသဘောကျတယ်ဗျာဟီးးးးး
သဘောကျရမှာပေါ့ ထန်းတောပိုင်ကြီးရေ။