“ ငါးကလေး၏ စတီးမစ်မှတ်တိုင်များ ”

in #myanmar6 years ago

IMG_20171211_182328.jpg

“ ငါးကလေး၏ စတီးမစ်မှတ်တိုင်များ ”

Minnow.jpg

ဒီနေ့တော့ ကျွန်တော် အရမ်းဝမ်းသာနေတယ်ဗျာ။ ၀မ်းသာလွန်းလို့ ထမင်းစားဖို့ကို တောင်မေ့နေတယ်ဗျ။ ဒါကတော့ ကျွန်တော့်ဆုတောင်းလေးပြည့်လာလို့ပါ။ စတီးမစ် ပလက်ဖောင်းပေါ်ရောက်လာပီး ကျွန်တော် ပထမဦးဆုံး တောင့်တမိတာကတော့ အာပီ 60 ပြည့်ဖို့ပါ။ ဒိနောက်တော့ ကျွန်တော် ဆက်လက်တမ်းတတာက အက်စ်ပီ 500 ပြည့်ဖို့ပါ။ အက်စ်ပီ 500 နှင့်အတူ မိနောင်းဆိုတာ တစ်ပြိုင်တည်းလိုလိုဖြစ်သည့်အတွက် စတီးမစ် ပလက်ဖောင်း၏ ရှေးအဦးဆုံး အဖြစ်ချင်ဆုံး ဆန္ဒမှာကား မိနောင်းတယောက်ဖြစ်ရေးပါ။

ကျွန်တော်တို့ စတီးမစ်ယူဆာများဟာ စတီးမစ်နဲ့ နဖူးတွေ့ ဒူးတွေ့ စတွေ့ကြပီဆိုတာနဲ့ စာကို ဘယ်လိုစရေးရမယ်ဆိုတာ ပြဿနာတစ်ခုဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ အစက ဘယ်လောက်ပဲ စာရေးကောင်းသူဖြစ်ပါစေ၊ စာရေးတာ ၀ါသနာပါသူ၊ ရူးသွပ်သူဖြစ်နေပါစေ။ စတီးမစ်ပေါ် စစချင်းလျောက်တဲ့ အစဦးဆုံး ဆောင်းပါးတစ်ပုဒ်ဟာ ရင်ခုန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်း၊ အားရကြေနပ်ခြင်း၊ မျှော်လင့်ခြင်းများနှင့် ပြည့်နှက်နေကြပါတယ်။

img.jpeg
Credit Image Source

ဒီလိုအချိန်မှာ ဘေးက ထောက်ပံ့အားပေး၊ စောင့်ရှောက်ပေးသူ တစ်ဦးတော့ အနည်းဆုံးလိုအပ်ပါတယ်။ ကျွန်တော်တို့ MSC မန်ဘာများသည် ရှေးဦးမဆွက ထိုဒုက္ခများကို လူတိုင်းလူတိုင်းရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ချို့ဆိုလျင် စစချင်း ဆောင်းပါးတစ်ပုဒ် တင်ပြီးသည်နှင့် စတီးမစ်ပလက်ဖောင်းကို လက်ပြနှုတ်ဆက် သွားသူများပင် ရှိခဲ့ကြပါတယ်။ ဒါကို အရင်ဆုံး MSC အက်မင်များ အားလုံးသိကြမှာပါ။ သူတို့အားလုံး ဒီဒုက္ခတွေကို လွန်မြောက်ကျော်လွန်ဖြတ်သန်းလာသူများ ဖြစ်ကြလို့ပါ။ ထို့အတူ ၀ါရင့် စတီးမစ်ယူဆာများလည်း ထိုအကြောင်းကို နားလည်သိမြင်ကြပါတယ်။

ကျွန်တော်ဆိုလျင် စစချင်း စာတစ်ပုဒ်တင်သည့်နေ့က အလွန်ပင် နှလုံးတုန် ရင်ခုန်ရှိနေခဲ့ပါတယ်။ 15 မိနစ်တစ်ခါ Browser ကို refresh ခဏခဏလုပ်ကာ မိမိတင်ထားသည့် ပိုစ်လေး ဘယ်သူလာမန့်မလဲ၊ ဘယ်သူလာဘုတ်မလဲ၊ ထိုသို့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားနေခဲ့ရပါတယ်။ သို့သော် တစ်နေကုန်၍ တစ်ညတာသာ လွန်မြောက်သွားသည်။ ဘုတ်ခြင်း၊ မန့်ခြင်း အရေအတွက်သည် လက်ငါးချောင်းပင် မပြည့်တတ်ပေ။ ထိုပိုစ်လေးသည် 7 ရက်ပြည့်လို့ Reward ရသည်ကို ပြန်ကြည့်ပါက ဘဲဥမကွဲသော ပိုစ်လေးများ ဖြစ်နေကြပါတယ်။ ဒါပေမယ့်လေ အဲဒီအချိန်က အလွန်ပင် ပျော်ရွှင်ခဲ့ပါတယ်။

ထိုအချိန်က ကျွန်တော်တို့ ပျော်ရသည့်အကြောင်းမှာ ကျွန်တော်တို့ ၀ါသနာပါရာ စာပေရေးသားခြင်းကို ကောင်းစွာရေးသားနိုင်ကြပီး မီဒီယာပေါ်တင်ပြနိုင်ခြင်းဆိုသည့် အခွင့်အရေးလေးတစ်ခုတည်းနှင့် ကျေနပ်ပျော်ရွှင်စွာ စာရေးခဲ့ကြပါတယ်။ သို့သော် နားလည်တတ်ကျွမ်းသော နည်းပညာသမားလေးများက ကျွန်တော်တို့သည် စာရေးနေသည်နှင့်မပီး အခြားလုပ်စရာများ ရှိသေးသည်၊ စတီးမစ်သည် တစ်ယောက်တည်း လျောက်နေလို့မရ အဖွဲ့အသင်းအစုနှင့်နေမှ တိုးတက်သည်ဆိုသည့် အမြင်ကို လက်ခံ ကျင့်သုံး လာခဲ့ကြသည်။ အမှန်တစ်ကယ်လည်း စတီးမစ်ပလက်ဖောင်းသည် အသင်းအဖွဲ့နှင့် ရပ်တည်မှသာလျင် နည်းလမ်းကျသည်ဟု ကျွန်တော်မြင်ပါသည်။

img.jpeg
Credit Image Source

သို့နှင့် ကျွန်တော်သည် သင့်တင့်လျောက်ပတ်သော အဖွဲ့အသင်းကို ရှာဖွေခဲ့သည်။ ထိုအချိန်တွင် တစ်ပြိုင်တည်းလိုလို ဖေ့ဘုတ်အင်ပါယာတွင်လည်း စတီးမစ်နှင့်ပတ်သက်၍ ဂရုပေါင်း သောင်းခြောက်ထောင် ပေါ်ပေါက်လာချိန်ဖြစ်သည်။ အဖွဲ့များစွာကွဲထွက်ကာ အချင်းချင်း စည်းလုံးမှုများ ပြိုကွဲကုန်ကြသည်။ ထိုအဆင့်တွင် စတီးမစ် ယူဆာ အတော်များများ စိတ်ပျက်ကာ ကွယ်ပျောက်သွားကြပြန်ပါသည်။

ထိုသို့ ၀ါးအစည်းပြေနေချိန်တွင် ကျွန်တော်သည် မည်သည့်အဖွဲ့မှမ၀င်တော့ပဲ ၀ါသနာ တူရာ၊ နီးစပ်ရာ မိတ်ဆွေအချို့နှင့် ပူးပေါင်းကာနေလိုက်သည်။ ထိုလူများထည်းတွင် ယခု MSC အက်မင်ဖြစ်လာသူများ ပါဝင်နေကြသည်။ တူတူရာစုကြသည့် လူတို့သဘာဝအတိုင်း ကျွန်တော်တို့ စုမိကြသည်။ ထို့နောက်တွင်တော့ ကျွန်တော်သည် MSC ဖြစ်လာမည့် အဖွဲ့လေးသို့ ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်ခွင့်ရရှိကာ အကြံဥာဏ်များ တင်ပြနိုင်ခဲ့သည်။

ထိုအချိန်လေးသည် ကျွန်တော်တို့ အဖွဲ့လေးသာမက စတီးမစ်အသုံးပြုနေကြသူ မြန်မာယူဆာများ အားလုံး၏ အကြောက်ဆုံးနှင့် အမုန်းဆုံး ဘော့တစ်ကောင်ရှိသည်။ ထိုဘော့မှာ ချိတာဘော့ဟု လူသိများကြသည်။ ထိုချီတာဘော့လာမန့်လျင် အာပီ (RP)နည်းနေသော အကောင့်သစ်လေးဖြစ်ပါက နလန်မထူအောင်ကို ဖြစ်သွားတတ်သည်။ ဘုတ်မန့်မပေးကြတော့၊ ၀ိုင်းဝန်းပစ်ပါယ်ထားကြကာ အပယ်ခံအကောင့်လေး ဖြစ်သွား တတ်လေတော့သည်။ ထိုသို့ ဖြစ်နေပါလျက် ထိုခေတ်အခါက ကော်ပီကူးချခြင်းအလုပ်ကို နှစ်နှစ်ခြိုက်ခြိုက် အားပေးသော အဖွဲ့ငယ်များပေါ်ပေါက်လာခဲ့ကြကာ ကျွန်တော်များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းများ ဖြစ်လာကြလေတော့သည်။

img.jpeg
Credit Image Source

မြန်မာစတီးမစ် အသုံးပြုသူများ သမိုင်းကြောင်းကို ပြန်လှန်ရေးရလျင် ဆောင်းပါးများစွာ ရေးမဆုံးနိုင်ဖြစ်ပေမည်။ ထို့ကြောင့် သမိုင်းကြောင်းကို ကျုံ့ကာ ကျွန်တော်၏ ဆိုလိုရင်း အားကျမိလေသော အချက်တို့အား ဆက်ပါမည်။ ကျွန်တော်သည် ထိုသို့ အခက်အခဲများစွာကို ကျော်ဖြတ်လာသည့်တစ်လျောက်၌ (RP)များသော ပုဂ္ဂိုလ်တို့အား အလွန်ပင် အထင်ကြီးလေးစား အားကျသူတစ်ယောက်ဖြစ်သည်။ (SP)များစွာရှိသူဆိုလျင် ပြော၍မဆုံးနိုင်အောင်ပင် အားကျနေခဲ့ရသည်။ ဤတွင် ကျွန်တော်သည် မိမိ၏ နက်ရှိုင်းလှသော စိတ်အသိထဲတွင် ပထမဦးဆုံး အလိုချင်ဆုံး ဆန္ဒကို တည်ဆောက် လိုက်သည်။ ငါသည် နောက် သုံးလနေလျင် (RP) 60 ရှိသော လူတစ်ယောက်ဖြစ်ရမည်၊ ထို့နောက်တွင် (SP)500 ရှိသော မိနောင်းတစ်ယောက်ဖြစ်လာရမည် -ဟု ဆုံးဖြတ်ချက်ချ၊ ရည်မှန်းချက်ချမှတ်လိုက်ပါတော့သည်။

ယနေ့သည် ကျွန်တော်၏ ရည်မှန်းချက်သည် အောင်မြင်စွာ ပြည့်စုံခဲ့ပါပြီ။ (RP)60 နှင့် (SP)500 ရှိသော မိနောင်းတစ်ယောက် ဖြစ်လာပါပီ။ ကျွန်တော်၏ ၀မ်းသာပီတိတို့သည် ယခုအချိန်တွင် ဘယ်အရာနှင့်မှ နှိုင်းဆရနိုင်မည်မဟုတ်ပေ။ ကြည်နူးပျော်ရွှင်မှုတို့သည် နှလုံးအိမ်တွင် ချိုမြိန်လှပါသည်။ တစ်ချိန်တည်းတွင် ကျွန်တော်ဖြတ်သန်းခဲ့သော သမိုင်းမှတ်တိုင် ဘလော့စာမျက်နှာများကို ပြန်လှန်ဖတ်ရှုကာ ပီတိအဟုန်ဖြင့် တစိမ့်စိမ့် ခံစားကာ စာပေ့အရသာကို မြိန်မြိန်ကြီး သုံးဆောင်နေရင်း ကျွန်တော်၏ နောက်တစ်ဆင့်သော ပန်းတိုင်သည် မည်သည့်အရာဖြစ်မည်နည်း ဆိုသည်ကို စာရှုသူတို့အား မေးကြည့်ချင်စိတ်တို့ ပေါ်ပေါက်လာခဲ့ပါသည်။

ကျွန်တော်ကွီးရွှေ၏ မိနောင်းဖြစ်ပြီး နောက်တစ်ဆင့် ရည်မှန်းချက်သည် မည်သည့်အရာဖြစ်မည်နည်း---။ အဖြေကတော့ ရှိနှင့်ပြီးဖြစ်ပါသည်။ ။

Minnow.jpg

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 12:45 AM (25.5.2018)

#myanmar #community #writing #knowledge #blog

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ဆရာက‌တော့ ‌တောင်‌ထိပ်‌‌ရောက်‌သွားပြီ။ကျွန်‌‌တော်‌တို့က‌တော့ ‌တောင်ေ ခြမှာ ကြိုးစားတက်‌ဆဲပါ။ ‌တောင်‌ထိပ်‌က အသံ‌လေး‌တွေ ကြား‌တော့ ခွန်‌အားတိုပြီး ကြိုးစား တက်‌‌နေပါတယ်‌ဆရာ။ဟူးး ‌တော်‌‌တော်‌တက်‌ရတယ်‌။ဆရာ့အတွက်‌ ဂုဏ်‌ယူပါတယ်‌ဆရာ။

ကြိုးစားထား ညီရေ အခုကျနော်ရောက်နေတာ တောင်ထိပ်မဟုတ်သေးဘူး လမ်း အကွေ့လေးတစ်ခုပါ ခရီးကအရှည်ကြီးကျန်သေးတယ်ဗျ။

ဝမ်းသာဂုဏ်​ယူမိပါတယ်​ ကွီး​ရွှေ
ထပ်​တူထပ်​မျှလည်း ​ပျော်​ရွှင်​ရပါတယ်

ဟုတ်ကဲ့ ကိုအောင်ကြီးရေ ကျနော့နဲ့ အတူ ပျော်ရွှင်ဝမ်းသာပေးလို့ ကျေ်းဇူးအထူးပါဗျ။

အားကျမိပါတယ် အစ်ကိုရယ်

ဟုတ်ကဲ့ကိုသိန်းဇော်ရေ တနေ့တလန် ပုဂံဘယ်ပြေးမလဲ တနေ့တော့ ရောက်လာပီပေါ့ဗျာ။

Con con ပါတော်😊😊reward ပေး😁

Con ဆိုတာ လူလိမ်တဲ့

အမလေး CON ဆိုတာ လူလိမ်လို့ ကိုစိုးကပြောနေဘီ ။ Reward တော့ ပေးပါမယ် CON လို့တော့ ပြောပါနဲ့ဗျာ အဟီးး

ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပါဗျာ

ဟုတ်ကိုစိုးရေ အက်မင်များထဲမှာ နောက်ဆုံးအကျဆုံး မိနောင်းလေးပါဗျာ။ဝမ်းသာဂုဏ်ယူလျက်ပါဗျ။

ကိုရွှေက ရည်မှန်းချက်တွေပြည့်လို့ ဝမ်းသာနေရပြီ
ကျနော်ကတော့ ပြည့်သေးဘူး😢

ဟုတ်ကဲ့ ကိုမိုးဇော်ရေ တစ်နေ့ဖြေးဖြေးခြင်းသွားနေရင် ရည်မှန်းချက်ပန်းတိုင်ကို သေချာပေါက်ရောက်လာမှာပါ။

အားကျမိပါတယ်​ကွီးွှေ​ရေ။ကျမအမျာကြီကြိုးစားရပါဦးမယ်​ရှင်​။

ဟုတ်ကဲ့အားကျပါဗျာ့ ဒါမှ မိမိကိုယ်ကို တိုးတက်အောင်လုပ်ချင်စိတ်တွေ ပေါ်ပေါက်လာပါမယ်။ ကျနော်လဲ ဖြေးဖြေးချင်း စုပီးဖြစ်လာတာပျါာ။

အားကျဝမ်းသာမိပါတယ်​ဗျာ ဒီထက်​မကလဲ​အောင်​မြင်​ပါ​စေ။

ဟုတ်ကဲ့ ကိုဇော်ထက်ရေ အားပေးချီးမြှောက်တဲ့အတွက်ကျေးဇူးပါဗျ။

RP60,SP500အတွက်​ ဂုဏ်​ယူဝမ်း​မြောက်​မိပါတယ်​ ကိုကြီး​ရွှေ

ဟုတ်ကဲ့ ကိုnandasai ရေ ဝမ်းသာတယ်ဗျာ။

sp က တက်နေပေမဲ့ rp ကတော့ အတော်တက်ခဲတာကွီးရွှေ ဘွတ်တဲ့သူတွေကျမြန်ပေမဲ့ ဒီတိုင်းကျ အတော်ကို နှေးတာ ကွီးရွှေ နောက် ဒေါ်ဖင်တွေ ဝှေးတွေ အထိ လျှင်မြန်စွာတက်လှမ်းနိုင်ပါစေ ။

မှန်တယ် ဒိုမီရေ ဘာပဲလုပ်လုပ် အခက်အခဲလေးတွေကတော့ အမြဲလိုရှိနေမှာပဲ ဒါကိုကျနော်တို့က ကျော်ဖြတ်နိုင်အောင် ကြိုးစားနေဘို့ပါပဲဗျာ့။ တနေ့ကျ ဒေါ်လ်ဖင်တွေ ဝှေးလ်တွေဖြစ်ကိုဖြစ်ရမယ်ဗျ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.028
BTC 75751.82
ETH 2893.02
USDT 1.00
SBD 2.61