ကျွန်တော့ဘဝထဲက မှတ်တိုင်များ ( Volume 9 )

in #myanmar7 years ago (edited)

Steemit photos.jpg

နှလုံးသားဒဏ်ရာဟောင်းနှင့်ကျွန်တော်

တစ်ချိန်က နှလုံးသားရေးရာ နာကျင်ဖွယ် ခံစားမှုများ ရှိခဲ့ကြဖူးမယ်ဆိုရင် ကျွန်တော့ အဖြစ်လေးနဲ့ တိုက်ဆိုင်နေမလား ဝေမျှခံစားကြည့်ပေးလှည့်ပါ။

သူမ ဆိုသော မိန်းကလေးနဲ့ စတင်တွေ့ဆုံကြစဉ်က ကျနော် ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသား အရွယ်ပေါ့ဗျာ။ ခန်းနားထည်ဝါသော တိုက်တာအဆောက်အဦးကြီးပေါ်က မျိုးဂုဏ်ဆွေဂုဏ် ဓနဂုဏ်တွေနဲ့ ကျနော်တို့မြို့ရဲ့ ကျက်သရေဆောင် မြို့မျက်နှာဖုံး ဟု ဆိုအပ်သော သူဌေးကြီးတစ်ဦးရဲ့ တစ်ဦးတည်းသောသမီးငယ် မိငယ် ဆိုသောမိန်းကလေး တစ်ဦးနဲ့ ဆင်းရဲသားရပ်ကွက်မှာနေ ဖခင်က အစိုးရဌာနတစ်ခုမှ စာရေးကြီး မိခင်က အိမ်ဆိုင်ဈေးသည် မခမ်းနားမကြီးကျယ်သော ကပ်မိုးကပ်ကာ ဝါးထရံကာ အိမ်ငယ်လေးနဲ့ လက်ရှိဘဝမှာ ခြိုးခြံခြွေတာခြင်း သီအိုရီကို လက်ကိုင်ထား စိတ်ချမ်းသာသော မိသားစုမှ သားငယ်ကျွန်တော် တို့ နှစ်ဦး သံယောဇဉ် အမြစ်တွယ်မိကြသော အခါ . . .

Love 1.jpg

အချိန်အခါက ကျနော်တို့နယ်မြို့လေး၏ ဒေသကောလိပ်တွင် ကျောင်းတက်နေစဉ်ကာလ ကျနော် ဒုတိယနှစ်ကျောင်းသားဘဝ မိငယ်ဆိုသော မိန်းကလေးကို စတင်တွေ့ရှိရင်းနှီးခဲ့ကြပါတယ်။ သင်ယူနေသော မေဂျာ ဘာသာရပ်မတူသည့်အတွက် ကျနော်တို့နှစ်ဦး အတွက် ဆုံရပ်ကတော့ အမေချို အသုပ်ဆိုင်ငယ်လေး ဖြစ်ပါတယ်။

နှစ်ဦးသားတွေ့ဆုံ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လက်ရာကောင်းလှသော အမေချို အသုပ်စုံကို အတူစားကြရင်း ကြည်နူးပျော်ရွှင်ခဲ့ရသည်။ သူငယ်ချင်းများအကြား ကျနော်တို့နှစ်ဦးရဲ့ သံယောဇဉ်ကြီးပုံက စံပြုရလောက်အောင်ဖြစ်ခဲ့သည် ။ အချိန်နေ့ရက်တို့သည် တိုက်စားပွန်းရှလာသည်မှာ ကျောင်းတက်နှစ် တစ်နှစ်တိုင်ခဲ့သည်။
လေပြေလေညင်း လေးများပြီးနောက် မုန်တိုင်းငယ်က ရုတ်တရက် ရောက်လာပါပီ ကျောင်းသို့ ကိုယ်တိုင်လာကြိုသော သူမ၏ဖခင်သည် ကျနော်တို့နှစ်ဦး၏ သံယောဇဉ်ကို မြင်တွေ့သိရှိပီးနောက် ကျနော်တို့နှစ်ဦးအကြား ခက်ထန်ကြမ်းတမ်းသော လေနီကြမ်းတစ်ခု ဝင်ရောက် မွှေနှောက်ခြင်း၏ အစဖြစ်လာခဲ့သည်။

Love 2.jpg

ကျောင်းပိတ်ရက်တစ်နေ့ ရုတ်တရက် ဆိုက်ရပ်လာသောအိမ်ရှေ့က အကောင်းစားကားကြီးကြောင့် လူစုံနေသော ကျနော်တို့မိသားစုလေး ခေတ္တကြောင်အမ်းသွားရသည်။ ကားကြီးပေါ်မှ တန်ဖိုးကြီးသော သားရေဖိနပ်တစ်စုံနှင့် ဒေါက်မြင့်ဖိနပ်တစ်စုံ ဖြင့်သူဌေးစုံတွဲနှစ်ဦး ဆင်းသက်လာပါသည်။ ကျွန်တော့အမည်အားမေးမြန်းကာ အိမ်ရှေမှ ဝင်ခွင့်တောင်းလာ၍ ကျနော့် မိဘများမှ လှိုက်လှဲစွာ အိမ်တွင်းသို့ ဖိတ်ခေါ်လေသည်။

အိမ်ထဲအရောက် ထွက်ပေါ်လာသော စကားသံများကတော့ ပျော့ပြောင်းနူးညံ့သော စကားများအစား မိုးကြိုးထစ်သည့်အလား ကြိမ်းဝါး ပြောဆိုနေကြသော မိငယ်၏ မိဘများအား ကျနော်နှင့် မိသားစုမှာအံ့သြမင်သက် ငေးကြည့်နေမိသည်။ နောက်ဆုံးအဖြေတစ်ခု ထွက်လာပါပီ ကျနော့်တို့မိသားစုအား လိုသလောက်ငွေပေးမည် သူမတို့၏ သမီးငယ်အား ကျွန်တော်မှ အဆက်ဖြတ်ရန် ကမ်းလှမ်းလာပါသည်။ ကျနော်တို့ အိမ်ငယ်လေးအတွင်း ပြင်းထန်သော မုန်တိုင်းငယ်တစ်ခု တိုက်ခတ်လေပြီ ကျနော်၏ဖခင်က ရိုးသားအေးဆေးသူဖြစ်သော်လည်း မီးတောက်မတတ် မျက်လုံးအစုံဖြင့် မိငယ်၏ မိဘများအား ပြန်လည်ချေပ ပြောဆိုနေသည်များ ကျနော့်မိခင်မှာလည်း တုန်ရင်နေသော နှုတ်ခမ်းအစုံဖြင့် မျက်လုံးအစုံမှ မျက်ရည်တို့သည်စီးကျလျက် အံကြိတ်ကာပြောလိုက်သည့်စကားများ။ နွမ်းပါးသော ကျွန်တော်တို့ မိသားစု၏ စိတ်နှလုံး ထိခိုက်သည်သာမက ကျနော်သည်လည်း နှလုံးသားအားဆုတ်ခြေခံရသည့်အလား နွမ်းခွေယိုင်နဲ့ခဲ့ရပေသည်။

နောက်ရက်များတွင် ကျွန်တော် ကောလိပ်ကျောင်းသို့ ပုံမှန် အတန်းတက်နေသော်လည်း ကျနော်၏ မိငယ် ကျောင်းတက်ခြင်းမရှိတော့ပါ သူမ၏မိဘများက မြို့ကြီးတစ်မြို့ရှိ အဆင့်မြင့် တက္ကသိုလ် တစ်ခုသို့ ရွှေ့ပြောင်းထားလိုက်ကြသည်။ ကျွန်တော်လည်း နှလုံသားဆန္ဒကို မလွန်ဆန်နိုင် သူမရှိရာ မြို့သို့ တိတ်တခိုး သွားတွေ့ပါသည်။ ရလဒ်ကတော့ အလွန်ဆိုးသည် သူဌေးအလိုကျ ငွေပေးငှားရမ်းထားသော လူမိုက်တစ်စု၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်ပီး အတွင်းလူနာအဖြစ် ဆေးရုံတက်လိုက်ရသည်။

Love 5.jpg

နောက်သုံးလခန့်အကြာ ကျွန်တော်၏ ဒဏ်ရာများ သက်သာလာပီး သူမအကြောင်း ဆက်လက်စုံစမ်းခဲ့သည်။ သူငယ်ချင်းများ တားသည့်ကြားမှ သူမရှိရာ မြို့သို့ ထပ်မံသွားရောက် ခဲ့ပါသည်။ သူမရှိရာ တက္ကသိုလ် အတွင်း သူမကိုရှာတွေ့ခဲ့ပါသော်လည်း ကျွန်တော်၏ အိမ်မက်တို့ ပျက်ပြယ်ဝေးလွင့်ခဲ့ရပါသည်။ အကြောင်းကား-- အကောင်းစားကားငယ်လေးပေါ်မှာ ရွယ်တူ သူဌေးသားတစ်ဦးနှင့်အတူ သူမအတူရှိနေသည်။ ကျွန်တော့ကို တွေ့လိုက်ရချိန် သူမ၏ မျက်ဝန်းအစုံမှာ မျက်ရည်စတို့ ဝေ့သီလျက်။ ကားနောက်ခန်းမှာတော့ သူမ၏ မိဘများက မင်းဘာတတ်နိုင်သေးလဲ ဟူသော အဓိပ္ပါယ်မျက်လုံးများနှင့်ကျွန်တော့အား ကြည့်နေကြသည်။ ကားစက်သံပင်မကြားလိုက်ရ ကျွန်တော့အနီးမှ ထွက်ခွာသွားသာကားငယ်လေးကိုကြည့်ရင်း လက်သီးတင်းတင်းဆုပ်လျက် အံကြိတ်ကာနောက်ကျန်ခဲ့သည်ကကျွန်တော်။

ရွက်ဟောင်းကြွေလို့ ရွက်သစ်တို့ဝေနေကြပြီ မိငယ်၏ သတင်းကိုဆက်လက်စုံစမ်းသော်လည်း အဝေးမြို့ တစ်ခုသို့ ပြောင်းရွှေ့သွားသည်သာ သိလိုက်ရသည်။ ဘယ်ဆီမှာရောက်နေလဲ မိငယ် အလွမ်း အဆွေး အပူမီးကိုရင်ဝယ်ပိုက်ရင်း တစ်ချိန်မှာ ပြန်ဆုံတွေ့ဦးမည်ဟု ယုံကြည်လျက် . . .

post photo volume 8-34.jpg

အဝေးတစ်နေရာမှ ပျံ့လွင့်လာသော သီချင်းသံစဉ်တစ်ခုသည် ကျွန်တော့ အကြောင်းများဖွဲ့သီထားလေသည်လား . . . .

နာကျင်လွယ်တဲ့ နှလုံးသား လေးကို
ဒဏ်ရာတွေနဲ့ မင်းထားရစ်ခဲ့လို့
ချစ်သူမေရယ် ငါခံစားခဲ့ရပီမို့ ……

ငါဘာများ မှားနေလို့များ
နင်ငါ့နဘေးနားကထွက်ခွာသွားသလား
အကြိမ်ကြိမ် အခါအခါ ငါလေတွေးရင်းအလွမ်းညများ . . .

နင်နာကျင်နေလဲ မေ့ပစ်လိုက်ပါ
ဒဏ်ရာတွေနဲ့ ထားခဲ့လိုက်ပါ
မင်းရဲ့ ရင်ထဲကငါ့ကို ထုတ်ပစ်လိုက်ပါတော့
နင့်မိဘတွေနဲ့ ငါ့ရဲ့ကြား
နင်မသိသေးတဲ့ ပြဿနာများ
တို့နှစ်ဦးနီးစပ်ဘို့ အတွက်တံတိုင်းတွေကာဆီးထား . . .

အသစ်ကပြန်စချင်တယ်
ငါ့ရင်ထဲ
ငါရင်ခုန်ဘူးတာ မင်းတစ်ယောက်တည်း
ရင်ဆိုင်မယ် အန္တရာယ်မုန်တိုင်းများထဲ လည်းဖြတ်ကျော်နိုင်တယ်

အသစ်ကပြန်စချင်တယ် ငါ့ရင်ထဲ
ငါရင်ခုန်ဘူးတာ မင်းတစ်ယောက်တည်း
အခြေနေတွေခြားလို့ တို့နှစ်ယောက်ဝေးခဲ့ရပေမယ့်
ပြန်ဆုံနိုင်ခွင့်တော့ရှိနေချင်သေးတယ် ။ ။

နှလုံးသားဒဏ်ရာဟောင်းများ ရှိခဲ့ကြလို့ တိုက်ဆိုင်မှုများရှိရင် ခွင့်လွှတ်ပေးကြပါလို့ ။ ။ ။

Steemit photos for paragraph.jpg

နှလုံးသားဖြင့် ခံစားရေးသားသူ > > > ညီညီဝင်း
Writer > > > @nyinyiwin ( Steemit )
writing time > > > 26.8.2017 ( Saturday ) pm (10:00)
Crd: Photo From Google
#Love #Life #Literature

Steemit photos for paragraph.jpg

1.jpg

Sort:  

ဟုတ်ကဲ့ ရင်တွင်းဖြစ်ပါဗျာ ။ အားပေးမှုကိုကျေးဇူးပါ။

သူမ ကို အခုထိ မမေ့နိုင်သေးဘူးဆိုပါတော့ ဆရာ

အဟုတ်ဗျာ ။ ကျနော်ရေးရေးနေတဲ့ သူမဟာ ကျွန်တော့ရဲ့ သူမပါ။

စာရေးတာ စိတ်နဲ့ လက်တစ်ထပ်တည်းမကျဘူး၊ စိတ်ကလောနေပြီး လက်ကနှေးနေတော့ လက်နဲ့ စိတ်ရန်ဖြစ်ထားတဲ့ လက္ခာတွေကို စာထဲမှာတွေ့နေရတယ် ကိုညီရေ။ စိတ်နဲ့လက်နဲ့တစ်ထက်တည်းကျအောင် ကလေးတွေအိပ်ချိန်မှရေးပါကွယ်။

ဟုတ်ဆရာ ကြိုးစားပီး လုပ်ပါမယ်။

တကယ့် ကိုယ်တွေ့ ဖြစ်ရပ်လားကိုကြီး ....ဒါမှမဟုတ်ဝတ္ထုလား..အရမ်းခံစားရတယ်..ချစ်သူနှစ်ဦး ချစ်နေလျှက် ဂုဏ်တွေ၊ငွေတွေကြောင့် ဝေးကြရတယ်....😩😩😩😢

အမှန်အတိုင်းပြောရ ရင် အကိုရဲ့ ငယ်စဉ်က တကယ့်ဖြစ်ရပ်ပါ ။ ရုပ်ရှင်ဇတ်လမ်း ၀တ္ထု မဟုတ်ပါဘူး ။ ကျနော်မြန်မာ ရုပ်ရှင်ဇတ်လမ်းကြည့်ရင် ကျွန်တော့်လို ဖြစ်ရပ်တွေ မြင်တွေ့ရလို့ ယခုအချိန်ထိ မြန်မာ ရုပ်ရှင် ဇတ်လမ်းမကြည့်တော့ပါ။

😩😩😩

ငိုပီ 😪😪

တိုက်ဆိုင်သွားရင် ခွင့်လွတ်ပါဗျာ။

တိုက်ဆိုင်သွားရင် ခွင့်လွတ်ပါ့။

Heart touching post... :(

ဟုတ် ကဲ့ဗျာ မရည်ရွယ်သော်လည်း တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ။

အရမ်းခံစားရပါတယ်အကိုရယ် မမြင်နိုင်တဲ့ကံကြမ္မာက
ရက်ရက်စက်စက် ခါးသီးတဲ့ရင်နင့်ဖွယ်လေးပါ ပြန်လည်စေမျှပေး
လိုက်တဲ့အတွက် အကို့ရင်ထဲနည်းနည်းတော့ပေါ့သွားသလို
ခံစားလိုက်ရပါစေလို့ဆုတောင်းပေးတယ်ဗျာ အရမ်းကောင်းတယ်

ဟုတ်ကဲ့ဗျာ ခုလို အားပေး တဲ့အတွက် ကျေနပ်မိပါတယ်။ နှလုံးသားဒဏ်ရာကတော့ မသက်သာပါဘူးဗျာ တချက်တချက် ရင်နင့်အောင်ခံစားရတယ်။

Really good!

အားပေးမှုကို ကျေးဇူးပါ။

The reason of being a bachelor😀😀

bachelor ဖြစ်လာပီးမှတော့ ဒီလောက်တော့ ရှိမှာပေါ့ :p

အားပေးနေပါတယ်

thanks you bro .

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65546.28
ETH 2666.01
USDT 1.00
SBD 2.90