ကျွန်တော့ဘဝထဲက မှတ်တိုင်များ ( Volume 2 )steemCreated with Sketch.

in #myanmar7 years ago (edited)

'' အသိဥာဏ်များ မစုတ်ပြဲပါစေနှင့် ''

ကျွန်တော် အရွယ်ငယ်စဉ်က အမှတ်ရစရာ အဖြစ်လေးတစ်ခုပါ ။ ကျွန်တော်သည် ကျောင်းဆရာတစ်ယောက်မဟုတ်သော်လည်း ကျွန်တော် နေထိုင်ရာ ရပ်ကွက်တွင်း နှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ကလေးငယ်များအား စာပေများသင်ကြားပေးခြင်းအား ပြုလုပ်ပေးခဲ့ပါသည်။
တနေ့တွင် ဘုန်းတော်ကြီးသင် စာသင်ကျောင်း၌ မူလတန်းအရွယ် ကလေးများအားစာသင်ပေးချိန် ဖြစ်သည် ၊ စာသင်ချိန် ခေတ္တနားခိုက် ကလေးများဆော့ကစားနေသည်ကို ကျနော် ကြည့်နေမိစဉ် ကလေးငယ်နှစ်ဦှး ဆူညံစွာ အော်ဟစ်နေသည်ကို ကြား၍ စူးစမ်းမိသောအခါ အနည်းငယ် အသက်ကြီးဟန်ရှိသူ အနည်းငယ်ကြီးသူတစ်ဦးက သူ့ထက် ငယ်သောကလေးတစ်ဦးထံမှ ကာတွန်းစာအုပ်တစ်အုပ်အား ဆွဲငင် လုယူနေသည်ကိုတွေ့ရသည်။ ထိုကာတွန်းစာအုပ်မှာ ကလေးလူကြီးမရွေး အခမဲ့ ဖတ်ရှုရန်ထားရှိသော ဘုန်းတော်ကြီးကျောင်း၏စာကြည့်တိုက် မှဖြစ်သည်။
download (1).jpg
လူငယ်နှစ်ဦး စာအုပ်အားလုကြစဉ် ထိုစာအုပ်စုတ်ပြဲသွားပေပြီ။ ထိုကလေးငယ်နှစ်ဦးအားခေါ်ယူဆုံးမရတော့သည်။ ကျနော်၏ လက်စွဲတော် ကြိမ်လုံးငယ်ဖြင့် ကျောင်းသားနှစ်ဦးအား ညင်သာစွာရိုက်ကာ နောက်နောင် စာအုပ်များ စုတ်ပြဲခြင်းမဖြစ်အောင် ကိုင်တွယ်ရန်၊ ခိုက်ရန်မဖြစ်ရန် ပြောဆိုဆုံးမရသည်။
ကျွန်တော်နှင့် ကျောင်းသားနှစ်ဦး ဖြစ်အင်ကို ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ အကြီးအကဲ နာယကဖြစ်သူ ကျောင်းထိုင်ဆရာတော်မှ အကဲခတ်ကြည့်ရှု့နေသည်ကိုကား ကျွန်တော်မသိပါချေ။
စာသင်ချိန်ပြီး၍ ကျနော်လည်း ဆရာတော်ထံ ဝင်ရောက်၍ ဝတ်ပြုစဉ် ဆရာတော်မှ မိန့်ဆိုလာပါသည်။ ဒကာလေး ကျောင်းသားတွေပေါ် ဆုံးမတာ နည်းလမ်းမှားနေတယ် ဟူ၍ မိန့်ပါသည်။ ကလေးငယ်တွေကို ဆုံးမတာ ကြိမ်လုံးနဲ့ ရိုက်စရာ မလိုပါဘူးကွယ် ကာတွန်းစာအုပ်ကို ကလေးသဘာဝ လုကြမှာပဲ စာအုပ်ဆိုတာမျိုးကလဲ စုတ်လွယ် ပြဲလွယ်တယ်လေ ၊ ကလေးငယ်တွေရဲ့ ငယ်ရွယ်စဉ် အသိတရား နုနယ်ချိန်မှာ သူတို့လေးတွေရဲ့ စိတ်နှလုံးကို သူတို့လေးတွေရဲ့ အသိဥာဏ်ကို မစုတ်ပြဲပါစေနဲ့ကွယ် ၊ ဒီစကားဟာ စာရေးဆရာ ဦးအောင်သင်းက ပြောခဲ့တာကွဲ့ ဟု မိန့်ဆိုလာပါတယ် ။ ဒကာလဲ ပညာတတ်တစ်ယောက်ပဲ ဆရာတော် မိန့်ဆိုတာ နားလည်သဘောပေါက်ပါလိမ့်မယ်ဟု ဆက်လက်မိန့်ဆိုပါတယ်။
images (3).jpg
မှန်ပါသည် ကျွန်တော်၏ ရိုက်နှက်ဆုံးမမှုသည် ကျောင်းသားလူငယ်လေးများ၏ စိတ်နှလုံးကိုဆုတ်ဖြဲရာရောက်သည်သာမက နုနယ်သော သူတို့လေးတွေ၏ အသိဥာဏ်ကိုလည်း ဆုတ်ဖြဲရာရောက်နေပေသည်။ ထိုနေ့မှစ၍ ကျွန်တော်၏ စာသင်ခန်း၌ ကြိမ်လုံးမရှိတော့သလို ကျောင်းသားငယ်များကိုလည်း နူးညံ့စွာ ပြောဆိုဆက်ဆံကာသူတို့ လေးတွေ၏ နှလုံးသားများမစုတ်ပြဲစေရေး နုနယ်စဉ် အသိဥာဏ်များ မစုတ်ပြဲစေရေး အထူးအလေးထား ဆောင်ရွက်ခဲ့ပါသည်။
ကျွန်တော်ကဲ့သို့ အခြားသော ဆရာဆရာမများလည်း ပြုမိကောင်း ပြုမိခဲ့ကြပါလိမ့်မည်။ ကလေးငယ်များ၏ နုနယ်သောနှလုံးသားအသိ နှင့် အသိဥာဏ် ကိုတော့ မဆုတ်ပြဲအောင် ဆုံးမကြပါရန် ဤဆောင်းပါးဖြင့် အကြံပြုအပ်ပါသည်။
images (1).jpg

IMG_20170514_010852.jpg

Writer >>>@nyinyiwin (Steemit)
#Education
#Knowledge
#Life
#Literature
Credits : using Google photos.

Sort:  

Congratulations @nyinyiwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

စာသင်နေဆဲ ဆရာတစ်ဦးအနေဖြင့် ကျော်ဖြတ်လာခဲ့သည် အတွေ့အကြုံအရ အခြေအနေနှင့် အချိန်အခါအရ သင့်တင့်မျှတသော ရိုက်နှက်ဆုံးမခြင်း လိုအပ်သည်ဟု ခံယူပါသည်။

ဟုတ်ကဲ့ပါဆရာ ဆုံးမတာ လိုအပ်တာမှန်သော်လည်း ကျွန်တော်၏ဆိုလိုရင်းမှာ ကျောင်းသားငယ်များ၏ စိတ်နှလုံး ဒဏ်ရာမရစေရန် ဖြစ်ပါတယ်ခင်ဗျာ။

Please continue posting the original and valuable content ..... good job..

ဟုတ်ကဲ့ အကို original content တွေပဲ ဆက်လက်ရေးသွားမှာပါ။ အကောင်းဆုံးဖြစ်အောင်လဲ ကြိုးစားသွားမှာပါအကို။ အခုလိုအားပေးတာကို ကျေးဇူးပါခင်ဗျာ။

ဟုတ်တယ်ဗျာ တစ်ချို့ဆိုပိုဆိုးတယ်ဗျ ကလေးကိုအကျိုးသင့်အကြောင်းသင့် ဘာမှပြောမပြဘဲဆော်တာ ကလေးကအသားတာနာတယ် ဘာလို့မှန်းတောင်မသိရှာတာမျိုးတွေအထိတွေ့ဖူးပါတယ် ကိုယ်ကတော့ ဘေးကဝမ်းနည်းပေမဲ့ ခါတစ်လေကျ ဘေးကကလေးသနားလို့ဝင်ပြောတဲ့သူပါ အဆဲခံရသေးတယ် ဆရာရေးတဲ့ စာလေးက ဆရာတွေအတွက်တင်မဟုတ်ဖဲ မိဘများလဲ သတိထားသင့်ပါတယ်ထင်ပါတယ် အရန်းကောင်းတဲု့ ပညာပေးလေးပါဗျာ

ဟုတ်ကဲ့ အားပေးဖတ်ရှု ထောက်ခံပေးတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ကျေးဇူးပါ dome.

right and good

Thanks you. မမ mm

အရမ်းကောင်းတဲ့စာပေပါဗျာ ကျေးဇူးတင်ပါတယ်ဗျာ

ဟုတ်ကဲ့ အားပေးတာကို ကျေးဇူးပါဗျာ။

အ​ရေးအသား​ကောင်းတယ်​ အကို

ဟုတ်ကဲ့ဗျာ အားပေးတာကို ကျေးဇူးပါ။

ဟုတ်ပါတယ်အကိုရေ မှန်ပါတယ်ကျနော်ဖြင့် တခါတလေ ကလေးတွေက ကိုတွေးမထားတဲ့ အသစ်ဆန်လေးတွေတောင် ပေးတက်လွန်းလို့ စိတ်ထဲကလည်း ကျေနပ်အားရမိပါတယ် နို့မဟုတ်ဘဲအရိုက်ဘဲဆိုရင် သူတို့အတွေးတွေ ရိုင်းနေမိတော့ သင်ရတဲ့ဆရာနဲ့ အဆင်ပြေဖို့မလွယ်ဘူး

ဟုတ်ကဲ့ဗျာ ကျနော်တင်ပြတဲ့ အချက်လေးတွေ လက်ခံကြလို့ ကျေနပ်မိပါတယ်

ဆရာ့စာ​တွေ ​ကြိုက်​တယ်

Thanks you .

ဖတ်ရတာ အရသာရှိလိုက်တာဗျာ၊ ကျေးဇူးပါ

ဟုတ်ကဲ့ဗျာ ခုလိုအားပေးတာနဲ့ ရေးရတာ အားရှိတယ်ဗျာ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58665.29
ETH 2302.95
USDT 1.00
SBD 2.51