“ အချစ်တစ်ခုအကြောင်း”

in #myanmar8 years ago

IMG_20171211_182328.jpg

“ အချစ်တစ်ခုအကြောင်း”

ကြင်နာသူရေ- ငါလေ
မမုန်းရက်ခဲ့ အသက်ရှင်နေနိုင်နေတာက မင်းအတွက်ပါပဲ
မစိမ်းကားရက်ခဲ့ အသည်းကိုခြွေယူပေမယ့် ခွင့်လွှတ်နေမယ့်သူ
ငါနှလုံးသား နာကျင်နေရလည်း မမုန်းနိုင်ပါဘူးလေ။

ကြင်နာသူရေ - ငါလေ
မေ့မရခဲ့ အလွမ်းဒဏ်ရာတွေက နေရာတိုင်းမှာလေ
မထူးဆန်းတော့ပေမယ့် အချစ်ဆိုတာကို သေချာမတွေးမိခဲ့ပါ
ငါ့အသဲကွဲသွားပါစေ မမေ့နိုင်ပါဘူးလေ။

နေပါစေတော့လေ သူပျော်ရာကို ထွက်သွားခဲ့လေတော့
ကြင်နာသူရေ မင်းလေးအတွက်ဆို ဖြစ်လေရာနာခံနေရင်း
ဒီနှလုံးက ခွင့်လွှတ်နေပါ့မယ်။

နေပါစေတော့လေ သူသာအဆင်ပြေတယ်ဆို ပြီးတာပဲလေ
ကြင်နာသူရေ ငါ့ဆီကို ပြန်လည်လှည့်မကြည့်တော့ပေမယ့်
ဒီရင်မှာ အပြုံးနဲ့ နှုတ်ဆက်နေခဲ့လိုက်မယ်။

ကြင်နာသူရေ - ငါလေ
မင်းပျော်ရာကိုထွက်သွား၊ မင်းပျော်နေသလိုနေ ငါ့ကိုမေ့သွားပါစေ

ကြင်နာသူရေ ဒီနှလုံးသားက မင်းလေးအတွက်ဆို ကြွေချင်ကြွေပါစေတော့ကွယ်။
အစွန့်လွှတ်ခံချစ်ခဲ့တယ်။

ကြင်နာသူရေ - ငါလေ
စွန့်လွှတ်ရင်းနဲ့ အဝေးကနေ ချစ်နေတော့မယ်။

ဈာန် ( မုံရွာ )

ဈာန်(မုံရွာ)သည် ကျနော်၏ ကဗျာရေးသော အမည်ဖြစ်သည်။

img.jpeg
Credit Image Source

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>10:10 PM (4.5.2018)

#Myanmar #Poem #Love #Life #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

The Tree of Life, or Etz haChayim (עץ החיים) has upvoted you with divine emanations of G-ds creation itself ex nihilo. We reveal Light by transforming our Desire to Receive for Ourselves to a Desire to Receive for Others. I am part of the Curators Guild (Sephiroth), through which Ein Sof (The Infinite) reveals Itself!

အကို့ကဗျာက အချစ်စာသား ခံစားချက်များ အများကြီး ပေါ်လွင်ရရှိပါတယ်ဗျာ။ ရသအစွမ်း ပေးနိုင်ပါတယ်။ သံစဉ်လေးသာထည့်နိုင်ရင် သီချင်းကောင်းတစ်ပုဒ်ဖြစ်မယ်ဗျ။ သီချင်းရေးတဲ့ဆရာတစ်ယောက်လောက်တွေ့ရှိပြီး သီချင်းကောင်းတစ်ပုဒ်ဖန်တီးနိုင်ပါစေဗျာ။

အော် ဟုတ်ကျေးဇူးပါဗျာ အားပေးမှုကို ၀မ်းသာမိပါတယ်။ သီချင်းရေးဘို့ စိတ်ကူးမရှိပေမယ့် ကဗျာလေးတွေကလဲ သီချင်းဖြစ်နိုင်ပါတယ်ဗျာ။

really best post.........i like your post,,thanks for sharing

oh thanks you . I have try my best. It's really love story in poem.

ကြင်နာသူရေ..လှမ်းခဲ့ပါ လမ်းတလျှောက်မှာမြွေပွေးလေးတွေ ဖြန့်ခင်းထားမယ် ယုံကြည်ပါ...🎤🎤🎤🎼🎼🎼😋😋

အောင်မငီး အဲလောက် အချစ်မကြီးရဘူးလေ ရက်စက်ပါပေ့ ကောင်မလေးရာ။

သံလမ်းအတိုင်းမလျောက်နဲ့ အီးမိုင်းတွေပေါတယ် ☺☺

ကိုစိုးတို့ အိမ်နားအီးမိုင်းတွေ ပေါတယ်မို့လား အဟားး☺☺☺☺

ဟိဟိ😂😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကြင်နာသူရယ် မင်းအဆင်ပြေတယ်ဆိုလို့ ငါကျေနပ်နေသူပါ

အားပေးတာ ကျေးဇူးဗျ။ စိတ်ကူးလေး နုနေတုန်း ရေးထားတာပါ။

ကြင်နာသူရေ အဝေးရောက်နေလဲ ငါ့ကိုပဲ ချစ်နေပါနော် 😍😍

Good tal....က​ဗျာ​ကောင်းဘဲ...😊

ဟုတ်ဗျ လာရောက်အားပေးတာကို ၀မ်းသာ ကျေးဇူးပါဗျာ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 64353.25
ETH 1746.84
USDT 1.00
SBD 0.44