" ချာတိတ် မုန်းသော လူကြီး "Part 8
" ချာတိတ် မုန်းသော လူကြီး "
part - 8
နီးကပ်ကျသွားသည် မျက်ဝန်းနှစ်ခု။
"ဟုတ်တရ်…ကိုယ်မင်းကို ဆူနေတာ…ဘာဖြစ်လို
ဒီလို ဒဏ်ရာရလာတဲ့အထိ ဖြစ်ရတာလည်း…ကိုယ်ကိုကိုယ်လည်း ဂရုစိုက်တက်မှပေါ့။…"
'အာဏာစက်' က ပြောလည်းပြော ဂျုး လက်ပေါ်ရှိ
ဒဏ်ရာလေးကို ဂွမ်းမှာ အရက်ပြန်ဆွတ်ရင်း သန့်ရှင်း
ပေးလိုက်သည်။
" ကျုပ်ဘာသာ ကျုပ်လုပ်မယ်……"
ဂျုးက အတင်းရုန်းတော့ 'အာဏာစက်' က လွတ်မပေး
ဘဲ သူမ လက်ကလေးကို ဖိဆုတ်ကာ ကိုင်ထားရင်းမှ…
"ငြိမ်ငြိမ်နေနော်…မဟုတ်ရင် ကိုယ်မင်းကို ဖမ်းချုပ်ပြီး
ဆေးထည့်ပေးမှာ "
" ဘာ …ခင်ဗျား …ဘာစကားပြောတာလည်း…
ကျုပ်ကို အဲဒီလို လုပ်လိုရမယ် ထင်နေတာလား "
ဂျူးစကားကို 'အာဏာစက်' က ပြုံးရင်း ………
" မင်းရောက်နေတာ ကိုယ်ရဲ့ ကားပေါ်မှ ဆိုတာ မမေ့နဲ့နော် …ချာတိတ် "
"ခင်ဗျား ………"
ဂျုး မျက်နှာလေးစူပုတ်ကာ ငြိမ်ကျသွားသည်။
အဟွန်း…ဒီလိုကျပြန်တော့လည်း ချာတိတ်က ကြောက်သားဘဲ ……။
'စက်' တွေးကာ ပြုံးရင်း ဆေးနီဗူးလေးကို ညစ်ကာ သူမဒဏ်ရာကို လူးပေးလိုက်ရင်း ပတ်တီးပတ်ကာ စည်းပေးသည်။
"ဟွန့်……သူကားပေါ်မှာ ဆိုပြီး သက်သက်မဲ့ အနိုင်ကျင့်နေတာ။ အကျင့်မကောင်းတဲ့ လူကြီး…
မုန်းစရာ ကောင်းတဲ့ လူကြီး ။
ဂျုး …လက်ကလေးကို မရုန်းတော့ပေမဲ့ 'စက်' ကို
စိုက်ကြည့်ရင်း အမျိုးမျိုး စိတ်ထဲမှ အမည်ပေးကာ
မေတ္တာပို့ပေးနေမိသည်။
"ပြီးပြီ ………"
'စက်' တစ်ယောက် ပတ်တီးစည်းပေးအပြီး မျက်ဝန်းတို့ကဖျက်ခနဲ့ မော့အကြည့် သူကို စိုက်ကြည့်နေသည် ဂျုး မျက်ဝန်းတို့နှင့် သွားဆုံသည်။
ဂျုးက ချက်ချင်းပင် မျက်နှာလွဲလိုက်ရင်း …စူပုတ်ပုတ် မျက်နှာလေးဖြင့် 'စက်' ကိုင်ထားသည်
လက်ကို အတင်းရုန်းကာ……လိပ်တင်ထားသည်
အကျီ င်္လက်ကလေးကို ဆွဲချသည်။
'အာဏာစက်' တစ်ယောက်
သူမ ဖြစ်နေသည် ပုံလေးကို
တစ်ချက်ဝေ့ကြည့်ရင်း မသိမသာ ပြုံးကာ ထိုးရပ်ထားသည် ကားကို ပြန်မောင်းသည်။
သူ ဘဝမှာ မိန်းကလေးတစ်ယောက်ကို ဂရုတစ်စိုက်နဲ့
ဆေးထည့်ပြီး ပြုစုပေးတာဟာ ပထမဆုံးအကြိမ်။
အခြား မိန်းကလေးတွေဆို သူရဲ့ ပြုစုယုယမှုကြောင့်
ပျော်ရွှင်နေမှာ မှန်ပေမဲ့ သူရှေ့မှာ ရှိနေသည်
ချာတိတ်မကတော့ မျက်နှာက စူပုတ်ပုတ်ရယ်။
ကျေးဇူးတင်စကား တစ်ချက်မှ မဆိုသည်အပြင် သူဘက်ကိုတောင် တစ်ချက်မှ ငဲ့စောင်းမကြည့်။
ဘယ်လိုဘဲ ဖြစ်ဖြစ် ချစ်ရပါတယ် ချာတိတ်ရယ်။
ကိုယ်ဘေးနားမှာ မင်းရှိနေရုံနဲ့တင် ကျေနပ်နေသူမို့…………။
ကားလေးက လမ်းမထက်မှာ ပြေးလွှားနေလျှက်။
စကားပြောသူမဲ့သော ကားထဲမှာ တိပ်စိတ်ခြင်း များစွာတို့ဖြင့် ။
…………………………………………
'အာဏာစက် ' မောင်းလာသည် ကားလေးက
စားသောက်ဆိုင် တစ်ခုရှေ့တွင် ညင်သာစွာ ထိုးရပ်သွားသည်။
"ဆင်း………"
'' ခင်ဗျား…အလုပ်ကိစ္စကို
ဒီမှာချိန်းဆိုထားတာလား ''
ဂျုးက မယုံကြည်သလို မေးတော့……
"မေးခွန်းထုတ်နေတာလား။သေခြာတာ တစ်ခုက ကိုယ်မင်းကို မရောင်းစားပါဘူး "
" လူစိတ်ဆို မသိနိုင်ဘူးလေ…မကောင်းတဲ့ လုပ်ငန်း
တွေ လုပ်ရင်း ချမ်းသာနေတဲ့ သူဌေးတွေမှ အများကြီး"
"ကျွတ်……"
'စက်' တစ်ယောက် မျက်မှောင်ကြုံလိုက်ရင်း ကားထဲမှာသာ ဆက်ထိုင်နေရင်း စကားများနေသည် ချာတိတ်လက်ကို ဆွဲကာ ကားပေါ်မှ ဆင်းလိုပ်သည်။
"ဟေ့……ခင်ဗျား။ ကျုပ်လက်ကို ကိုင်ပြန်ပြီလား အခုလွှတ် …။ …လွှတ်ဆို "
ဂျုးက အတင်းရုန်းသည်။ 'စက်' က မလွှတ်ဘဲ ကား
ပေါ်မှ အတင်းဆွဲချရင်းမှ …………
"သေခြာတယ်…ဒီလောက်အထိ စကားများနေတဲ့ မင်းကို ကိုယ်တော့ ရောင်းစားမိတော့မယ်ထင်တယ် "
"ခင်ဗျား ………"
ဂျုး …စကားဆုံးအောင် မပြောလိုက်ရပါ။ စားသောက်ဆိုင် ရှေ့ရှိ ဧည့်ကြို့နှစ်ယောက်က
အတင်းပြေးလာပြီး သူမတို့ကို လာရောက်
ဦးညွှတ်သောကြောင့် ဖြစ်သည်။
" ကြွပါ ခင်ဗျ… သူဌေးလေး…"
'စက်' ထိုလူများကို တစ်ချက်သာ ဝေ့ကြည့်လိုက်ရင်း
………ဂျုး ဘက်ကို လှည့်ကာ နှစ်ကိုယ်ကြား
လေသံဖြင့်……
" ကောင်းကောင်းလိုက်ခဲ့သင့်တယ်နော်…ချာတိတ်။
ကိုယ်မင်းကို ဒီကိုခေါ်လာတယ်ဆိုတာက ထမင်းဖိတ်ကျွေးချင်ရုံပါ…"
"ကျုပ်…မစားချင်ဘူး။ခင်ဗျား အလုပ်ကိစ္စဆို ရှိတယ်
ဆိုလိုသာ ကျုပ်လိုက်လာတာ။ မရှိရင် ပြန်မယ် "
ထွက်သွားရန် ပြင်နေသော ဂျုးလက်ကို 'စက် ' ဆွဲလိုက်ရင်း ………
"ကိုယ်က စေတနာနဲ့ ဖိတ်ကျွေးတာနော်…မင်း
ကိုယ်စေတနာကို အသိအမှတ်ပြုရင်
လက်ခံသင့်တယ် "
'စက်' စကားကို ကြားတော့ ဂျုးက အလိုမကျသည် မျက်နှာဖြင့် တွန့်ကွေးပြုံးလိုက်ရင်း …'စက်' ကိုင်ထား
သည် လက်ကို စောင့်ရုန်းထွက်လိုက်ကာ……
"မလိုဘူး…ခင်ဗျားဆီက စေတနာဆိုတဲ့ အရာကို ကျုပ်မလိုအပ်ဘူး။ အရာရာကို ငွေနဲ့ တိုင်းတာတက်တဲ့ ခင်ဗျားလို လူဆီက စေတနာ ဆိုတဲ့
စကား ထွက်လာတာ အံသြစရာဘဲ "
"ဂျုး……မင်း ။ မင်းကွာ ………"
'စက်' မျက်နှာ ဒေါသအရှိန်ဖြင့် ရဲခနဲ့ ဖြစ်သွားသည်။
ဖျက်ခနဲ့ ဆုတ်ခြေလိုက်မိတဲ့ လက်သီးဆုတ်…။
တောက်ခေါက်မိမတက် ဖြစ်သွားပေမဲ့ စိတ်ကိုယ်
ထိန်းချုပ်ကာ ဆုတ်ခြေထားတဲ့ လက်သီးဆုတ်ကို
ဖြန်ဖြေချမိတဲ့အထိ သူမကို ချစ်မြက်နိုးခဲ့မိတာ။
သူမနေရာမှာ အခြားသူသာဆို ……။
အတွေးစတို့နှင့် အတူ မြက်နိုးစွာ စိုက်ကြည့်လိုက်မိတာ ချာတိတ်ကို။
ဂျုး အရေးမစိုက်။သူအကြည့်တွေ အောက်ကနေ
လှည့်ထွက်လာခဲ့သည်။တစ်နေရာ အရောက်…
"ဘုတ်………"
"အင့် ……"
တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိကာ ဂျုးကိုယ်လေး
ယိုင်ထွက်သွားသည်။
'ခွမ်း ………"
တစ်ဖက်မှ ဖုန်း ပြောရင်း လာသည်မို့ ပြုတ်ကျသွားသည် ဖုန်းလေးက ကြွေပြားခင်းလမ်းပေါ်သို့။
"တောက်…
လူတစ်ယောက်လုံး လာနေတာကို မမြင်ရအောင်
ကန်းနေတာလား "
ရိုင်းစိုင်းသော စကားအပြောအဆိုနှင့်အတူ ကြေးနီရောင် ဆံပင်ခွေခွေလိမ်လိမ်လေးဖြင့် …လှပလွန်းသည် အမျိုးသမီး တစ်ဦး။
ဂျုး ဘက်မှ
ဘာဖြေရှင်းချက်မှ မဆိုရသေးခင်မှာပင်……ထိုအမျိုး
သမီးက အကျီ င်္လက်ရှည်အကွက် တစ်ပတ်နွမ်းလေးဖြင့် ဂျုး ပုံစံကို ကြည့်ကာ မျက်နှာကို ရှုံမဲ့လိုက်ရင်း……
"စိတ်ပျက်ဖို့ကောင်းလိုက်တာ။ဘယ်လိုမိန်းကလေးမျိုးလည်း ။ အပြစ်လုပ်ထားပြီးရင် တောင်းပန်ရမယ်ဆိုတာ နားမလည်ဘူးလား "
နှစ်ယောက်စလုံးက မှားသည်ကို သူမကိုဘဲ ရိုင်းစိုင်းစွာ
ပြောနေသည် ထိုအမျိုးသမီးကို ကြည့်ကာ ဂျုး ဒေါသ
ထွက်သွားသည်။
"ရှင်မှာလည်း မျက်လုံးပါတာဘဲ ကြည့်ရှောင်လေ။
နှစ်ဦးစလုံးက မမြင်ကြလို တိုက်မိတာ။ ဒါကို ကျွန်မ တစ်ဦးတည်း မှားနေသလို လုပ်ပြီး တောင်းပန်
ခိုင်းမနေနဲ့ "
"ဘာ …နင်……"
"ကျွန်မက မရိုင်းတက်ဘူး…ဒါပေမဲ့ ကျွန်မကို လာရိုင်း
ရင် ဆယ်ဆပြန်ရိုင်းတက်တယ် ''
"တောက်…အဆင့်အတန်းမရှိတဲ့ မိန်းမ "
ထို မိန်းမ ပါးစပ်က ထွက်လာသော စကားက ဂျုးရဲ့
ဒေါသကို စနစ်မီးတက်ပေးလိုက်သည် အတိုင်း …။
"ရှင် ပါးစပ်ကို ပိတ်ထား။ အဆင့်အတန်းဆိုတာ ဘာလည်း ။ရှင်တိုင်းတာပြနိုင်ရင် တိုင်းတာပြလေ…
ရှင်က အရင်စရိုင်းပြီး အဆင်အတန်းဆိုတာကို ပြော
နေတာလား ။ အဟက်…ရီစရာကောင်းတယ် "
ဂျုး တမင်ပင် ထို့ မိန်းမကို အမြင်ကပ်ကပ်စွာဖြင့် ဟားတိုက်၍ ရီမောပစ်လိုက်သည်။
"တောက်……နင်…နင်
စံတော်ဝင် တစ်ယောက် အနာပေါ်ကို တုတ်ကျသွား
သလို ဆွေ့ဆွေ့ခုန်နေလေသည်။
ထို့အခိုက် သူမတို့နားကို ရောက်လာသူက 'အာဏာစက် '။
"ဘာဖြစ်တာ…"
'အာဏာစက်' စကားသံတို့က တစ်ဝတ်တစ်ပျက်နှင့်
ရပ်တန့်သွားသည်။အံသြမှုများစွာတို့ဖြင့် ကြည့်လိုက်မိသည်က ဂျုး ရှေ့မှ အမျိုးသမီးကို……။
"မင်း…စံ…စံတော်ဝင်…"
ထို့အမျိုးသမီးကလည်း အံအားသင့်စွာဖြင့်……
"စက်…"
သို့သော် 'အာဏာစက် ' အံသြမှုက တစ်ခဏအတွင်းသာ။ ချက်ချင်းပင် မျက်နှာက ခက်ထန်သွားပြီး
မျက်နှာ လွဲလိုက်ကာ ဂျုးဘက်ကို
လှည့်လိုက်ရင်း ဂျုး လက်ကို ဆွဲကာ ထွက်သွားရန်
ပြင်သည်။
သို့သော် 'စံတော်ဝင်' ဆိုသော အမျိုးသမီးက 'အာဏာစက်' သွားမည် လမ်းတွင် ပိတ်ရပ်လိုက်ရင်း……
"မိတ်ဆွေဟောင်းကို မနှုတ်ဆက်တော့ဘူးလား
'စက် ' "
"မင်း နဲ့ငါကြား မိတ်ဆွေဆိုတဲ့ စကားလုံးကို
မသုံးသင့်ဘူးထင်တယ်နော် စံတော်ဝင် "
" အဟင်း…စက် က အများကြီး ပြောင်းလဲသွား
တာဘဲ "
"တော်လိုက်တော့ စံတော်ဝင်…မင်းနဲ့ငါကြား ပြောစရာ စကားမရှိဘူး။ ငါရှေ့ကထွက်သွား "
'အာဏာစက်' စကားကြောင့် စံတော်ဝင်က ရဲရဲနီအောင်ဆိုးထားသည် နှုတ်ခမ်းကို တွန့်ကွေး၍
မဲ့ပြုံး ပြုံးလိုက်ရင်း 'စက် ' ဆွဲကိုင်ထားသည် ဂျုး လက်ကိုစိုက်ကြည့်၍ ………
"ဘာကြောင့်လည်း။ ဒီလိုစကားမျိုး ပြောထွက်တာ
ဘေးနားက မိန်းကလေးကြောင့်လား "
ဂျုး မျက်နှာ ရဲခနဲ့ ဖြစ်သွားသည်။ ရှက်ရွံခြင်းကြောင့်
မဟုတ် ။ ဒေါသအရှိန်ကြောင့်သာ။
"မင်းမဆိုင်တာတွေ မပြောနဲ့ စံတော်ဝင် "
"စက်…ကြိုက်တဲ့ မိန်းကလေးမျိုးက ဒီလိုပုံစံမျိုး မဟုတ်လောက်ပါဘူးနော်…စံသိပါတယ်…စက်က
ဘယ်လို မိန်းကလေးမျိုးကိုမှ ချစ်တက်လည်းဆိုတာ…"
ဂျုး သည်းမခံနိုင်တော့။ ဒေါသအရှိန်က ပြင်းထန်စွာ။
ကြားမှနေ၍ သူမ သက်သက်
အစော်ကားခံနေရခြင်း …။
"တောက် ……"
ဂျုး တောက်တစ်ချက်ခက်လိုက်ရင်း 'အာဏာစက်'
ဆုတ်ကိုင်ထားသည် လက်ထဲမှ ရုန်းထွက်ကာ ထို့နေရာမှာ ချာခနဲ့ မပြေးရုံတမယ် လှည့်ထွက်ခဲ့သည်။
ဖိကိုက်ထားသည် နှုတ်ခမ်းလေးက ပြက်လုမတက်။
မျက်ဝန်းလဲ့လဲ့လေးတွေမှာ မျက်ရည်အချို့ကဝဲလျှက်။
"ဂျုး ………"
'အာဏာစက်' ခေါ်လိုက်ရင်း ဂျုး နောက်ကို အပြေးလေး လိုက်လာခဲ့သည်။
' စံတော်ဝင် 'ဘယ်လို ကျန်ခဲ့မလည်းကို သူဂရုမစိုက်။
စိတ်ပူနေမိသည်က ချာတိတ်ကို ………။
ဂျုး …ခံရက်ခက်သော နာကျည်းမှု နှင့်အတူ လျှောက်
ခဲ့မိသည်။ ခြေလှမ်းတွေက ယိုင်တိုင်တိုင်ချင်ရယ်။ဒေါသအရှိန်ဖြင့် ဆုတ်ခြေထားမိသည် လက်သီးဆုတ်များ ။
"ကျီ……"
သူမ ဘေးမှာ ကားတစ်စီး ထိုးရပ်သွားသည်။ လှည့်မကြည့်ပါဘဲ 'အာဏာစက်'
ကားဆိုသည်ကို သိနေခဲ့သည် ။
"ဂျုး ………"
'စက်' တစ်ယောက် ကားပေါ်မှ ဆင်းလာခဲ့ရင်း
ဂျုး ရှေ့မှ ပိတ်ရပ်သည်။
"ခင်ဗျား ……ကျုပ်ရှေ့က အခုထွက်သွား "
"ဂျုး ……တောင်းပန်တယ်ကွာ။ ကားပေါ်ကို တက် …"
"မတက်ဘူး …ခင်ဗျား အခုထွက်သွား။ ခင်ဗျားကို
ကျုပ်မမြင်ချင်ဘူး "
"ဂျုး…ကားပေါ်ကို တက်ဆိုကွာ။ …ကားပေါ်ကိုရောက်မှ မင်းမကျေနပ်တာတွေပြော …ဟုတ်ပြီလား အခု ဘေးမှာ လူတွေကြည့်နေကျတယ်…ကားပေါ်တက် …"
လမ်းဘေးမှ သူမတို့ကို ဝိုင်းကြည့်နေသော လူအချို့
ကို ဂျုး တစ်ချက်သာ ဝေ့ကြည့်ရင်း ဂရုမစိုက်။
သူမလမ်းကိုသာ သူမဆက်သွားရန်ပြင်သည်။
" ဂျုး ……"
"ခင်ဗျား…ဖယ် "
"ဂျုး…ကိုယ်ကောင်းကောင်းပြောနေတာနော်…ဂျစ်
ကန်ကန်လုပ်မနေနဲ့။ ကားပေါ်ကို အခုတက်။ မဟုတ်ရင် ကိုယ်မင်းကိုဆွဲပွေ့ပြီး ခေါ်ရလိုက်မယ်"
'စက်' စကားကြောင့် ဂျုးက ဒေါသမျက်ဝန်း အစုံဖြင့်
မော့ကြည့်ရင်း ………
"ဘာလည်း…အဏာတွေ အမိန့်တွေနဲ့ အခုလိုတွေ လာလုပ်ပြမနေနဲ့။ခင်ဗျား
နဲ့ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး…။ ခင်ဗျားကို ဒီထက်ပိုပြီး
မမုန်းတီးစေချင်ရင် ကျုပ်ရှေ့က အခုဖယ်……"
'ဂျုး 'စကားကို 'စက်' တစ်ယောက် ဂရုမစိုက်…။
သူမ လက်ကလေးကို စောင့်ဆွဲရင်း ကားပေါ်ကို
အတင်းဆွဲတင်သည်။
"မုန်းတယ်……ခင်ဗျားကို မုန်းတယ် ။ အခုလွှတ် "
အာဏာစက် တစ်ယောက် ဂျုးကို ကားပေါ်ဆွဲတင်လိုက်ပြီး ထိုနေ့ရာမှ ကားလေးကို မောင်းထွက်ခဲ့သည်။
"မုန်းတယ်…ခင်ဗျားက ကျုပ်ဘဝရဲ့ နတ်ဆိုးဘဲ ။ ခင်ဗျား နဲ့ စပြီး ပတ်သက်ကတည်းက ကျုပ်ဘဝမှာ
ပျော်စရာဆိုတာ မရှိတော့တာ။ခင်ဗျားကြောင့်ဘဲ
ဟိုအမျိုးသမီးရဲ့ စော်ကားမှုကို ကျုပ်ခံခဲ့ရတာ…မုန်းတယ် …
"ကျီ…………"
ကားလေးက လမ်းဘေးသို့ ထိုးရပ်သွားသည်။
'စက်' တစ်ယောက် ရုတ်တရက် ဒေါသတစ်ကြီးဖြင့် မျက်ရည်လေးဝဲရင်း ပြောနေသည် ချာတိတ် ကိုယ်လေး
ကို သူရင်ခွယ်ကျယ်ကြီးထဲ ဆွဲသွင်းကာ ဖက်ထား
လိုက်သည်။
"အင့်…………"
ရုတ်တရက်မို့ ဂျုး အငိုက်မိသွားကာ သူရင်ခွင်ထဲ ပစ်ကျသည်။ သို့သော် ချက်ချင်းပင် ရုန်းကန်ရင်း
"ခင်ဗျား ……လွှတ်…။ ကျုပ်ကို အခုလွှတ်…"
'အာဏာစက်' က မလွှတ်ဘဲ ဂျုးကိုယ်လေးကို အတင်း
ဖက်ထားရင်း……
"ကိုယ်ဘာကြောင့် ချာတိတ်နဲ့ ပတ်သက်နေခဲ့တာလည်း …သိရဲ့လား။ကိုယ်…ကိုယ်
ချာတိတ်ကို ချစ်မိနေလို……
ကိုယ်ချာတိတ်ကို အရမ်းချစ်တယ် "
"ဘာ ………"
'အာဏာစက်' စကားကြောင့် ဂျုး အံသြထိတ်လန့်စွာ
ဖြင့်……။
"လွှတ်…။မိန်းမပေါင်း များစွာနဲ့ တည်လဲတွဲနေတဲ့
ခင်ဗျား ပါးစပ်က ထွက်လာတဲ့ အချစ်ဆိုတဲ့ အရာကို ကျုပ်မယုံသလို ခင်ဗျားကို ချစ်လည်း မချစ်ဘူး …
"ဘယ်တော့မှလည်း ချစ်လာမှာ မဟုတ်ဘူး။ကျုပ်ဘဝ
ရဲ့ အမုန်းဆုံး လူက ခင်ဗျား ဖြစ်နေလို ……"
"ချာတိတ်………"
"မခေါ်နဲ့…ကျုပ်မှာ နမည်ရှိတယ်။ နမည်ကိုခေါ်…
ခင်ဗျားရဲ့ ထည်လဲစာရင်းထဲမှာ ဂျုးသစ္စာဆိုတဲ့ မိန်းမ
မပါစေရဘူး …ခင်ဗျား နားလည်ထား "
"ချာတိတ် သိထားဖို့က အရင်က မိန်းကလေးတွေ့နဲ့
ချာတိတ်နဲ့က ဘာမှမဆိုင်ဘူး။ ကိုယ်ချာတိတ်ကို ချစ်ခဲ့
တယ်ဆိုတာ ကိုယ်ရင်ထဲက မြက်မြက်နိုးနိုးနဲ့ တစ်ကယ်ကို ချစ်ခဲ့တာ "
"မပြောနဲ့ …မကြားချင်ဘူး…ကျုပ် သိတာတစ်ခုက
ခင်ဗျားကို ကျုပ်မုန်းတယ် "
"မုန်းနိုင်တယ် ………
'အာဏာစက်' ပြောသံက အေးစက်စွာ……
"ချာတိတ် …ကိုယ်ကို ဘယ်လောက်အထိ မုန်းနိုင်မှာ
လည်း။ မုန်း။ကြိုက်သလောက် မုန်းနိုင်တယ် … ချာတိတ်ဘဝရဲ့ အမုန်းဆုံးလူက ကိုယ်ဖြစ်ခဲ့မယ် ဆိုရင်တောင် ကိုယ်နမည်ရဲ့ ဘေးမှာ ချာတိတ်နမည်
ကိုဘဲ အသေအချာရေးထိုးမှာ ……"
"ခင်ဗျား …………"
ဂျုးက ထိတ်လန့်တကြားမော့ကြည့်သည်။ 'စက်' က
အေးစက်စွာ ဖြင့်ပင်………
"ကိုယ်မင်းကိုဘဲ လက်ထက်မှာ ……"
"သေလိုက်…။ ကျုပ်ကျိန်ဆိုတရ်…ခင်ဗျား နဲ့ ကျုပ်ရဲ့ လက်ထက်ပွဲ ဘယ်တော့မှ
ဖြစ်မလာစေရဘူး "
"မင်းကိုယ်ကို စိန်ခေါ်နေတာလား …ချာတိတ်။
သေခြာတယ်…'အာဏာစက်' ဆိုတဲ့ ကိုယ်က လိုချင်တာကို မရရအောင် ယူတက်တဲ့ သူမို့……
မင်းနဲ့ ကိုယ်ကြား နက်ရှိုင်းတဲ့ အသူရာချောက်ကြီး
ခြားနေတယ်ဆိုရင်တောင် မရ ရအောင် ကိုယ်မင်းဆီကိုလာမှာ ………"
နှစ်ဦးစလုံးရဲ့ အကြည့်တွေက ခက်ထန်စူးရဲစွာ ။
သေခြာတာက သူတို့နှစ်ဦးရဲ့ အကြည့်တွေကြားမှာ
ချစ်ခြင်းတရားတွေရော မုန်းခြင်းတရားတွေရော
ရောထွေးနေလျှက်။
………………………………………………
"ဟလို……ဒယ်ဒီ ။ စံ ဒီနေ့ 'အာဏာစက်' ကို
တွေ့ခဲ့တယ် ''
"…………………………"
"သူရဲ့ မာနကြီးပြီး ခက်ထန်မှုက အရင်က အတိုင်းဘဲ။
မပြောင်းလဲဘူး ……''
"…………………………"
" အရင်ကလို သူကို လိမ်ညာဖို့ဆိုတာတော့
ခက်ခဲတဲ့ ကိစ္စတစ်ခုဘဲ ။
အဟင်း…စံတော်ဝင် …ဆိုတာ အခြားလူမှ မဟုတ်တာ ဒယ်ဒီ သမီးဘဲ ။ ခက်ခဲ့တဲ့ ကိစ္စတွေကို
သဘောကျတယ်လေ………"
"………………………"
"အိုကေ…ဒယ်ဒီ ။ 'အာဏာစက်' ဆိုတဲ့ကောင် စီးပွားရေးလောကမှာ နလန်မထူနိုင်အောင်… ဒီတစ်ခါတော့ စံ အကောင်းဆုံး
လုပ်ပြမယ်…။စောင့်ကြည့်နေလိုက် …"
"……………………"
"အိုကေ…Bye …ဒယ်ဒီ "
စံတော်ဝင် ဖုန်းကို ချလိုက်ရင်း ကောက်ကျစ်စွာပြုံးသည်။
စောင့်နေလိုက်…'အာဏာစက်' ငါရဲ့ စက်ကွင်းကနေ
နင် ဘယ်ကို ပြေးနိုင်မှာလည်း။ငါရဲ့ အချစ်တွေကို
နင်းခြေခဲ့တဲ့ နင်အတွက် ပြစ်ဒဏ်လှလှလေး ခက်ပြမယ်။
အရင်က နင် နဲ့ ငါရဲ့ တိုက်ပွဲ့မှာ ဘယ်သူက ရှုံးပြီး ဘယ်သူက အနိုင်ဆိုတာ မသဲကွဲဘူးရယ်။
အခုတစ်ခါတော့ အနိုင် အရှုံး တိကျစွာ ကွဲပြားမှ ဖြစ်မယ်။
part -9

အရမ်းကောင်းပါတယ်
ကြိုးစားပါ
This post has received a 0.15 % upvote from @drotto thanks to: @banjo.
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungmin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.