အတု နဲ့ အစစ်
- အတုနဲ့ အစစ်
လောကမှာ ခွဲခြား မရတာက အတုနဲ့ အစစ်ပဲဗျ...
ဒီလို ပြောတာကို မကောင်းမြင်သမားလို့ ယိုးစွပ်ချင်သလား။ တကယ်ပြောချင်တာက အတုတွေကြားမှာ အစစ် ကို ရှာဖို့ပါဗျာ....
ဘယ်နေရာသွားကြည့်ကြည့် တွေ့လေသမျှဟာ စစ်မှန်း တုမှန်း မသိဘဲနဲ့ကို ကျွန်တော်တို့တွေ လက်ခံနေကြရ တယ်လို့ ပြောရင် လွန်အံ့မထင်။
သင့်ခန္ဓာကိုယ်ပေါ်မှာ ဆင်မြန်းထားတဲ့ ပစ္စည်းတွေက စပြောကြည့်ရအောင်
အခု အင်္ကျီဝတ်ထားလား အနည်း ဆုံးစွပ်ကျယ်လို ချည်သားပဲ ထားပါတော့ဗျာ..အဲဒါ ချည်သားစစ်စစ်နဲ့ ရက်လုပ်ထားတယ်လို့ လူကြီးမင်း ထင်လား။
အို..စစ်မှစစ်လို့ ပြောချင်တာလား။ ဒါမှမဟုတ် စစ်ချင်စစ် တုချင်တုကွာ ဝတ်လို့ရတယ် ဒါဆိုပြီးရောပေါ့လို့ ဆိုရင် တော့ ကျွန်တော်ပြောစရာ မလိုဘူးလေ။
နောက်တစ်ခုပြောမယ်။ အခုဝတ်ထားတာ ထမီ၊ပုဆိုး ဒါမှမဟုတ် ဘောင်းဘီဗျာ...လက်က လွယ်ထားတဲ့အိတ်၊ ကျောပိုးအိတ်၊ စလင်းဘက်အိတ်။ နောက် ဖိနပ်ဗျာ...
ဘာတစ်ခုမှ အစစ် မဟုတ်ဘူးဗျ။ အတုဖြစ်ဖို့များတယ်။ သူ့ဘာသာ ဘယ်တံဆိပ်ဖြစ်ဖြစ် တရုတ်နိုင်ငံကလာတာ ဖြစ်ဖြစ်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က
ဟာဗျာ.. အတော်များများက အတုတွေဗျ။
ဘာ! အမေရိကားက ဝယ်လာတာလို့ ပြောချင်သေးလား။ ဒါလည်း အစစ်ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။
ကျွန်တော်က ပစ္စည်းအတုတွေအကြောင်း ပြောနေတော့။ ကုန်သည်တွေနဲ့ ကုန်ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေ ကို သက်သက်မယ့် ဖောင်းထုတယ် ထင်နေဦးမယ်။
အစစ်ဆိုတာက ကုန်ပစ္စည်းတစ်ခုကို သူ့ပင်ရင်းနိုင်ငံက ထုတ်လုပ်ပြီး သူ့နိုင်ငံမှာပဲ တပ်ဆင်ကာ ရောင်းချလိုက် လို့ ကျွန်တော်တို့လက်ထဲ ရောက်တယ်ဆိုရင် အစစ်ဖြစ်ပြီလို့ ဆိုလိုရင်းထက် ဆက်တွေးကြည့်မယ်ဗျာ...
ဒီလိုဗျ သူ့ပင်ရင်းနိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတောင်မှ သူက သူရောင်းချဖြန့်ချိသလို ဖြန့်ချိသလောက် ကောင်းရင် ဆိုလိုတာက ကြော်ငြာသလို ဖြစ်ရင် အစစ်ပေါ့ဗျာ..
အဲလို မဟုတ်ရင်တော့ သူကိုယ်တိုင် ချဲ့ကား ကြော်ငြာထားတဲ့အတို်င်း မဟုတ်လို့ကတော့ စထုတ်လုပ်ကတည်းက အတုဖြစ်သွားတာလို့ ကျွန်တော် ဆိုလိုရင်ရော ဘယ်လိုသဘောရလဲ။
ဒါ လိမ်ညာ ရောင်းတာပဲ၊ မဟုတ်ဘူးလား။ တနည်းအားဖြင့် သူပြောသလို မဟုတ်တဲ့ အတုဗျ။
"ငါတို့ကတော့ဟေ့ ကိုသန်းဌေး ပြောနေသလို ကြော်ငြာကောင်းလို့ ဝယ်တာလည်းမဟုတ်၊ သူ့တံဆိပ်ကို ကြိုက် လို့ သုံးတာလည်း မဟုတ်၊ ကိုယ့်အတွက် တကယ် စိတ်ကျေနပ်လို့ သုံးတာ ဘာဖြစ်လဲ" လို့ ဆိုရင်တော့ ဟုတ်ပါပြီ။ ထပ်ပြောစရာ မလိုတော့ပါဘူး။
ဒါပေမယ့် အတုနဲ့အစစ် အကြောင်းကို တစ်ဆင့်တက် ပြောချင်သေးတယ်။
ကဲ အစစ်ဆိုပြီး စိတ်အထင်နဲ့ ကျေ ကျေနပ်နပ်ကြီးကို အပ်က အစ ဂြိုလ်တုအထိ ဝယ်ယူ အသုံးပြုနေတဲ့ လူကြီး မင်းခင်ဗျာ...
အဲဒီ့ပစ္စည်းတွေဟာ တကယ့်အစစ်တွေ မဟုတ်ဘူးလို့ ခံစားမိတဲ့ တစ်နေ့မှာ လူကြီးမင်း စိတ်ထဲ ဘယ်လို ဖြစ် လာမယ်ထင်သလဲ။
ငါတော့ လိမ်ညာခံရပြီလို့ နောက်မှ သတိထားမိမှာ... ငါညှပ်ချ ခံရတာ၊ ကျော ခံရတာ၊ အနှပ်ခံရတာ၊ လိမ်ခံရတာ ဆိုတဲ့ စိတ်တွေ ဝင်မသွားဖို့တော့ လိုပါတယ်။
ကိုယ်ရှာထားတဲ့ငွေကြေးနဲ့ လဲလှယ်ယူလိုက်ရတဲ့ အရာတွေဟာ အစစ်တွေ မဟုတ်ဘဲ အတုတွေလို့ သင်သိလာ တဲ့ တစ်နေ့မှာတော့ အချိန်လွန်နေပြီနော်..
ကိုယ်ပေးရသလောက်ငွေကြေးနဲ့တန်သလောက် ပြန်ရရင်တော့ ထားပါတော့။
လူကြီးမင်းတို့ ကျွန်တော်တို့ သုံးစွဲဆင်မြန်းနေတဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေသာမက အရာအားလုံးဟာ အတုတွေပဲလို့ ကျွန်တော်ကတော့ မြင်မိတယ်ဗျာ...
ပြောရင်း ဝန်ဆောင်မှုတောင် ပါလာပြီ။ စားသောက်ဆိုင်ကပေးတဲ့ ဝန်ဆောင်မှု၊ ဟိုတယ်ကပေးတဲ့ ဝန်ဆောင်မှု၊ ဇိမ်ခံပစ္စည်းတွေ ဝယ်ယူရာမှာ ဆိုင်တွေက မရောင်းမီနဲ့ရောင်းပြီးပေးတဲ့ ဝန်ဆောင်မှုအကုန်လုံး အတုချည်းပဲဗျာ..
ကျွန်တော်က ဗုဒ္ဓဘာသာ တရားသဘောနဲ့ ထပ်ပြောရရင်တော့ ကျွန်တော်တို့ ခင်ဗျားတို့ ခံစားသိနေရတဲ့ အရာ တွေ မှန်သမျှဟာ အကုန်လုံး ပညတ်ချက်တွေပဲဗျာ.....
သူက တကယ်ရှိတဲ့ ပရမတ္ထသစ္စာ အမှန်မှ မဟုတ်တာ။
ကျွန်တော်က ဘယ်သောအခါမှ မမှားနိုင်တဲ့ ဗုဒ္ဓရဲ့သစ္စာတရားနဲ့ ကိုင်ပြောတော့ လူတွေတောင် အတုလို့ယိုးစွပ် ချင်တာလားလို့ ထင်ရင်တော့...
ဗုဒ္ဓရဲ့တရားသဘောအရတော့ ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်မ ဆိုတာတွေဟာ ပညတ်ချက်တွေပဲမို့ အစစ်အမှန် တကယ်မရှိဘူး တကယ်ရှိတာ ပရမတ္ထတရား လေးပါးလို့ ဆိုထားတာကိုး။
စိတ်၊စေတသိက်၊ရုပ်နဲ့ နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရားလေးပါ။ စိတ်၊ စိတ်ကိုမှီပြီး ဖြစ်နေတဲ့သဘော၊ ဖောက်ပြန် ပျက်စီးတတ်တဲ့သဘောနဲ့ ငြိမ်းအေးခြင်း သဘောတွေကိုသာ ဆိုလိုတာပါ။
ကိုရွှေသန်းဌေး ကတော့ လုပ်ချလိုက်ပြီ။ အတုနဲ့အစစ်ပြောနေရင်းက တရားလာဟောနေတယ်လို့ ဆိုချင်လည်း ဆိုတော့ဗျာ...
ကျွန်တော်တို့ဟာ နေ့စဉ် အတုတွေကြားမှာ ရှင်သန်နေရတော့ ငြီးငွေ့လာပြီး တရားသဘောပြောကြည့်တာပါ။
ကျွန်တော်တို့တွေ လူအတု မဖြစ်ဖို့တော့ ကြိုးစားကြတာပေါ့ဗျာ.. နော်...

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
အတော်များများက အတုတွေဗျ။
ပြုပြင်နေထိုင်နိုင်သူများဖြစ်ကြဖို့မျှော်လင့်ပါတယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungmin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.