ပြန်ဆွဲကြည့်
ပြန်ဆွဲကြည့်
အလုပ်ဝင်စ ကျနော်ဟာ မီးသမားသာပြောတာ။
ိမီးကြိုး မကိုင်ဘူးသေးပါဘူး။ အလုပ်ထဲ
ရောက်လို့ အလုပ်လုပ်ပြီဆိုရင် အများဆုးံလုပ်
နေရတာက တူနဲ့စို့ ကိုင်ပြီး ထွင်းတာထုတာ
ပါ။ နောက်နေ့လာလဲ တူနဲ့စို့၊ နောက်နေ့လာလဲ
တူနဲ့စ၊ို့ ကြာတော့ တူကို မျက်စိမှိတ်ထုမလား။
ဘယ်ညာပြောင်းထုမလား။ မုန်းလောက်အောင်
ကျွမ်းနေပါတော့တယ်။
စီနီယာအကိုတွေ DB မှာ connection ဝင်နေရင်
အားကျလှပါတယ်။ DB ရှေ့မှာဗျာ ခန့်ခန့်ကြီး
ကြိုးတွေနွှာလိုက် join လိုက်နဲ့။ တစ်ချို့ site
တွေမှာဆို တစ်ခြားအဖွဲ့က သူတွေ ဝိုင်းကြည့်ရင်
တောင် ဝိုင်းကြည့်နေတတ်ပါတယ်။ ကြည့်ပြီ
ကောလားဗျာ ကြိုးတွေရှုပ်ယှက်ခက်နေရာကနေ
မျက်လှည့်ပြလိုက်သလို လှပရှင်းလင်းသွားတော့
မြင်သူတွေသဘောကျလှသကိုး။
အလုပ်ဝင်စကျနော်ဟာ DB ထိုင်ချင်နေတာမှ
တစ်ပိုင်းကို သေနေတာပဲ။ DBဝင်ပြီဆိုရင်
Wire နွှာတာ ဖြတ်တာက အရေးပါတော့
Wire cutter ကို နိုင်နင်းဖို့ကလဲလိုပါတယ်။
အားတဲ့ အချိန်တွေဆိုလဲ wire cutter တစ်
ချောင်းနဲ့ လေ့ကျင့်နေတော့တာပဲဗျို့ ။
တစ်နေ့တော့ DB ဝင်ဖို့အခွင့်အရေးကရလာ
တယ်ဆိုပါတော့ဗျာ။ ကျနော်တို့ စီနီယာအကိုက
Loopin တွေအကုန်ဝင်ပြီးပါပြီ။ load ကြိုးတွေပဲ
ကျန်တော့တာပါ။ သူကဝင်နေရင်း အလုပ်တစ်
ခုပေါ်လာတော့ မင်းဝင်လို့အဆင်ပြေမလား
ဆိုတော့။ ပြေတယ်ပေါ့ဗျာ။ ကိုယ့်ဆရာတို့
လဲသိပြီပေါ့ဗျာ ဒီက DB ကိုင်ချင်နေတာ ရွပိုးကို
ထိုးနေတာကို။
ဘာပြောကောင်းမလဲဗျာ ကျနော်DB ကိုင်တော့
ကြည့်နေလိုက်ကြတာ။ စိတ်ထဲမှာ feel ပဲဗျာ။
ပြီးသွားမှာ စိုးလို့ ကျနော့မှာ ဖြည်းဖြည်းလေးကို
လုပ်နေတော့တာပဲဗျို့ ။ DB နားကဖြတ်သွားတဲ့
သူတွေကိုလဲ လုပ်နေရင်းတန်းလန်း သမတ်
ရိုးကျ ပုံစံမျိုးနဲ့ ရယ်ပြ၊ လှမ်းပြီးနှုတ်ဆက်ရတာလဲ
အမော။ ကျနော် DB ထိုင်နေတာ လူသိအောင်
လို့ပေါ့ဗျာ။
DB ဝင်ပြီးလို့ မီးလဲစမ်းရော မီးတွေတစ်ခုမှ
မလာဘူးဗျာ။ ဖြစ်မှဖြစ်တတ်ပါလေတယ်။ လူ
တွေအများကြီးရှေ့မှာမှဗျာ။
ဒါနဲ့ gang switch်တွေ လှန်ပြီး အထဲကို
စစ်ကြည့်တော့ phase ကို မရောက်တာဗျို့ ။
ဲ့ DBမှာ စစ်ကြည့်တော့ အဝင်အထွက်တွေ
အကုန်လုးံ မီးရှိနေတယ်။ ခုနက မာန်တက်ခဲ့တဲ့
ကျားကြီး ကျနော် ခုတော့ နွားကြီး တစ်ကောင်လို
ကို ခံစားနေရပြီး မလုပ်တတ်မကိုင်တတ်ကို
ဖြစ်ရော။
ဆရာရောက်လာပြီး ဘရေကာတွေ အကုန်ပြန်
ပိတ၊် ပြီးရင် မင်းဝင်ထားတဲ့ load ကြိုးတွေ လိုက်
ဆွဲထုတ်ကြည့်လို့ပြောပါတယ်။ ဆွဲထုတ်ကြည့်
တော့ ကျနော်ဝင်ထားတာတွေအကုန်လုးံ ချောင်
ချိနေပြီး လက်ထဲပါလာတော့တာပဲ။
ကြိုးဝင်ပြီးတိုင်း ကြိုးကို လက်နဲ့ပြန်ဆွဲထုတ်
ကြည့်ရတယ်ကွ၊ မင်းဝင်ထားတဲ့ကြိုးတွေအကုန်
လုးံက ကြိုးကိုဆွဲညှပ်သွားတဲ့ ဂွင်းထဲမရောက်ပဲ
ဂွင်းနောက်ကိုရောက်နေတော့ ဘရေကာစကူ
ကြပ်လို့ ဂွင်းလေးက သာအရှေ့ကိုဆွဲကပ်သွား
တယ်၊ မင်းကြိုးတွေက ပါမလာတော့ဘူး။
ဘရေကာထဲကို ကြိုးထည့်ဖို့ စကူလျော့ပြီ
ဆိုရင်လဲ စကူကိုလျော့ပြီးတာနဲ့ screw driver
ကိုမထုတ်သေးပဲ ဖင်ကို လက်ဖနှောင့်နဲ့ ဗြောင်း
ဆိုပြီး တစ်ချက်ရိုက်ပေးရတယ်။ ဒါမှ ကြိုးကို
ညစ်မယ့်ဂွင်းလေးက နောက်ကိုကပ်သွားမှာ။
အဲလိုမရိုက်ပေးရင် မင်းကစကူသာလျော့လိုက်
တယ်၊ စကူကအရှေ့ဘက်ကိုသာကြွလာတာ
ကွင်းက အနောက်ကိုမကပ်သေးဘူးကွ။
ပြီးရင်လဲ ကြိုးကိုလုံလောက်အောင်နွာထားရ
တယ် ။ နွှာထားတာတိုနေရင်လဲ ခုနကဂွင်းလေး
ထဲထည့်ကြပ်တဲ့အခါ ကြိုးကာဗာကိုပါ ကြပ်မိတော့ မီးမကူးတော့ဘူး၊ ကြိုးနွာတာ ရှည်သွားရင်လဲ ဘရေကာ ထိပ်မှာ ကြေးစကြီးတွေပေါ်နေ
ပြီးလှလဲမလှဘူး၊ အန္တရာယ်လဲ များတယ်။
DB တွေမီးထလောင်ရတာလဲ အဲ့ပြသ၁နာက
အများဆုးံပဲကွ။
ဆရာက ဆူလဲဆူ ရှင်းလဲရှင်းပြပေါ့ဗျာ။
ကျနော်ကလဲ မခုတ်တတ်တဲ့ ကြောင်လေးလို
ဆရာ့ရှေ့မှာ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ အမြှီးကုပ်
နေတော့တာပဲ။
ဆရာဆူနေတဲ့အချိန်
ခုန DB ဝင်နေတုန်းက ကျနော် ပြုးံပြ နှုတ်ဆက်
ခဲ့တဲ့သူတွေက ကျနော့ကိုပြန်ပြီးရယ်ပြနေကြ
တယ်ဗျို့ ။
Credit, photo google


တစ်ချို့ site
တွေမှာဆို တစ်ခြားအဖွဲ့က သူတွေ ဝိုင်းကြည့်ရင်
တောင် ဝိုင်းကြည့်နေတတ်ပါတယ်။ ကြည့်ပြီ
ကောလားဗျာ ကြိုးတွေရှုပ်ယှက်ခက်နေရာကနေ
မျက်လှည့်ပြလိုက်သလို လှပရှင်းလင်းသွားတော့
မြင်သူတွေသဘောကျလှသကိုး။
အလုပ်ဝင်စကျနော်ဟာ DB ထိုင်ချင်နေတာမှ
တစ်ပိုင်းကို သေနေတာပဲ။ DBဝင်ပြီဆိုရင်
Wire နွှာတာ ဖြတ်တာက အရေးပါတော့
Wire cutter ကို နိုင်နင်းဖို့ကလဲလိုပါတယ်။
Nice post
This post has received a 0.14% upvote from
thanks to: @nyein0012.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt
Congratulations! This post has been upvoted from the communal account, @minnowsupport, by nyein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
You got a 0.74% upvote from @mercurybot courtesy of @nyein0012!