ရင်ကိုခွဲမယ့် စာလေးတစ်စောင်

in #myanmar6 years ago (edited)

ဒီနေ့ ရုံးပိတ်ရက်လဲဖြစ်၊ လုပ်စရာအလုပ်တွေလဲ အားလုံးပြီးစီးသွားပြီဆိုတော့ အိပ်ရာထဲမှာ
အေးအေးလူလူ စာဖတ်လိုက်၊ ဖေ့ဘုတ်ကြည့်လိုက်
ဖြင့် သာယာနေသည်။ တူ၊ တူမတွေလဲ အလုပ်သွား ကြ၊ ကျောင်းသွားကြတော့ ကျမတစ်ယောက်တည်း အိမ်စောင့်ကျန်နေရသည်။ အိပ်ရာထဲ ကြာရှည်မလှဲချင်တာနဲ့ အိမ်ရှေ့ဝရန်တာမှာ ထိုင်ရင်း ဖြတ်သွား
ဖြတ်လာများကို အမှတ်မဲ့ငေးကြည့်နေမိသည်။

image

ကျမအိမ်က ငါးထပ်တိုက်အပေါ်ဆုံးမှာဆိုတော့
လမ်းပေါ်က လူသွားလူလာများကို ရှင်းရှင်း
လင်းလင်းမြင်နေရသည်။ လမ်းတဖက် စည်ပင်
အမှိုက်ပုံတွင် အမှိုက်ထဲမှ စီးပွားရှာသည့် လင်မယား ရန်ဖြစ်နေကြသည်။ ဒီဘက်ပလက်ဖောင်းလက်ဘက်ရည်ဆိုင်မှ တေးသံများကလည်း ပျံ့လွင့်နေသည်။

ထိုအချိန်တွင် လမ်းတစ်ဖက်သစ်ပင်အရိပ်လေးနားသို့ ကားတစ်စီးထိုးရပ်လာသည်။ ကားထဲမှ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးနှင့် အသက် ၇၀ အရွယ်
အမျိုးသမီးကြီးတို့ ကားပေါ်မှဆင်းလာသည်။ သားအမိဖြစ်ဟန်တူသည်။ လူငယ်အမျိုးသားက အမျိုးသမီးကြီးကို ညင်သာစွာတွဲလာသည်။ ထို့နောက်
သစ်ပင်ရိပ်အောက်ရှိ ခုံတန်းလျားတွင် နေရာချထားပေးပြီး အမျိုးသားက ကားဖြင့်ပြန်ထွက်သွား
သည်။

image

အမျိုးသမီးကြီးက ကားထွက်သွားရာသို မျက်စေ့
တဆုံးငေးကြည့်ရင် ကျန်ရစ်ခဲ့သည်။ ထိုမြင်ကွင်းကို
ကြည့်ရင်း ကျမလည်းအမေ့ကို သတိရနေမိသည်။ ကျမအမေလဲ ကျမရုံးသွားရင် ထိုသို့မျှော်ကြည့်
နေကျ။ အမျိုးသမီးကြီးက သားရဲ့ကားလေး သူ့မြင်ကွင်းက ပျောက်ကွယ်သွားတော့မှ နေရာပြန်ထိုင်
သည်။ ထို့နောက် သူမဘေးအိတ်ထောင်ထဲမှ တစုံ
တရာကို နှိုက်နေသည်။ ဪ....ဓာတ်ပုံလေးထင်ပါရဲ့။ ကြည့်ပြီးပြုံးနေလိုက်တာ။

ထို့နောက် ခြင်းတောင်ထဲနှိုက်နေသည်။အိတ်ရှုံ့
လေးထဲမှ ပုတီးကုံးကို ထုတ်ယူပြီး ပုတီးစိပ်နေ
သည်။ ပုတီးစိပ်နေရင်း သားထွက်သွားရာလမ်းကို တစ်ချိန်လုံးကြည့်နေသည်။ ကားဖြူဖြူမြင်တိုင်း သူ့သားကားများလားဟု ထင်နေပုံပေါ်သည်။ သူ့ကို
ကျော်လွန်၍ မောင်းသွားလျှင် နောက်ကားတစ်စီးကို ထပ်မျှော်ကြည့်နေသည်။

image

ထို့နောက် ကျမလဲ အိမ်ထဲပြန်ဝင်လာသည်။ ရေမိုးချိုး၊ နေ့လည်စာထမင်းစားပြီး အိမ်ရှေ့ထွက်၍
အမေကြီးကိုကြည့်မိသည်။ အမေကြီးက ထိုနေရာမှာပဲ ရှိနေသည်။ ”ဟင်...အမေကြီးက ခုထိ မသွား
သေးပါလား” ခဏတဖြုတ် ဟိုကြည့် သည်ကြည့်
လုပ်ပြီး အိမ်ထဲပြန်ဝင်လာသည်။ တူမငယ်တောင်
ကျောင်းဆင်းလာပြီ။

တူမကို အဆာပြေမုန့်ကျွေးပြီး ကျူရှင်သို့ လိုက်ပို့ သည်။ ကျူရှင်ပို့ပြီး ပြန်လာတော့ အမေကြီးကို
လှမ်းကြည့်မိသည်။

”သနားပါတယ်။ သူ့ခမျာတစ်ယောက်တည်း
ဘယ်လောက်တောင်ပျင်းနေမလဲ။ တနေကုန်
ထိုင်နေတော့ ညောင်းနေမှာပေါ့။ သွားစကားပြောအုံးမှ...”

image

”အမေကြီး...ဘယ်သွားမလို့လဲ၊ တစ်ယောက်တည်းလား၊ ထိုင်နေတာ ကြာပြီနော်။ ကျမက ဟို
တိုက်တန်းမှာနေပါတယ် ဘာကူညီပေးရမလဲ”

”အေး..သမီး၊ ရပါတယ်။ အမေကြီးက သားကို
စောင့်နေတာ”

”ဪ...မနက်တုန်းက အမေကြီးကို ကားနဲ့လိုက်ပို့တဲ့သူလား၊ ကျမဟိုတိုက်ပေါ်က လှမ်းကြည့်နေတာ.. ပြီးတော့ ကားနဲ့ပြန်ထွက်သွားတယ်လေ”

”ဟုတ်တယ်...ဟုတ်တယ်၊ အဲ့ဒါအမေကြီးသားပဲ၊
အလုပ်ရှိသေးလို့ အလုပ်ပြီးပြီးချင်းပြန်လာခေါ်မယ် ဆိုလို့စောင့်နေတာလေ။

ကျမလဲ ဘာရယ်မဟုတ် စိတ်ဝင်စားသွားပြီး
အမေကြီးနှင့်စကားစမြည်ပြောမိသည်။ ထို့နောက် အမေကြီးက သူ့သား၏မိသားစုဓာတ်ပုံလေးထုတ်
ပြပြီး ...
”ဒါ..အမေကြီးမြေးလေးလေ။ သိပ်ချစ်ဖို့ကောင်းတာ။ သူ့အဖေငယ်တုန်းကအတိုင်းပဲ။ အမေကြီးက
မြေးလေးကိုတွေ့ချင်လို့ လာပြပါဆိုတာ မြေးလေးက ပင်ပန်း မှာစိုးလို့တဲ့။ အမေကြီးချွေးမကလဲ ခရီး
ဒဏ်မခံနိုင်ဘူး တဲ့။ အဲ့ဒါကြောင့် အမေကြီးလဲ
မြေးလေးကို တွေ့ရအောင် ဒီကိုလာခဲ့တာပဲ။”

image

အမေကြီးမျက်ဝန်းတွင် သားနှင့်မြေးကို တွေ့ရမည့်
မျော်လင့်ချက်များနှင့် တလက်လက်ထနေသည်။

”အမေကြီးကဘယ်ကလာတာလဲ” နည်းနည်းစပ်စုမိသည်။

”အမေကြီးက ပခုက္ကူ၊ မြိုင်ဘက်ကပါ။ အမေကြီး တို့ရွာကတော်တော်ခေါင်ပါတယ်။ ကားလမ်း၊ ရထားလမ်းဝေးတယ်။ ဒီကိုလာချင်လွန်းလို့ ရွာကနေ
မန်းလေးကို အလုပ်လာလုပ်သူတွေကို အကူအညီ
တောင်းပြီးလိုက်လာတာ။ သူတို့အပြန်မှာ လိုက်လာတာ။”

”ဪ....သမီးရေ၊ တစ်ခုလောက်ပြချင်လို့ရ
မလား၊”

”ဟုတ်...ပြလေ၊ ရပါတယ်”

”သားက စာတစ်စောင် ပေးသွားတယ်။ အမေကြီးက စာမဖတ်တတ်လို့ ဖတ်ပြပါလား။”

ကျမလဲ မဆိုင်းမတွ စာကိုယူဖတ်လိုက်ပါတယ်။
စာဖတ်ပြီး ကျမ ဝမ်းနည်းသွားတယ်။ အမေကြီးကို
ကြည့်လိုက်တော့ ကျမပြောမယ့်စကားကို မျှော်လင့်
ခြင်းကြီးစွာနဲ့စောင့်နေတယ်။

ကျမ...ကျမ အမေကြီးကိုဘယ်လိုပြောရမလဲဟင်...
အမေကြီးရဲ့ သားနဲ့အတူနေရတော့မယ်ဆိုတဲ့ မျှော်လင့်ခြင်း မျက်ဝန်းတွေ..ဒီတဖိတ်ဖိတ်တောက်နေတဲ့ မျက်ဝန်းတွေကို ကျမစကားကြောင့် မှေးမှိန်သွားရ
တော့မယ်။ ကျမလေ...မပြောချင်ဘူး။ အမေကြီးရဲ့ သားဆိုသူကိုလည်း မုန်းလိုက်တာ....။

image

စာထဲမှာရေးထားတာက....
”အခု...ဒီစာဖတ်သူကိုတောင်းဆိုပါတယ်။
ယခုစာပြသူ အမျိုးသမီးကြီးအား အနီးဆုံးလူအိုရုံ သို့ ပို့ပေးပါ”.....တဲ့။

ကြည့်ခဲဖူးသော video လေးတစ်ခုကို ခံစားရေးဖွဲ့ပါသည်။)

Author @nweoomon
Photo @nweoomon
MSC.265
15.10.2018

Sort:  

ဩ လောကကြီးနယ် မေတ္တာခန်းခြောက် ကြောက်စရာပါတကား

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်​မ​ကောင်းလိုက်​တာ...သူ့မှာလည်းသားရှိတာဝဋ်​လည်​မှာပါ....

Posted using Partiko Android

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့
လာလိမ့်မယ်

ဆီလျော်အောင် ခံစားရေးတတ်ပါ့ ဗျာ

အားပေးလို့ ကျေးဇူးတင်ပါတယ်ရှင်

အော် နှမပေးချီတက်နဲ့ ဒီလောက်ဝမ်းနည်းစရာကောင်းတဲ့ပို့စ်ကိုများ
သူက ငါလုပ်လိုက်ရ အရိုးတခြား အသားတခြားဖြစ်ရော့ ဟင့်.....။

လုပ်ပလိုက်စမ်းပါ ငါ့ချည်းပဲလာ လာမန့်နာ

သြော် ဘဝ ဘဝ

Posted using Partiko Android

လူ့ဘဝကြီးက ​တွေးကြည့်​​လေ
တွေးကြည့်​​လေ ဒုက္ခ​တွေဘဲလား
အောင့်​​မေ့မိတယ်

မိုက်ရိုင်းလိုက်တဲ့ သားနော် သူ့ အလှည့် ဒီထက်ဆိုးမယ်

Posted using Partiko Android

ဟုတ်တယ် သူ့အလှည့်ကျမှ အတိုးရောအရင်းရော ဆပ်ရမှာ

ဖတ်​​နေရင်း​တောင်​ ခံစားရပါတယ်​ဗျာ 😭

Posted using Partiko Android

Really sad.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58237.47
ETH 2479.72
USDT 1.00
SBD 2.38