ဆင်ခြေများ
ဆင်ခြေများ
ဒီတပတ် ပရိုအတွက် ကျမစာမရေးရသေးဘူး။
စာရေးမယ်လို့ စိတ်ကူးလိုက်ရင် အလုပ်တွေက
တစ်ခုပြီး တစ်ခု ပေါ်လာတယ်။ အလုပ်ပြီးအောင်
လုပ်လိုက်ပြန်တော့ မောလို့နားရတာနဲ့၊ ဧည့်သည်
တွေလာလို့ ဧည့်ခံရတာနဲ့ အချိန်တွေသာ ကုန်သွား
တယ်။ စာမရေးလိုက်ရဘူး။
ညဘက်အချိန်လေးရေးမယ်ဆိုပြန်တော့ အိမ်ရဲ့
မပြီးပြတ်သေးတဲ့အလုပ်တွေ၊ စားတာသောက်တာ၊ ဆေးရကြောရနဲ့၊ နောက်ပြီးဒီရက်ပိုင်းမှာ အမေ့
တစ်နှစ်ပြည့်ကုသိုလ်လုပ်ရမှာဆိုတော့ အိမ်မှာ ဧည့်မပြတ်ဘူး။ ရေးလက်စစာတွေတော့ ရှိပေမယ့် အပြီးမသတ်နိုင်သေးဘူး။
ကျမမှာ ရေးချင်တဲ့အကြောင်းအရာတွေက အများသား။ ဒါပေမယ့် တကယ်တမ်းချရေးတော့
ဦးနှောက်ကမထွက်၊ ဒါနဲ့ စတီးမစ်မှာစာရေးနေတဲ့ သူတွေကို တကယ်ချီးကျူးမိတယ်။ အကြောင်း
အရာမျိုးစုံ၊ အတွေးအခေါ်မျိုးစုံနဲ့ ဗဟုသုတ
တကယ်ရပါတယ်။ သူများတွေရဲ့ စာရေးသားနည်း ပုံစံတွေကိုလဲလေ့လာမိတယ်။
ကျမက ပုံတိုပတ်စလေးတွေ၊ ရယ်စရာနဲ့ ကိုယ်တွေ့ ဗဟုသုတလေးတွေရေးရတာ၊ ဖတ်ရတာ ပိုကြိုက်
တယ်။ ပရိုစည်းကမ်းအရ စာတစ်ပုဒ်ကို ဖတ်ပြီး
ကွန်မန့်မန့်ပေးရတာဆိုတော့ ပိုပျော်စရာကောင်း
တယ်။ အရင်ပရိုမဝင်ခင်တုန်းက ကိုယ့်ဖာသာရေးနေတဲ့ စာလေးတွေတုန်းက စာတွေမှာ အခုလိုမျိုး
ကွန်မန့်တွေ၊ ဗုတ်တွေမရပေါင်။
အဲ့အချိန်တုန်းက ရေခဲ့တဲ့ တချို့ဝတ္ထုလေးတွေ
တောင် ဖြစ်နိုင်ရင် ပရိုလင့်မှာ ပြန်ပြီးချချင်မိသေး
တယ်။ တချို့စိတ်ကျေနပ်မိခဲ့တဲ့ ဝတ္ထုလေးတွေရှိလို့ပါ။ တချို့ဆိုတော်တော်စာရေးကောင်းကြတယ်။ သူတို့ရဲ့ရလဒ်ကိုကြည့်လိုက်တော့ နည်းနည်းလေး
ရယ်။ အဲ့လိုစာအတွက် ဒေါ်လာတွေအများကြီးပေးချင်ပေမယ့် ကိုယ်တိုင်ကိုက ဘဲဥမကွဲတဲ့သူဆိုတော့
ဒီတိုင်းအားပေးယုံပဲတတ်နိုင်တယ်။
ဒီလိုပါပဲ...။ ကျမတို့က ပရော်ဖက်ရှင်နယ်စာရေး
ဆရာတွေမဟုတ်ဘူလေ။ ကိုယ်ရေးတတ်သလို ရေးရတာ။ စာရေးကြတာကိုသဘောကျတာ။ ခုခေတ်ကလေး၊ လူကြီးတော်တော်များများက စာမဖတ်၊ မရေးကြတော့ဘူး။ မရေးတော့ တချို့ဆို စာလုံး
ပေါင်းတွေမမှန်ကြတော့ဘူး။ အမှန်မသိတော့
အမှားကို အမှန်ထင်၊တော်ယုံမပြင်နိုင်ကြဘူး။
တနေ့က အိမ်ဘေးနားကကျောင်းသူလေးက စာစီ
စာကုံးရေးပြီး လာဖတ်ခိုင်းတယ်။ ဝစ္စပေါက်မထည့်ရမယ့်နေရာမှာ ဝစ္စပေါက်တွေထည့်တယ်။ ထည့်ရ
မယ့်နေရာမှာ မထည့်ထားဘူး။ ဥပမာ လုပ်တတ်
သည်ကို လုပ်တက်သည်တဲ့။ တတ်နဲ့ တက်ကို လွဲရေးထားတာ။ တတ်က တတ်မြောက်သည်၊ တက်သည်က အပေါ်တက်သည်။ ဒါတွေကမမှားသင့်တဲ့အမှား
တွေပါရှင်။ ဆရာမကြီးလုပ်တာ မဟုတ်ပါဘူး။
ကျမစာရေးတဲ့ ပုံစံကို သုံးသပ်ကြည့်တော့ စကား
ပြောသလိုပုံစံနဲ့ တော်တော်များများ ရေးထားတာ
တွေ့ရတယ်။ ကိုယ့်အကြောင်းကို စာဖတ်သူကို
ပြောပြနေသလိုမျိုးပေါ့။
ပြီးခဲ့တဲ့ပရိုမှာရေးတဲ့ မိခင်သောကလိုမျိုးပေါ့။ အဲ့ထဲမှာပါတဲ့ ကျမက ကျမနွယ်ဦးမွန်မဟုတ်ပါဘူး။ ကျမရဲ့ပတ်ဝန်းကျင်မှာ မြင်ရတာတွေ၊ ကြားရတာတွေကို ကျမရဲ့အကြောင်းကို ပြောပြသလို ခံစားရေးဖွဲ့ ထားတာပါ။ ဒါပေမယ့် သူငယ်ချင်းများရဲ့ ကွန်မန့်
တွေကို ဖတ်ပြီး အားရှိရတာတော့ အမှန်ပါပဲ။
စာရေးဆရာဆိုတာ ကိုယ်မကြုံရသော်လည်း ကိုယ်တိုင်ကြုံတွေ့ရသလို ကိုယ်မခံစားရသော်လည်း
ကိုယ်တိုင်ခံစားရသလို ရေးဖွဲ့နိုင်ရမယ်လို့ ဝါရင့်
စာရေးဆရာကြီးတစ်ဦးပြောဖူးတာမှတ်မိပါသေး
တယ်။ အငှါးခံစားနိုင်ရမယ်ပေါ့။ ပြောချင်တာက ကျမ...ကျမဆိုပြီး ရေးပေမယ့်လည်း ကျမမဟုတ်ပါဘူးလို့။ အငှါးခံစားချက်၊ ကိုယ့်အတွေ့အကြုံလေး
တွေကို မိမိတို့တတ်နိုင်သမျှ စာရေးသားခြင်းဖြင့်
တစ်ဦးတစ်ယောက်များဗဟုသုတတွေနဲ့ အသိပညာ ရရှိသွားရင် အဲ့ဒါ ကျမတို့ရဲ့ အောင်မြင်မှုပါလို့ ပြောပါရစေရှင်။
Author@nweoomon
Photo@nweoomon
MSC 265
3.8.2018
Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
💓💓💓💓💓
ရေးချင်တဲ့ဆန္ဒရှိရင် တ ဖြည်းဖြည်း ရေးတတ်လာပါတယ်။
ဟုတ်ကဲ့ အဲ့ခံစားချက်ကို သတိထားမိတယ်
ပြီးခဲ့တဲ့pro တုန်းက အမထင်လို့ မန့်မိတာ စိတ်မရှိပါနဲ့ 
Mood ဝင်သွားတာ ဇာတ်အိမ်က မာတော့လေ အာ့ကြောင့်
စိတ်မဆိုးပါဘူး။ ကိုယ်လည်း mood ဝင်တယ်လေ။
ဒါက နောက်တပုဒ်အတွက်ကြိုကာထားတာ ။😁😁
မာန်ပါတာအေ စာရွက်မှာ စာလည်းမရှိဘူး
အခုရေးတော့မို့လေ 😁
စာရေးကောင်းတဲ့ အစ်မတစ်ယောက်လို့ သတိထားမိပါတယ်။
ကျေးဇူးပါညီမရေ
တကယ်ထင်နေတာကို😁...တော်ပါပေတယ်
ပြောရရင်ကြော်ငြာဝင်ရာရောက်တော့မယ် 😁😁
ခုတောင် ကိုယ့်ထက်သာနေပါပြီလေ ☺ ☺
အား....ခေါင်းနာတာ 😁😁
ပြီးခဲ့တဲ့အပတ်ကဟာကို ဖတ်ပြီးကတည်းက အခုပေးတဲ့အဖြေကို သံသယဝင်ခဲ့တာ။တစ်ချို့လည်း အစ်မကိုယ်တိုင်ထင်ပြီး comment တွေပေးတာတွေ့တယ်။ကျွန်တော်ထင်တာက စာရေးသူ သူတစ်ပါးအတွက် ကိုယ်တိုင်ခံစားပြီး ရေးထားတာလို့လည်း တွက်မိထားတော့ တရားသဘောလေးနဲ့ မန့်ပေးခဲ့တာပါ။တော်ပါပေတယ်ခင်ဗျာ။လေးစားလျက်
ကျေးဇူးတင်ပါတယ်ရှင် 🌹🌹🌹
very good သမီးရေ