ကိုယ်ချင်းစာစေချင်သည်။
ယနေ့ခေတ်မှာ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ
တွေဟာ ပိုများလာကြပါပြီ။ မနေ့ကနဲ့ဒီနေ့နဲ့တောင် မတူတော့ပါဘူး။ ဖေ့ဘုတ်ကသတင်းတွေ ကြည့်ရင် ပိုသိသာပါတယ်။ မကြားဝံ့မနာသာသတင်းတွေ၊
ဘယ်တုန်းကမှ စိတ်ကူးနဲ့တောင်မတွေးဖြစ်ခဲ့တဲ့
အဖြစ်အပျက်တွေဟာ ယနေ့ခေတ်ကြီးမှာ နေ့စဉ်နဲ့ အမျှ ဖြစ်ပျက်နေပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာ သလောက် စိတ်အဆင့်အတန်းတွေ ကျဆင်းလာတာ ကတော့ ဝမ်းနည်းစရာပါ။
ဖေ့ဘုတ်မှာတွေ့မြင်ရတာရယ်...ကျမကြုံတွေ့ရတာတွေ၊ ကြားသိရတာတွေ၊ မြင်တွေ့ရတာတွေကိုအခြေခံပြီး ပြောတာဖြစ်ပါတယ်။ ကျမတို့ ကလေးဘဝလောက် တုန်းကထိ လူတွေရဲ့ စိတ်ဟာ အခုလောက် မဆိုးသေး ပါဘူး။တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကြတယ်။ သူတပါးပစ္စည်း တပ်မက်စိတ်မရှိဘူး။ ရှိရင်တောင် သိုသိပ်တယ်။ မကောင်းမှုကိုလုပ်ဖို့ ရှက်ရကောင်းမှန်း သိတယ်။ လူတိုင်းကိုမဆိုလိုပါရှင်။ လူကောင်းတွေလဲ ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့လူတော်တော် များများဟာ မကောင်းမှုပြုရမှာ မရှက်ကြတော့ပါဘူး။
အရင်ကဆို မိန်းကလေးတွေအရက်မသောက်ကြပါဘူး။ ခုဆို မိန်းကလေးတွေ အရက်သောက်တာ သမရိုးကျလို ဖြစ်နေပါပြီ။ သင်္ကြန်မှာဆို ပိုသိသာပါတယ်။ အရက်မူး နေတဲ့ မိန်းကလေးကို ထိန်းနေတဲ့ ယောက်ျားလေးတွေ ကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်။
အရင်တုန်းက အိမ်ထောင်ရေးဖောက်ပြန်တာ ရှားပါ တယ်။ ဖောက်ပြန်လဲယောက်ျားတွေပဲ များပါတယ်။ အခုခေတ်မှာတော့ မိန်းမတွေလဲ ကျူးလွန်လာကြပါ
ပြီ။ မိန်းကလေးငယ်ငယ်တွေရဲ့ ဘဝဟာလဲ လုံခြုံမှု သိပ်မရှိတော့ပါဘူး။ ဦးလေး၊ အကိုအရင်း၊ အဖိုးစတဲ့ သွေးသားရင်းချာတွေကလဲ စည်းမထားကြတော့ဘူး။ မနေ့ကတောင် အသက်၈၇ နှစ်အဖွားအိုကို အသက်၂၀ အိမ်နီးချင်းကစော်ကားတဲ့သတင်းကိုဖတ်လိုက်ရသေးတယ်။ ဒီလိုမျိုးအလားတူအဖြစ်တွေ ဒီဘက်ခေတ်မှာ ပိုကြားလာရပါတယ်။ ဒုက္ခ...ဒုက္ခခေတ်ကြီးက ကြောက်စရာ ဘယ်သူ့မှ ယုံစားလို့မရတဲ့ခေတ်။
ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ လူနေမှုစရိတ်တွေ ကလည်း မြင့်မားလာကြတယ်။ ဒီတော့ ငွေကြေးက
ပိုလိုအပ်လာ၊ ရိုးရိုးသားသားအလုပ်လုပ်ရင်ကြီးပွား တာနှောင့်နှေးတော့ မရိုးမသားစီးပွားရှာ၊ နှစ်လုံးထီ
ကော်မရှင်စားရောင်းတာတွေ၊ တချို့ကွမ်းယာဆိုင်
တွေမှာစိတ်ကြွဆေးတွေရောင်းနေတာလဲ ကြားဖူး ပါတယ်။ ကျမတို့ရပ်ကွက်တောင် ခဏခဏရဲတွေ လာစစ်ဆေးတာကို မြင်ရပါတယ်။ ဘယ်သူကဘာတွေ လုပ်နေလို့ ဒီလိုလာလာစစ်နေတာလဲတော့မသိ။
ဆက်ရန်ရှိပါသေးသည်။
ဟယ် ငါချဲ လက်ခွဲလေးရောင်းရမလား
ငွေတိုးပေးရမလား စဉ်းစားနေတုန်းရှိသေး
မလုပ်နဲ့ မလုပ်နဲ့
ကိုယ့်ဖာသာ steemit မှာပဲ အေးအေးဆေးဆေး စာရေးစမ်းပါ
ဟုတ်တယ်ကွာ..fbမှာတက်လာတဲ့သတင်းဟူသမျှ၊စိတိမချမ်းသာစရာတွေကြီးဘဲ။လူတွေမှဟုတ်ရဲ့လားလို့..သံသယဖြစ်မိပါရဲ့။အဓိက.က..ကိုယ်ချင်းစာနာစိတ်တွေလျော့ပါးလာခြင်းဘဲ။ဘယ်သူသေသေ..ငတေမာရင်ပီးရောဆိုတဲ့လူတွေ။စိတ်ပျက်စရာကြီး။
ဟုတ်ပါတယ်မမရေ
ညီမလဲဒါကိုပဲပြောချင်တာ
တနေ့တမျိုးမရိုးရဘူး
Congratulations @nweoomon! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the total payout received
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
လောဘတွေပေါ့ ညီမရေ
ဟုတ်ပ မမစုရေ
You got a 100% upvote from @steempowergroup1 courtesy of @nweoomon! It is a cool free !
Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.