လူမတန်ကံချတဲ့သူ
လူအတော်များများကလူမတန်လျှင် ကံကိုပုံချတတ်ကြသည်မှာ လူ့သဘာဝဖြစ်လေ၏အရိုးစွဲ နေသောအကျင့်ဆိုးတစ်ခုလည်းဖြစ်ပါ၏
တစ်ခုခုအဆင်မပြေဖြစ်ပြီဆိုလျှင် ပြောတတ် ကြားရတတ်သော စကားလုံးလည်းဖြစ်ပါသည်။ စိတ်သက်သာရာရှာသော
အခြေအနေသာဖြစ်ပါလိမ့်မည်ပေါ့ ကံမကောင်းလို့ဆိုသည်မှာ လက်ခံနိုင်ဖွယ်အချင်းအရာတစ်ရပ်မဟုတ်ပါလားလူဆိုသည်မှာ
ကိုယ့်အပြစ် ကိုယ့်ချို့ယွင်းချက်များကို ဘယ်သောအခါမှ မမြင်တတ်သူများဖြစ်ကြလေ၏ ဘာကိုမှ တာဝန်မယူတတ်သူများ
တာဝန်ကို ရှောင်တတ်သူများလည်းဖြစ်ကြသည်ဟုတစ်နည်းအားဖြင့်လည်းဆိုနိုင်ပါသည်ထိုသူတို့သည် သူတို့ရဲ့ အပြစ်
ဟာကွက် အားနည်းချက်များကိုဝန်မခံတတ် အရေးကြုံလာလျှင် ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဟု လက်ညှိုးထိုးကာ
လွှဲချတတ်ကြလေ၏အလွန်ဆိုးတဲ့လူ့သဘောဖြစ်ပေသည်
you always have the best content