ကြိုမြင်သော

in #busy8 years ago (edited)

အဖြူရောင်တိမ်တိုက်တွေကပြောတယ်
လွမ်းတဲ့စိတ်က ထိန်းချုပ်မရဘူးတဲ့။
အပြာရောင်တိမ်တိုက်တွေကပြောတယ်
အချစ်ဆိုတာအဆုံးအစမဲ့တယ်တဲ့။
အနီရောင်နေမင်းကြီးကပြောတယ်
အမုန်းဆိုတာပူလောင်တယ်တဲ့။
ငွေရောင်လမင်းကပြောတယ်
နားလည်မှုဆိုတာ အေးချမ်းတယ်တဲ့။
ရော်ရွက်တွေကပြောတယ်
တိုက်ဆိုင်မှုတွေက လေတိုက်တိုင်းကြွေတယ်တဲ့။
ယိမ်းနွဲ့နေတဲ့မြက်ပင်တွေကပြောတယ်
သတိရမှုတွေက အမြဲယိမ်းနွဲ့နေတယ်တဲ့။
အားလုံးပြောတယ်
သူ့ကိုမချစ်နဲ့တဲ့။
ဒါပေမယ့်
ချစ်မိတဲ့စိတ်တွေက နားလည်မှုကို လက်ကိုင်သုံးထားလည်း
တိုက်ဆိုင်မှုနဲ့အတူရောက်လာတဲ့
လွမ်းဆွေးသတိရမှုကို
မင်းကိုငါပြောချင်ပေမယ့်
မင်းနဲ့ငါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 61485.93
ETH 1592.52
USDT 1.00
SBD 0.47