မလိုသည်များကိုစွန့်လွှတ်ပြီး မတူသည်များကိုသိမ်းဆည်းထားလိုက်ပါ

in #myanmar7 years ago (edited)

DQmXDZCCcade8HBgCt9Q5pCsubE8rquCuqfwaTzb3w5UcA1_1680x8400.png

မတူညီမှုဆိုတာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအပေါ် တည်မှီနေပါတယ။် မှန်ပါတယ် အဲ့ဒီဆန္ဒဆိုတာ ရယူဖို့လား ၊ ပေးဆပ်ဖို့လား။
ဒါမှမဟုတ်မျှဝေဖို့လား။ခံယူဖို့လား ။လွတ်မြောက်ဖို့လား။လွန်မြောက်ဖို့လား ဆိုတာတွေပါ။ လူနှစ်ယောက်ကို
တစ်ခွန်းတည်းသော စကားကိုပြောဖူးကြပါလိမ့်မယ်။ပြန်လည်တုံ့ပြန်လာမဲ့ ရလာဒ်တွေကတော့ မတူကွဲပြားကာခြားနားလို့
ပင်နေမည်ဖြစ်ပါသည်။ ခံယူသူတစ်ယောက်ချင်းဆီရဲ့ အတွင်းဓါတ်ခံ ပေါ်မူတည်ပြီး ရလာဒ်တွေ အဖြေတွေက ကွဲပြားသွား
ရခြင်းသာဖြစ်ပါတယ်။မတူတာကိုပဲ မတူသလိုပဲ သင့်တင့်စွာနဲ့ နှလုံးသွင်းကာ ရလာဒ်တွေကို လက်ခံသင့်ပါတယ်
အတင်းကာရော တူညီအောင် ကြိုးပမ်းမည်ဆိုလျှင်တော့ကာ ခြားနားချက်တွေကို အေ၇ာင်တင်ပေးသလိုပင်ဖြစ်လို့နေမည်။
ရယူမှုခြင်းတူနေပေမယ့် ခံယူမှုခြင်းတူညီမှာ မဟုတ်ပါဘူး။

ခံယူမှုခြင်း မတူညီတာကြောင့် ဆုံးဖြတ်ပုံ သုံးသပ်ပုံတွေ လွဲမှားနေမှာပါ။ ကိုယ့်အမြင်သူ့အမြင်ဟာ တူညီဖို့ရန် ခက်ခဲလွန်းလှပါတယ်
အကြောင်းအချင်းအရာတွေဟာ တစ်ခုနဲ့တစ်ခု တိုက်ဆိုင်တူညီဖို့ရန် မလွယ်ကူပါ။ လူတစ်ဦးနဲ့တစ်ဦး မျက်နှာသွင်ပြင်တွေဟာ
ကွဲပြားခြားနားလို့နေသလိုပင်ဖြစ်သည်။ လူသန်းပေါင်းများစွာရှိနေသလို မျက်နှာတွေလဲ တစ်ခုနဲ့တစ်ခုမတူညီနိုင်အောင်ပင်ရှိလို့
နေသည်မှာ ထူးဆန်းသောအခြင်းအရာမဟုတ်ပါ။အဘယ်အကြောင်းအရာကို အဘယ်သို့ခံယူရှုမြင်သည် ဆိုသည်မှာ ဘ၀တွေ
အဆင့်တွေ အေ၇ာင်အသွေးတွေ နိမ့်ခြင်းမြင့်ခြင်းတွေ ကွဲပြားသွားခြင်း၏ ရေသောက်မြစ်ပင်ဖြစ်လေသည်။

အခုလိုလွဲနေသမျှလည်း အကျိုးပေးပုံခြင်းလည်းမိုးနဲ့မြေပမာ ကွာဟနေပါလိမ့်မယ်။ အခုလိုကွာခြားနေလို့ နေရာဌာနတွေ
အဆင့်ဆင့် အနိမ့်အမြင့်တည်ရှိနေသလို့ ငြင်းဖို့ရာ မလိုတော့ပါချေ ။ မွဲတာနဲ့ချမ်းသာတာ။ ရုပ်ချောတာနဲ့ ရုပ်မလှတာ။
အခြံအရံများတာနဲ့ အခြံအရံနည်းတာ မျိုးရိုးမြင့်မြတ်တာနဲ့ မျိုးရိုးနိမ့်ကျတာ ဥာဏ်ပညာသိမ်ငယ်တာနဲ့
ဥာဏ်ပညာကြီးမားတာ စတဲ့ဆန့်ကျင်ဘက်တွေတည်ရှိလို့နေပါတယ်။ ဆန့်ကျင်ဘက်အမြင်ဟာ ဆန့်ကျင်ဘက်အကျိုးတွေ
အပြစ်တွေကိုသယ်ဆောင်လာမည်သာဖြစ်တယ်။

လောကမှာဒီအတိုင်းပါပဲ။ ပေးလိုက်တဲ့စေတနာ။ မေတ္တာချင်း ဘယ်လိုပဲတူတူ ခံယူသူမှာ ယုံကြည်မှုတွေလွဲမှားနေပါက ရတဲ့
အရသာခြင်း ကွားခြားနေပါလိမ့်မယ်။ အဖြေတွေဟာခြားနားနေပါမယ်။အမြင်မတူတာ တစ်ခုနဲ့တင် ခံယူချက် ခံစားချက်တွေ
ကွဲပြားလာရမှာပါပဲ။အနိမ့်အမြင့်တွေဟာ ဆက်ရှိနေဦးမည်သာဖြစ်ပါတယ်။မတူတာကို ညီအောင်ညှိဖို့ မကြိုးစားလိုက်ပါနဲ့။

ကိုယ်တိုင်ပါဝင်ခြင်းမရှိတဲ့ ပြိုင်ပွဲတွေမှာတောင် ဆန့်ကျင်ဘက် ခံစားမှုတွေအတွက် ရင်ပူနေရသေးသည်ဆိုလျှင်
ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲနေရတဲ့ လောကဘ၀မှာ အမှားနဲ့အမှန် ယုံကြည်ချက်မယုံကြည်ချက်တွေအတွက်ကို
ဒေါသမကြီးပါနဲ့ ။စိတ်ထားကြမ်းကြမ်းတမ်းတမ်းမပြုမူပါနဲ့ ။ စိတ်ကြမ်းတဲ့လူအနား။
နှလုံးသား မသိမ်မွေ့ မနူးညံ့တဲ့သူအနားကို ကလေးတောင် အနားမကပ်ချင်ပါဘူး။
ဒီလိုအပြုအမူပြုတဲ့သူတွေဟာ လူမုန်းများတက်ပါတယ်။ ကိုယ့်အနီးအပါးမှာ အခြံအရံကင်းမဲ့နေတက်ပါတယ်။

@nightboy
photo . google

Sort:  

အားပေးလျှက်

ကျေးဇူးပါဗျ

Congratulations @nightboy! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဆန္ဒကို ဆန်ဒ ၊မေတ္တာကို မစ်တာ၊အရေးများပြုပြင်စေလိုပါသည်

ဟုတါကဲ့ခင်ဗျ

ပုံ​လေး​တွေများများထည့်​ရင်​ ​ကောင်းမယ်​​နော်​၊ အကြံ​ပေးကြည့်​တာပါ။

ဟုတါကဲ့ခင်ဗျ

စာလုံး​တွေပြင်​​ပေးရင်​ ပို​ကောင်းမယ်​ထင်​တယ်​ဆရာ အကြံပြုတာပါ

ဟုတါကဲ့ခင်ဗျ

ကောင်းတာလေးတွေဝေမျှလို့ကျေးဇူးပါ

ကျေးဇူးတင်ပါတယ် ခင်ဗျ

ပုံတွေများများထည့်ပေးပါ

ဟုတါကဲ့ခင်ဗျ

thanks for your sharing knowledge,bro!
Igot some knowledges from your post!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76262.49
ETH 2949.42
USDT 1.00
SBD 2.63