လူမှန်နေရာမှန်
လူမှန်နေရာမှန်
ကော်ဖီဆိုင်တစ်ခု တွင်မြန်မာဘောလုံးပွဲကို အားပေးကြည့်ရှုနေသည်။
ဘောလုံးပွဲကလည်းမနိုင်သဖြင့် မရွှင်မလန်းဖြစ်နေသော စိတ်များကို စကားပြောရင်း ပြေပျောက်စေသောငှာ
အသက်ငါးဆယ်ကျော် လူကြီးတစ်ဦးနှင့် စကားလက်ဆုံကျလျှက်ရှိပါသည်
"တူမောင် ဘာအလုပ်လုပ်သလဲကွဲ့"
"ပန်းရံလုပ်ပါတယ် ဦးလေး "
"တစ်ခြားဘာအလုပ်လုပ်တက်သေးသလဲ "
"မတက်ပါဘူး ဦးလေး ရွာမှာတော့ လယ်လုပ်ပါတယ်
ခုလိုမိုးတွေဆက်တိုက်ရွာနေတဲ့ အချိန်တွေဆို အလုပ်ဆင်းလို့မရဘူး
ဝင်ငွေမရှိပါဘူး ဦးလေးရယ်"
"အေးအေး မင်းကို ဦးလေး ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ် နားထောင်မလား"
"ဟုတ်ဦးလေး ကျွန်တော်နားထောင်ချင်ပါတယ်ခင်ဗျာ"
ရှေးအခါက ရွာတစ်ရွာမှာ အလွန်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိလေသည်။
တစ်ဦးအမည်မှာ မောင်လှဖြစ်ပြီး ကျန်တစ်ဦးအမည်မှာ မောင်ဘဖြစ်လေသည။်
သူတို့နေထိုင်ရာ ရွာတွင်လယ်အလုပ်ကို ငယ်စဉ်ကပင် လုပ်ကိုင်ကြပါသော်လည်း
တိုးတက်ကြီးပွားနိုင်ခြေမရှိဟုထင်မြင်ကာ တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသည့်အတိုင်းပင်
ကြီးပွားတိုးတက်မည့် အလုပ်ရှာဖွေရန်ရွာလေးကို စွန့်ခွါလျှက် ထွက်ခဲ့ကြလေသည်။
တစ်နယ်ပြီးတစ်နယ် တစ်ရွာပြီးတစ်ရွာလှည့်လည် ရှာဖွေကြရင်း တစ်နေရာတွင်
ဆေးမှုန့်များထည့်ထားသည့် ဆေးဘူးလေးကို ကောက်ရကြလေသည်။
နှစ်ယောက်သား ထိုဆေးဗူးလေးကို ကြည့်ကာ ငါတို့တော့ အခွင့်အရေးတစ်ခုရပြီဟေ့
ဒီဆေးဗူးလေးကို အသုံးချပြီး ငွေစတွေရအောင်လုပ်ရမယ် ဟုတိုင်ပင်ကြပြီး
ဆေးကုရန်လူနာရှာကြလေသည်။
ရွာတစ်ရွာသို့ရောက်သောအခါ ဝေဒနာအပြင်းအထန်
ခံစားနေရပြီး ဆရာပေါင်းစုံမှ လက်လျှော့ထားကာ သေမည့်အချိန်ကို စောင့်လျှက်သာရှိသော
လူနာတစ်ဦးအားတွေ့လေသည်။ ဆေးကုသရန် ခွင့်တောင်းစည်းရုံးပြောဆိုကြပြီး
အသင့်ပါလာသော ဆေးမှုန့်အနည်းငယ်ကို လူနာအားတိုက်လေ၏။ ချက်ချင်းဆိုသလိုပင်
လူနာသည် ၀မ်းများသွားလေတော့သည်။ လူနာရှင်များက စိုးရိမ်စွာဖြင့် ဆရာတို့ရယ်
လူနာကအားမရှိရတဲ့အထဲ ၀မ်းတွေထပ်သွားနေပြန်တော့ ဟန်ကျပါ့မလား ဟုမေးလေရာ
အို စိတ်မပူပါနဲ့ဗျာ ဒါအပူဝမ်းတွေသွားနေတာပါ ဒီဝမ်းတွေရပ်သွားတာနဲ့ ချက်ချင်းငုတ်တုတ်
ထထိုင်လာမိမ့်မယ် စိတ်ချ မကြာခင် သက်သာပျောက်ကင်းသွားမျာပါဟု ခပ်တည်တည် ပင်ဆိုလေသည်။
လူနာအား နောက်ထပ်ဆေး တစ်ခွက်ထပ်တိုက်ပြန်သည်။
ချက်ချင်းဆိုသလိုပင် လူနာမှာတွန့်လိမ်ကောက်ကွေးလျှက် ဝေါခနဲ ဗျောခနဲ ၀မ်းတွေ အဆက်မပြတ်ဒလဟော
ထွက်ကျကာ အသက်ထွက်လေတော့သည်။ လူနာရှင်များက ဒင်းတို့ဆေးကြောင့် တို့လူနာသေရသည်ဟုဆိုကာ
ရိုက်မည် သက်မည် လုပ်ကြလေတော့သည်။ မောင်လှနှင့်မောင်ဘတို့လည်း မျက်ရည်လည်ရွှဲ ဖြင့် လက်အုပ်လေးများ
ချီလျှက် ရွာသူကြီးအား ရှိခိုးဦးတင် တောင်းပန်ရင်း သူတို့၏ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေတော့သည်။
ရွာလူကြီးသည် သမာသမတ်ရှိသောသူဖြစ်ရလေကာ ကြီးသောအမှုငယ်စေ၊ငယ်သောအမှုပပျောက်စေရန် အတွက်
လူနာရှင်တို့အားဖြောင်းဖျ ပြောဆိုနှစ်သိမ့်ပေးလေသည်။
ပြီးတာတွေလဲပြီးစေကြတော့ ၊သေသူကလဲ သေပြီးနေပြီ။ မင်းတို့လူနာကလည်း နဂိုတည်းက ဆရာစုံလက်လျှော့
ထားလို့ သေမယ့်အချိန်ကိုသာစောင့်နေတာ တစ်ရွာလုံးအသိပဲ။ အကျယ် အကျယ်မငြိမ်းဖွယ် မဖြစ်ကြနဲ့တော့
ဟိုတက်ယောင်ကား နှစ်ယောက် မင်းတို့အပြစ်ပေးတဲ့ အနေနဲ့ ဒီအလောင်းကို မင်းတို့သယ်သွားပြီး မြေမြှုပ်ပေးရမယ်
ဟုဆိုလေသည်။
မောင်လှနှင့်မောင်ဘသည် အလောင်းအားရှေ့နောက် နှစ်ယောက်ထမ်းလျှက် သယ်သွားကြလေသည်
ရှေ့မှထမ်းသော မောင်လှမှာ ဘာမှမဖြစ်။နောက်မှထမ်းသော မောင်ဘသည်မှာကား အလောင်းစအိုဝမှ တစ်စက်စက်
ထွက်ကျနေသော မစင်များကြောင့် တစ်ကိုယ်လုံးပေရေကာ နံစော်နေလေတော့၏။ အလောင်းအားမြေမြှုပ်ပြီးသော
အခါ မောင်လှက အလုပ်နောက်တစ်ခုပြောင်းလုပ်ရန်စကားဆိုလေရာ တော်ပါတော့မောင်လှသူငယ်ချင်းရာ
မင်းကရှေ့ကထမ်းလို့ ဘာမှမဖြစ် ငါကနောက်ကထမ်းတော့ ချေးအလူးလူး အပေပေနဲ့ နံစော်နေတာပါပဲကွာ
ဘာအလုပ်မှ ဆက်မရှာပါနဲ့တော့ တို့ရွာကိုသာပြန်ပြီး လယ်လုပ်ကြပါစို့ကွာ ဟုဆိုလေသည်။
အေး ဦးလေးပြောချင်တာက တော့ ကိုယ့်ရပ်ကိုယ့်ရွာကအလုပ်ကို လေးစားတန်ဖိုးထားပြီး ကြိုးစားလုပ်ကိုင်လို့ရပါ
လျှက်နဲ့ တနယ်တကျေးမှာ လာပြီးဒုတ်ခခံနေကြတဲ့ လူလေးတို့လို လူငယ်တွေအတွက် အရွယ်မလွန်ခင် စဉ်းစားဆင်
ခြင်နိုင်ဖို့အတွက်ပါဟု ဆိုကာ ကော်ဖီဆိုင်အတွင်းမှထွက်ခွါသွားလေတော့သည်။
@nightboy
photo. google
Congratulations @nightboy! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
fighting and voted