ကံဆ်ုးသူကဘယ်သူလဲ

တစ်ယောက်ပြီးတစ်ယောက် ဆင်းလိုက်၊ တက်လိုက် သစ်ပင်ကို သွားကိုင်ပြီး ပြန်တက်လာကြသည်။ မိုးခြိမ်း သံများကား မပြတ်ကြားနေရသည်။ လျှပ်စီးတွေကလည်း ကြောက်စရာ ကောင်းလောက်အောင်ပင် တလက်လက် ဖြစ်နေ၏
နောက်ဆုံး တစ်ဦးသာ ကျန်တော့ပါ၏
ထိုသူကား ကား၏ နောက်ဆုံးထိုင်ခုံတွင် ထိုင်နေသော အဖွားအိုဖြစ်လေ၏
ကဲ … အဒေါ်ကြီး ခင်ဗျားအလှည့်ပဲ။ ကားပေါ်ကဆင်းတော့လေ
အဖွားအိုက အားလုံးကို တောင်းပန်သည့် မျက်လုံးဖြင့်ကြည့်ပြီး
ကျေးဇူးပြုပြီး မသွားပါရစေနဲ့ရှင်အားလုံး စုပြီးတော့ ဆိုးအတူ ကောင်းအတူ မျှဝေခံကြရအောင်ပါ
လူတွေက လက်မခံတော့ပါအားလုံး အပြစ်မရှိသလို သူတော်ကောင်းများကဲ့သို့ ယူဆပြီး ကားပေါ်မှဆင်းကာ သစ်ပင်ကို သွားကိုင်ရန် တောင်းဆိုကြတော့သည်
ဘာတွေဆက်ဖြစ်မည်မသိသေး
ဆင်းသွားတော့မယ့် အဖွားအိုကတော့ကံဆိုးလေမည်လား