ယုံကြည့်မှုကအဓိက

in #myanmar6 years ago

ကျွန်တော် အလုပ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ လက်တွဲလက်ရတော့မယ်ဆိုရင် ပထမဦးဆုံး ဆွေမျိုးအရင်းအခြာတွေကို ဦးစားပေးစဉ်းစာပါတယ်။ အဆင်မပြေရင် သူငယ်ချင်းအရင်းအခြာတွေကို ဦးစားပေးတယ်။ အဲလိုမှအဆင်မပြေရင် သူစိမ်း နဲ့အလုပ်လုပ်တယ် ပြောမဲ့သာပြောတာ အမျိုးတွေနဲ့ သူငယ်ချင်းတော်တော်များများက အလုပ်တွဲလုပ်ဖို့ အဆင်မပြေတာကများပြီး သူစိမ်းတွေနဲ့ပဲ ပိုအဆင်ပြေတာတွေများလာတယ်။ ကိုယ်ပေးချင်သော်လည်း ယူမည့်သူတွေအဆင်သင့်မဖြစ်တာ အာမ မခံရဲတာ။ ပြသနာမဖြေရှင်းချင်တာတွေနဲ့ လုံးခြာလည်နေတော့ အဆင်ပြေတဲ့သူနဲ့ပဲ လက်တွဲရတာပေါ့။ အလုပ်ရယ်လို့ လုပ်လာပြီဆိုရင် ဘာပြသနာပဲဖြစ်ဖြစ် အတူရင်ဆိုင်ရမယ်လေ။ ဒီလိုမှမဟုတ်ရင် ဘယ်လိုရှေ့ဆက်သွားရမလဲ? နောက်ဆုံးတော့ သူစိမ်းတွေနဲ့ပဲ အလုပ်လုပ်ဖြစ်တာများလာခဲ့တယ်။ ယုံကြည့်မှုကအဓိကပေါ့ အလုပ်မှာ ယုံကြည့်မှုမရှိရင် ဘာမှလုပ်လို့မရနိုင်တော့ပါဘူး။ ဒီလိုယုံကြည့်မှုတည်ဆောက်ဖို့ဆိုတာလည်း အတော်အတန့်လောက်နဲ့တော့ မရနိုင်ပါဘူး။
@nayhlaingsoe
@MSU_No.24

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76606.02
ETH 3048.30
USDT 1.00
SBD 2.62