အချိန်စက်ဝန်း
တစ်ချိန်က ဖိုရမ်တွေမှာ ပျော်ရွှင်ခဲ့တဲ့ကျွန်တော် ဒီပျော်ရွှင်ခဲ့မှုတွေ ပျောက်ဆုံးနေတာကြာခဲ့ပါပြီ steemit ပေါ်ရောက်လာတော့ အစကတော့ ဟိုလိုဒီလိုပါပဲ။ ဘာမှန်းမသိခဲ့ဘူး။ တဖြည်းဖြည်းနဲ့ copyright, own creating တွေနဲ့ team work တွေကြောင့် နည်းနည်းပျော်ရွှင်စပြုလာပါပြီ။ (၁၀)နှစ်ဝန်းကျင်လောက် လူမှုကွန်ယက်မှာပဲ အချိန်ကုန်ခဲ့တာတွေပါပဲ။ ကျွန်တော်တို့ အဘိုးတွေရဲ့ခေတ်တုန်းကတော့ နေ့စဉ်နဲ့အမျှဖြစ်ပျက်မှုများကို အချိန်အတိအကျ စာအုပ်တွေပေါ်မှာ နေ့စဉ် မှတ်သားထားတဲ့ ဓလေ့တွေ့ဖူးတယ်။ ခုခေတ်တော့ လူမှုကွန်ယက်မှာပဲ ရေးသားချက်တွေ ပျောက်ပျက်ကုန်သလို ခံစားမိလာတယ်။ နောက်ထပ်အတွေးတစ်ခုကတော့ google drive, microsoft drive တွေမှာလည်း ပြန်လည်သိမ်းဆည်းဖို့ပါ။
@MSU No 24
@nayhlaingsoe