ခြေလှမ်း
ခြေလှမ်း...

ခြေလှမ်းတော့ ခြေလှမ်းပဲ။ ဒါပေမဲ့
ုဖြူဖြူကျော်သိန်းနဲ့တင်ဇာမော်တို့်ရဲ့ ခြေတစ်လှမ်းလည် မဟုတ်ဘူး။စာဆိုတွေရဲ့ကလောင်ကြားကနုရွနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းလည်း မဟုတ်ပြန်ဘူး။
ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ ခြေတစ်လှမ်းကတော့ တကယ်ပဲအမှန်တရားပါ။
ခြေတစ်လှမ်း....
ခြေတစ်လှမ်းကို စလှမ်းပြီဆိုပါစို့။ ဘယ်ကိုများဦးတည်ကြသလဲ ။ ဘယ်အထိများ ဦးတည်ထားသလဲ။ဒါဟာခြေတစ်လှမ်းအတွက် အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုပါပဲ။
တိကျခိုင်မာပြီး သေချာတဲ့ ပန်းတိုင်အတွက် တပယ်ပဲ ခြေတစ်လှမ်းက စတင်ခဲ့ရတာပါ။
အဲ့ဒီမှာ လူတွေက အနီးဆုံးမှာရှိတဲ့အရာတွေကို သတိမထားမိတာက ခြေထောက်တွေရဲ့ ပြိုင်ဆိုင်မှုကိုပါပဲ။
စိတ်ခန္ဓာရဲ့သွားလိုရာကို ဒီခြေထောက်နှစ်ချောင်းကပဲ သယ်ဆောင်သွားတတ်တာဖြစ်ပြီး အဲ့ဒီလို ပန်းတိုင်အတွက် ဘယ်ခြေနဲ့ညာခြေဟာ အမြဲတစေ ပြိုင်ဆိုင်နေခဲ့ကြရပါတယ်။ ဘယ်ခြေက ရှေ့ကိုရောက်သွားတဲ့အခါ ညာခြေဟာ ဘယ်ခြေရဲ့အရှေ့ကို ရောက်သွားဖို့ အားထုတ်ရပြန်ပါတယ်။ဘယ်ခြေရှေ့ကိုရောက်သွားချိန်မှာ ညာခြေက ကျော်တက်သွားပြန်ရတယ်။

ဘယ်လောက်အဓိပ္ပါယ်ရှိတဲ့ ပြိုင်ဆိုင်မှုပါလဲ။ ပြိုင်ဖက်တွေအဖြစ် ဘယ်ခြေနဲ့ ညာခြေဟာ ဘယ်တော့မှ ရန်စောင်မနေကြဘူး။ တစ်ဖက်ခြေရဲ့ လမ်းကြောင်းကို တခြားခြေ တစ်ဖက်က မနှောင့်ယှက်ဘူး။
ပန်းတိုင်တစ်ခုထဲ လမ်းကြောင်းတစ်ခုထဲကို တစ်လမ်းထဲကနေ ဦးတည်ပြီး အပြိုင်အဆိုင် သွားလိုက်ကြတာ.....
တကယ်ပဲ ပန်းတိုင်ကို ရောက်ခဲ့တာပဲ မဟုတ်လား.....
တစ်ဖက်နဲ့တစ်ဖက်သာ ရန်စောင်နေကြမယ်ဆိုရင် လိုရာပန်းတိုင်ကို ဒီထက်အချိန်တိုနဲ့ ရောင်နိုင်ပါ့မလား။ စဉ်းစားစရာပါ။
အငြိုးအတေး အာဃာတတွေ မပါပဲနဲ့ သန့်ရှင်းတဲ့ပြိုင်ဆိုင်မှုမျိုးနဲ့ ပန်းတိုင်ဆီိ အရောက်လှမ်းလို့ရတယ်ဆိုတာ...ကိုယ့်ခန္ဓာကိုယ်မှာရှိပြီး နေ့စဉ်သွားလာနေ အသုံးပြုနေတဲ့ ဒီခြေထောက်တွေကို သင်္ခန်းစာယူ အတုယူနိုင်တယ်ဆိုတာကို လူတိုင်းက သိချင်မှလည်း သိနိုင်ပါလိမ့်မယ်။
ပြိုင်ဖက်ဆိုတာ ရန်သူမဟုတ်ပါဘူး။ ပြိုင်ဖက်ဆိုတာ ကိုယ့်အရည်အချင်းတွေ ကိုယ့်အရည်အသွေးတွေကို လေ့ကျင့်ပေးနေတဲ့ မိတ်ဆွေကောင်းပဲ ဖြစ်ပါတယ်။
ကျမတို့ဆီမှာ တွေ့ကြုံနေရတာက ပြိုင်ဖက်ဆိုတာနဲ့ တစ်ဦးနဲ့တစ်ဦး မုန်းတီးပစ်လိုက်ကြတော့တာပါပဲ။ တကယ်တော့ တစ်ဖက်ရဲ့ အားနည်းချက် အားသာချက်တွေကို မိတ်ဆွေဘဝနဲ့ ရင်းနှီးဖလှယ်ပြီး နည်းယူသင့်ပါတယ်။
လက်ဆွဲနုတ်ဆက်လိုက်ရုံနဲ့လည်း မိတ်ဆွေဖြစ်သွားမှာမှ မဟုတ်ပဲ။ ပြိုင်ဆိုင်ခြင်းမှန်ပေမဲ့ လမ်းကြောင်း တစ်ခုထဲမှာ ပြိုင်မျဉ်းနှစ်ကြောင်းလို ပြိုင်ဆိုင်သင့်ပါတယ်။

အခုပြောနေတဲ့ ဘယ်ခြေထောက်နဲ့ ညာခြေထောက်လိုပေါ့။ တစ်ဖက်နဲ့ တစ်ဖက်မတိုက်ခိုက်ကြဘူး။ သူ့လမ်းကိုယ့်လမ်းဟာ ရှင်းလင်းတယ်။
သူ့လမ်းကို ကိုယ်နှောင့်ယှက်ပြီး ကိုယ့်လမ်းကိုပါ မကြန့်ကြာစေဘူး။ကိုယ်သွားရမဲ့နေရာကိုပဲ ဦးတည်တယ်။ ကိုယ့်ပန်းတိုင်ကိုပဲ ရှေးရှု့တယ်။
အဲ့ဒီနည်းနဲ့ ပန်းတိုင်ကိုရောက်သွားကြလေ့ရှိတယ်။ပြီးတော့ တစ်ခုက ဘယ်ခြေနဲ့ ညာခြေဟာ တစ်ဖက်နဲ့ တစ်ဖက် အားပြုထားတာပါပဲ။ တစ်ဖက်မရှိရင် တစ်ခြားတစ်ဖက်ဟာ ပြိုင်ဆိုင်လို့မရဘူး။ သူ့ပန်းတိုင်ကို တစ်ဖက်တည်း ဦးတည်လို့မရဘူးဖြစ်သွားတယ်။ ခြေတုတပ်တာတို့ ဆိုတာမျိုးဟာ ကျန်နေတဲ့ ခြေတစ်ဖက်အတွက် လိုအပ်နေတဲ့ ပြိုင်ဖက်ကို အစားထိုးခြင်းပါ။
ပြိုင်ဖက်ဆိုတာ ရန်သူလို့သတ်မှတ်ပြီး အမုန်းပွားနေကြမဲ့အစား ပြိုင်ဖက်ဆိုတဲ့ မိတ်ဆွေရဲ့လက်ကို ရဲရဲဆွဲပြီး ရှေ့ကို ချီတက်ကြစမ်းပါ။ ပြိုင်ဖက်ကို ရန်သူလိုသဘောထားနေမဲ့အစား ငါ ဆိုတဲ့ ဓားကို သွေးပေးနေတဲ့ ကျောက်ခဲတစ်တုံးလို မှတ်ယူကြစမ်းပါ။ ပြိုင်ဖက်ကို ရန်သူလိုသဘောထားပြီး အမုန်းပွားနေကြမဲ့အစား သူဟာ ငါဆိုတဲ့ ခြေထောက်တစ်ဖက်အတွက် လိုအပ်နေတဲ့ မိတ်ဆွေကောင်းလို့ သဘောထားလိုက်ကြစမ်းပါ။
တကယ်တော့ ပြိုင်ဖက်ဆိုတာ ရန်သူမဟုတ်ဘူးလေ။ ပြိုင်ဖက်ဆိုတာ ပြိုင်ဖက်ပါပဲ။ မုန်းရမဲ့သူမဟုတ်ဘူးလို့တော့ ဒီစာကိုဖတ်ပြီး တွေးကြည့်မိစေချင်ပါတယ်။
အသိတရားနဲ့ သတိထားလို့ သန့်ရှင်းတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ပန်းတိုင်ဆီ ချီတက်နိုင်ကြပါစေလို့ ဆုတောင်းရင်း........
( ဘယ်သူ့ကိုမှ ရည်ရွယ်ခြင်းမဟုတ်ပဲ ကျမအတွေး သက်သက်သာ ဖြစ်ပါကြောင်း)
Nannwine
msc 132
Photo from google
V 100% 0.073$ V n C done. @poe/thi.
Thanks
good
Thz q
fighting @nan
Thx u
Nice post
Thz
Nice thank for share
Thz
Good post
Thz
မိုကိတယ်
Thz par
Nice Post!
Thz par
Good
Thz q
good post sister
Hote kat par