ကျွန်မချစ်တဲ့မန္တလေး

in #mandalay7 years ago (edited)

ကျွန်မချစ်တဲ့မန္တလေး
ကျွန်မချစ်တဲ့မန္တလေးဆိုလို့ ကျွန်မကိုမန္တလာသူလေးထင်နေကြအုံးမယ် အမှန်တော့မဟုတ်ပါဘူးရှင် ကျွန်မရှမ်းပြည်မှာနေတဲ့ ရှမ်းတိုင်းရင်းသူပါ ကျွန်မခုမန်းလေးမာနေနေတာ ၄နှစ်လောက်ရှိပါပီ
ကျွန်မမန္တလေးကိုချစ်တယ် ဘာလို့လဲဆိုတော့ မန္တလေးမှာ ဘယ်တော့မှမရိုးနိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ လည်ပတ်စရာနေရာတွေ သိပ်ကိုပေါများလှပါတယ် image
ပြီးတော့ ကျွန်မသိပ်ကြိုက်တဲ့အစားအသောက်တွေလည်းသိပ်ကိုပေါများပါသေးတယ်
မန္တလေးနန်းရှေ့ကနန်းကြီးသုပ်နာမည်သိပ်ကြီးပေါ့
မန်းလေးမာ အစားအသောက်ကိုရှမ်းအစားစာစားမလား မြန်မာအစားစာကြိုက်သလား တရုတ်အစားစာစားမလား အစုံရတဲ့အပြင် ဈေးနှုန်းလည်းသင့်တင့်ပါသေးတယ်ရှင်
ရုံးပိတ်ရက်မနက်စောစောလေးထပြီး မန်းလေးတောင်ပေါ်တက် လေညှင်းလေးခံ နေထွက်တာလေးကြည့်သိပ်ကိုလှပတဲ့ပန်းချီကားတစ်ချပ်လေးလိုပါဘဲ image
ပြီးတော့ မန်းလေးကနေတဆင့် အားလပ်ရက်ပြင်ဦးလွင်တက်လည်မလား ပုဂံဘက်သွားမလား
ဘယ်နေရာကိုဘဲသွားသွားအလည်ဗဟိုကျနေတဲ့မန်းလေးအတွက်ကတော့ သိပ်ကိုအဆင်ပြေလှပါတယ်
မန္တလေးမြို့ကိုအလည်လာမယ်ဆိုရင်တော့ အထင်ကရနေရာတွေကို ပြောပြပေးပါ့မယ်နော် image
မန္တလေးမဟာမြတ်မုနိဘုရားကြီး မန္တလေးတောင်တော် မန္တလေးနန်းတွင်း မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား
ရွှေကျောင်းတော် မြို့အဝင်ကကျောက်စိမ်းဘုရား
မယ်နုနေထိုင်ခဲ့တဲ့မယ်နုအုတ်ကျောင်း ဦးပိန်တံတား ကျောက်ဆည်မြို့ရှိ တန်ခိုးကြီးဆုတောင်းပြည့်ရွှေသိမ်တော်ဘုရား စတဲ့နေရာတွေကတော့ ရောက်ဖူးအောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်ရှင် image
ပြီးတော့လေ မန်းလေးမြို့သူမြို့သားတွေကလည်းသိပ်ကိုဖော်ရွေပြီးစည်းလုံးကြပါတယ်
မန္တလေးမှာ ရာဇဝင်တစ်ခုရှိတယ်လို့တော့ကျွန်မကြားဖူးသေးတယ် မန်းကျုံးရေသောက်ဖူးသူတိုင်းမန္တလေးနဲ့မခွဲနိုင်ဖြစ်ကြသတဲ့လေ
ကျွန်မလည်းဒါကြောင့်များ မန္တလေးမြို့ကိုမခွဲနိုင်ဖြစ်နေသလားမသိတော့ပါဘူးရှင် image
အလည်မရောက်ဖူးသေးသူတိုင်းလာလည်ကြဖို့
ကျွန်မမှလာရောက်လည်ပတ်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်
အားတဲ့အချိန်လေးလုပြီးရေးရတဲ့တွက်လိုအပ်ချက်တွေရှိမှန်းသိပေမယ့်
နားလည်ပေးစေချင်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
အားလုံးကိုချစ်ခင်လျက်
@nannwine
MSC-132
photo me

Sort:  

I've Follow, Upvotes. Interesting post. I like, multiply the article and expand it again. Spirit and keep working. Follow me @thihatun007

good စာအရေးအသားကောင်းပါတယ်

အလည်တစ်ခေါက်တော့လာရောက်စေချင်တယ် 😁

လာပါရှင်

လာလည်​ပါ့မယ်​....

ဟုတ်​..လာခဲ့ပ​နော်​ အမ

လာပါအုံးမယ်ဗျာ

လာပါ...ဖိတ်​​ခေါ်ပါတယ်

ဒုတိယ အကြိမ်​ ထပ်​လာဦးမည်​.....မန္တ​လေးသို့..

လာလည်​ပါရှင်

သွားစေ

ဟုတ်

လာလည်ရင် ခေါ်မှာလားလို့@nannwine

ခေါ်မှ​ပေါ့ရှင်

I've Follow, Upvotes. Interesting post. I like, multiply the article and expand it again. Spirit and keep working. Follow me @thihatun

Steemit မှာ အချိန်​​ပေးပါအမ....

သတိ​ပေးတဲ့အတွက်​​ကျေးဇူးပါ...​ဒီ​နေ့  ကစပြီး အားပပြီ

Coin Marketplace

STEEM 0.23
TRX 0.21
JST 0.036
BTC 98064.32
ETH 3430.60
USDT 1.00
SBD 3.23