မြတ်ဆရာပူဇော်ပွဲ

in #myanmar7 years ago (edited)

မြတ်ဆရာပူဇော်ပွဲ

ရင်နှင့်သည်းခြာ
အိုဘယ့်ဆရာအား
ခြေစုံဦးတိုက် ရှစ်ခိုးထိုက်သည်
ငါတို့စုပေါင်းဦးညွှတ်စို့ . . . .။ ။
image

ဟော ဟိုမှာ ငါတို့ ၄ တန်းတုန်းကနေခဲ့တဲ့အခန်း . ဒါကတော့ ၇ တန်း ၁၀ တန်းအခန်းကွဆိုပြီး သူငယ် တစ်သိုက် ငယ်သူတွေအတိုင်း ဆူညံသံတွေ ပွတ်လောရိုက်နေလေရဲ့ ။ ကျောင်းတော်ကြီးရဲ့ခေါငိးလောင်းသံကို မကြားရပေမယ့်လည်း ဟိုး ငယ်စဉ်ကလေးဘဝကလိုဘဲ ပြန်လည်ခံစားမိတယ် ။ သူငယ်ချင်းတွေ အတူတကွဓါတ်ပုံတွေတွဲရိုက်ကြတယ် ။ အတူတကွ ဆော့ပြေးကစားခဲ့တဲ့ ဒုံပျံလျောစင်ကြီးမှာလဲ ခုမကြီးမငယ်နဲ့ တတ်ဆော့နေခဲ့ကြသေးတယ် ။ ဟိုမှာစိန်ပမ်းပင်တွေလဲ အရွက်အခက်တွေ စိမ်းစိမ်းစိုနေတယ်ဟေ့။ မကြာသောကလမှာ ပွင့်ဖတ်နီနီတွေနဲ့ ကျောင်းရဲ့အလှကိုကို ပဏာဆင်ဖို့ အားယူနေလေရဲ့ ။ စက္ကူပန်းပင်တွေနဲ့လည်း ပမာတင်ပေလေစွ ။ အော် အမိကျောင်းတော်ကြီးရယ် နင်ရယ် ငါရယ် . အင်းးးး မဆိုင်တာတွေတွေးမိနေခဲ့ ။
image

မြတ်ဆရာပူဇော်ပွဲမကြာခင်ကျင်းပတော့မှာဖြစ်တဲ့အတွက် ဆရာ/ဆရာမကြီးများနဲ့ ကျောင်းသားကျောင်းသူဟောင်းများနေရာယူပေးကြပါရန် ဆိုတဲ့အသံချဲ့စက်ကအသံကြောင့် အတွေးတွေပျောက်သွားခဲ့တယ် ။ လာကြဟေ့ သူငယ်ချင်းတို့တွေ ခန်းမထဲသွားကြစို့ ။ အခန်းထဲမှာဝင်တော့ ငယ်ငယ်ကသင်ပေးခဲ့ကြတဲ့ဆရာတွေကိုတွေ့တော့ ဘာကိုခံစားမိမှန်းမငိ အလိုလို စို့နင့်လာတယ် ။ အိုဇာလာပြီဖြစ်ကြတဲ့ ကျွန်တော်တို့ ဆရာ/မတို့မှာ အပြုံးတွေနဲ့တွေ့ခဲ့ရတော့ ကျွန်တော်တို့မျက်လုံးထဲမှာ
ဟန်မဆောင်နိုင်ပါဘူး မျက်ရည်ဝဲ ။
တစ်ချို့တပည့်တွေနာမည်ကျမှတ်မိပေမယ့်
တစ်ချို့နာမည်ကို ပါးစပ်ဖျားမှာ မေ့နေတတ်ပြီလေ ။ ဆရာမတို့က အသက်ကြီးပြီကွယ် တဲ့။
ဝိုင်းဝန်းလို့ ဆရာ ဆရာမတွေကို နှုတ်ဆက်ကြတယ် ။ '' မြတ်ဆရာ မြတ်သောဆရာ မြတ်ဆရာ '' ဆိုတဲ့သီချင်းသံကလည်း ခပ်သဲ့သဲ့ကြားနေရတာ စိတ်ထဲ လှပ်လှပ် လှပ်လှပ်နဲ့ ဖြစ်သွားမိတယ် ။
ဆရာတွေကို ကန်တော့ပြီးပြန်တော့ ညမီးပုံပွဲကျင်းပဖို့ ပြင်ကြ ဆင်ကြရပြန်တယ် ။ ဒီလိုနဲ့စကားတွေဖောင်ဖွဲ့ပြောကြ ။ စားကြ။ သောက်ကြနဲ့ တ့ဖြည်းဖြည်းမှောင်စပြုလာပြီ ။ ကာလာအိုကေ ဆိုဖို့ နှစ်အလိုက်အစီအစဉ်နဲ့ စာရင်းတွေပေးပြီး စားသောက်ပွဲကြီးကျင်းပကြတယ်
image

ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ စိန်ပန်းတွေလဲပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစားနိုင်ပါ
အလွမ်းရယ်မပြေဘူးကျောင်းသားဘဝ
ငါတို့ကျောင်းသားဘဝ
image
image

msc-164
ရေးသားသူ @nannhtike

Sort:  

ကျောင်းသားဘဝ ပျော်စရာလေးတွေပါပဲ

ရီးစား​ဟောင်း​ကော လိုက်​ရှာ​သေးလား

မရှိခဲ့လို့ ရှာစရာ မလိုခဲ့ဘူး :)

ရေးထားတာလေး ကောင်းတယ်ဗျာ

ကျေးဇူးပါအစ်ကို

ကျောင်းတက်တုန်းကအချိန်လေးတွေပြန်သတိရမိပါတယ်။

သူငယ်ချင်းတွေနဲ့ တွေ့တော့ တကယ်ကို ပျော်ရပါတယ်ဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59449.45
ETH 2406.65
USDT 1.00
SBD 2.43