computer's virus & i

in #myanmar6 years ago (edited)

ကျွန်တော်နှင့် ကွန်ပျူတာဝင်းဒိုးတင်ခြင်း

တစ်နေ့တွင်

computer-virus-300x250.jpg
အင်တင်နက်သုံးနေရင်း ဘယ်ကကျလာမှန်းမသိတဲ့ Link တွေကိုလျှောက်နှိပ်မိတာနဲ့
Virus ဆိုတဲ့ကောင်ဝင်လာတာပေါ့။ ဘာပြောကောင်းမလဲ ။ ဘာမှလဲနှိပ်ခွင့်မပေးဘူး ။ စက္ကန့်နဲ့အမျှ Brower က ခဏခဏပွင့်ပွင့်လာပါတော့တယ်။

download (1).jpg
ဘယ်ရမလဲ Virus Software ကို update ရအောင်လုပ်တယ်။ ပြီးရင်းဒင်းတော့သေပြီပေါ့ (စိတ်ကူးက )။ Update လဲပြည့်ရော virus full scan နဲ့ စစ်လိုက်တယ်။
နေ့ခင်းကစစ်လိုက်တာ ညနေစောင်းတော့ အကုန်ပြီးသွားတယ်။ တက်လာလိုက်တဲ့ Virus တွေ ရဲပဒေါင်းခတ်နေတာဘဲ။ အကုန်ရှင်းပစ်လိုက်တာပေါ့။

download (2).jpg
ရှင်းလိုက်ပြီး computer ကို reset ပေးလိုက်တယ်။ အာ . . . အဲမှာဘာမှကိုပေါ်မလာတော့ဘူး။ သေပြီဆရာ ။ ကဲမတက်နိုင်ပါဘူးလေဆိုပြီး ။ Safe mode ကိုခေါ်တယ်။
ပြီးရင် system restore လုပ်တယ်။ (အဆင်ပြေလောက်မယ်ထင်ခဲ့တာ)။ virus က မကုန်နိုင်ဘူး။ ကဲ အဲတာနဲ့မထူးပါဘူးဆိုပြီး။ ၀င်းဒိုးကောက်တင်လိုက်တယ်။
ဝင်းဒိုးတင်မယ်ဆိုတော့ ကိုယ်တွေက ခွေကိုစည်းကမ်းရှိရှိမသိမ်းတက်ခဲ့တော့ခတ်တယ်။ ခွေတွေအကုန်လုံး အစင်းရာတွေနဲ့ကြည့်ဘဲ(ခက်ပြီ)။ ရှာရင်းဖွေရင်းနဲ့
ဝင်းဒိုးစတစ်လေးတစ်ချောင်းတွေ့ တယ် ။ (ပျော်သွားတယ်)။ အာ့နဲ့ဘဲ ၀င်းဒိုးတင်လိုက်တယ်။ Window 7 ဘဲ ရှိတာဆိုတော့မထူးပါဘူးဆိုပြီး မရှိရှိတာဘဲကောက်တင်
လိုက်တယ်။ ဒီဝင်းဒိုးကအကြမ်းခံတယ်မဆိုးပါဘူးလို့ဘဲတွေးပြီးတင်လိုက်တယ်။ ။ ၀င်းဒိုးတင်ရင်း ည ရောက်သွားတယ်။ ဟုတ်ပြီ ၀င်းဒိုးတင်တာတော့ပြီးသွားပြီ ဆိုပြီး
Virus software ကို update လုပ်တယ်
ပြီးတော့ ကွန်ပျူတာကို Virus full scan လုပ်တယ်။ လုပ်နေတုန်းဘာမှမဖွင့်ဘူးဆိုပြီး ညတစ်ညလုံးကွန်ပျူတာကိုဖွင့်ပြီး ဗိုင်းရပ်စစ်ရင်း ဒီတစ်ညကို ကျော်ဖြတ်
အိပ်ပျော်ပြစ်လိုက်တယ်။ မနက်လည်းလင်းရော virus စစ်ပြီးနေတော့ all clean လုပ်ပြီလိုက်ပြန်တယ်။ အဲဒီတစ်ခါတော့ သားကောင့်သားတွေတက်မလာတော့ဘူး
။ (ဟဲဟဲ ဘယ်ရမလဲ ငါကွ လို့) အဲတာနဲ့မနက်စာလေးထမင်းစားပြီး ဆိုင်ဖွင့်ဖို့လုပ်တော့တယ်။ ဆိုင်ရောက်တာနဲ့ရောက်ရောက်ခြင်း ကွန်ပျူတာအတွက် လိုအပ်တဲ့ Driver software
တွေအကုန်ရှာတင်။ တင်လို့ပြီးပြီဆို တော့ ဖုန်းပြင်ဖို့အတွက် ဖုန်းဆော့ဝဲလ်တွေသွင်း။ phone drivers တွေသွင်းလုပ်ပြီးတော့မှ ဟော သကောင့်သားကထဖောက်လာတယ်
messing dell ဆိုပြီး error တစ်ခုတက်လာတယ်။ ဒါနဲ့ အင်တာနက်လေးဖွင့် ပျောက်နေတဲ့ dell ဖိုင်ကိုလိုက်ရှာတယ်။ ပြီးတော့ ဒေါင်းပြီးတော့ windown system 32 အောက်သွား
သွင်းလိုက်တယ်။ ပြီးတော့ထပ်စမ်းတယ်။ မရဘူးဗျာ။ error တက်နေတုန်းဘဲ။ လုပ်တယ် လုပ်ရင်းလုပ်ရင်းက ခေါင်းတွေပူလာတယ်။ (ခေါင်းကတစ်လုံးထဲရှိတာပါ ဟီးးးး)။
မထူးပါဘူးဆိုပြီး သူငယ်ချင်းတွေဆီမှာ တစ်ခြားဝင်းဒိုးခွေများရှိမလားဆိုပြီး ပတ်ရှာပြီး ငှားတယ်။ windown 8 ရလာတယ်။ အဲတာနဲ့ ၀င်းဒိုး ထပ်တင်တယ်ပေါ့ဗျာ။ ။
စစချင်း ဖြစ်တာကတော့ လက်တော့လေး က မောက်ကအလုပ်မလုပ်တော့ဘူး ။ အာ့နဲ့ဘဲမထူးပါဘူးလေဆိုပြီး မောက်တစ်လုံးထုတ်လိုက်တယ်။ usb မောက်နဲ့ဘဲသုံးလိုက်တယ်။
စက်ကိုဗိုင်းရပ်ထပ်စစ်တယ်။ ရှင်းလောက်ပြီထင်ပြီး ကွန်ပျူတာအတွက် လိုအပ်တဲ့ဆော့ဝဲတွေသွင်းတယ်။ အဲဖြစ်ပြန်ပြီ ဒီဗိုင်းရပ်က မကုန်နိုင်ဘူး။ zip ဖိုင်တွေ ၊ .rar ဖိုင်တွေ
တစ်ခုမှကိုဖွင့်မရတော့ဘူး။ ဒေါင်းထားတဲ့ tool တွေရော ဘာရောညာရော အကုန် error တွေတပ်ကုန်တော့တယ်။ အင်းစိတ်တော့နည်းနည်းပျက်ချင်လာတယ်။

images (1).jpg
ဒီတစ်ခါတော့ တစ်ချို့လိုအပ်တဲ့ဒေတာတွေကို ဟက်ဒစ် အပိုလေးထဲကူးထည့်လိုက်တယ်။။ ကဲဒီတစ်ခါတော့ ဒင်းဘာတပ်နိုင်သေးလဲလို့ပေါ့ ။ နည်းနည်းတော့ တင်းလာတာနဲ့
ဒီတစ်ခါ window 10 တင်မယ်ဆိုပြီး window 10 ရှာပုံတောတစ်ခန်းထက်ဖွင့်ရပြန်တယ်။ ရလာပြီဆိုတော့ ၀င်းဒိုးတင်ဖို့အတွက် boot stick လုပ်ရပြန်တယ် ။ နာရီဝက်လောက်
ထပ်စောင့်လိုက်ရသေးတယ်။ ပြီးတာနဲ့ ၀င်းဒိုးစတင်တယ်။ တစ်ခါတော့ ရှိသမျှ drive အကုန် format ရိုက်ချပြိုက်တယ်။( ကဲအေးရော ဒင်းဗိုင်းရပ် တစ်ခန်းရပ်သွားစေရမယ် )
ပါတေးတင်းရှင်း သုံးခုပိုင်းလိုက်တယ်။ C ကိုဝင်းဒိုးအတွက်ပေါ့။ D နဲ့ E ကို ကွန်ပျူတာအတွက်အသုံးလိုမယ့် ဒေတာတွေဘာတွေသိမ်းထားဖို့အတွက်ထားလိုက်တယ်။
တစ်ချို့ဟာတွေလည်းသိမ်းလို့ရအောင်ပေါ့။ (တစ်ချို့ဟာတွေလေ )။ ၀င်းဒိုးတင်ရင်း ဗိုင်းရပ် သတ်ရင်းနဲ့ ကို အချိန်က တစ်ပတ်လောက်ကြာသွားတယ်။
တော်သေးတယ် ။ မန်မန်တူတူမပုန်းလို့ ။ ။ ။ ။ ။ (ဟီးးးးးးး )

@nannhtike
photo : google image
author nannhtike
MSC-164

Sort:  

စာနှင့် ပုံထပ်ထည့်စေချင်ပါတယ်ဗျ

ဟုတ်အစ်ကို ဖြည့်လိုက်မယ်ဗျ ကျေးဇူးပါ

Windows defender iz the bestဒါဘဲသုံးတယ်ဟီး

Good post bro
စာနှင့် ပုံ လေးတွေ ထပ်ဖြည့်စေချင်ပါသည်

Win 8 တင်​နည်း​လေး ဆက်​​ရေးပါလား...😁😁။

win 8/ win 10 ရယ် ထပ်ဖြည့်မယ်

ကောင်းတာ​ပေါ့ဗျ။

ဆက်‌‌ရေးပါ bro. ဗဟုသုတဖြစ်‌‌စေပါတယ်‌။

ငှယ်😁😁တန်းလန်းရီး

ဟုတ် vမယ့်သူတွေအရင် vထားရအောင်လို့ ဆက်ရေးမှာ မမ :)

စာနည်းတယ်bro proအတွက်ဆို

ထပ်ဖြည့်လိုက်မယ်အစ်ကို

WINDOW 8 တင်ပြီး
Virus အခြေအနေ လေး
ပြောပြပါ ဦးဗျ

ဒါမျိုးတွေလည်းရေးတက်တာခုမှသိတော့တယ်ကိုနန်းထိုက်
လျိုမထားနဲဆက်ပြီးရေးတင်တော့
ရေးသားတင်ပြတာတွေသဘောကျမိတယ်ဗျ……သူရ

ကျေးဇူးပါ ကိုသူရ ကြိုးစားပါ့မယ်

ထက်သန်စိတ်ကအရေးကြီးပဲကိုနန်းထိုက်ရေ

ဒီVirus​တော်​​တော်​ဒုက္ခ​ပေးတာဘဲ😀

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55