Successful lifesteemCreated with Sketch.

in #myanmar7 years ago (edited)

" အောင်မြင်ချင်တဲ့သူနဲ့  အောင်မြင်မယ့်သူ "
" အောင်မြင်ချင်တဲ့သူ " က အောင်မြင်မှုပန်းတိုင်ကိုပဲမြင်ပြီး ကြိုးစားတယ်။ ပန်းတိုင်ကို လျှောက်လမ်းရမယ့်လမ်းကို မတွေးသလို လမ်းခရီးမှာ ကြုံရမယ့် အခက်အခဲရှုံးနိမ့်မှုတွေကိုလည်း ကြိုတွက်ထားလေ့မရှိဘူး။ ဒါကြောင့်အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရည်မှန်းချက်ပန်းတိုင်ထိမရောက်နိုင်တော့ပဲ လမ်းခုလတ်မှာ ရပ်သွားလေ့ရှိတယ်။ အောင်မြင်ခဲ့ရင်လည်း အဆုံးသတ်သွားလေ့ရှိတယ်။
" အောင်မြင်မယ့်သူ " က အောင်မြင်မှုဆီ လျှောက်လှမ်းရမယ့်လမ်းကိုမြင်သလို အခက်အခဲရှုံးနိမ့်မှုတွေကိုလည်း ကြိုတွက်ထားလေ့ရှိတယ်။ ဒါပေမဲ့ အောင်မြင်မှုပန်းတိုင်ကိုသတ်မှတ်လေ့မရှိဘူး။ အကြောင်းအရင်းက နေ့ တိုင်းအောင်မြင်မှပန်းတိုင်အသေးလေးတွေကိုကျော်ဖြတ်ဖို့ ရည်ရွယ်ထားလို့ ဖြစ်တယ်။ သူတို့ တွေရဲ့ အောင်မြင်မှုက အဆုံးသတ်လေ့မရှိဘူး။ သင်ရော ဘယ်လိုလူလဲဆိုတာ ?
For my steemit friends .....

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66