သစ္စာ

in #myanmar6 years ago (edited)

image

သစ္စာဆိုတဲ့ စကားကို လူတိုင်းနားလည်ကြားသိဖူးကြလိမ့်မည်။သိုသော် သစ္စာဆိုတဲ့အကြောင်းတွေနဲ့အကျိုးကျေးဇူးတွေကိုတော့ နားလည်တဲ့သူရှိသလို နားမလည်တဲ့သူတွေလည်း အများကြီးရှိကြမှာပါ။သစ္စာစောင့်ထိန်းဖို့ အပြောဘွယ်သလောက် တစ်ကယ်လက်တွေ့မှာ ခက်ခဲလှပါတယ်။သစ္စာကို တည်အောင်နေဖို့ဆိုတာဟာလည်း လွယ်လွယ်တည်ဖို့ဆိုတာ မဖြစ်နိင်ဘူး။

သစ္စာအကြောင်းကို သာဓက ဥပမာတွေနဲ့တန်ဆာဆင်ပြီး ပြောပြချင်ပါသည်။သစ္စာဆိုတာ နိင်ငံရဲ့အကြီးအကဲ၊မင်းတို့၏ဓလေ့ထုံးစံ အတိုင်း စွဲမြဲစွာ စောင့်ထိန်းရပါသည်။မင်း အကြီးအကဲတွေ သစ္စာမရှိ မစောင့်ထိန်းဘူးဆိုရင် သေချာတယ် ။ထိုတိုင်းပြည်ဟာ မတည်မငြိမ်မှုတွေဖြစ်ကြပြီး စည်းကမ်းမရှိတဲ့အလုပ်မျိုးတွေ လုပ်ကြပါလိမ့်မယ်။အဓိက မင်းတွေ အကြီးအကဲစသောသူတွေဟာ ကတိ သစ္စာတည်နေအောင် နေရပါလိမ့်မည်။ကတိသစ္စာမတည်သောသူကို လူတွေက မလေးစားသလို ကဲ့ရဲ့ပြောဆိုစကားတွေ ကြားရပါလိမ့်မည်။ဒါကြောင့် စာဖတ်သူတို့ဟာ သစ္စာဆိုတဲ့စကားတစ်လုံးကို ပေါ့ပေါ့မတွေးပါနဲ့။လွယ်တယ်လို့မထင်လိုက်ပါနဲ့နော်။သစ္စာတရားကို မြင့်မိုရ်တောင်ကဲ့သို့ကြီးမားစွာ ထားရှိရမည်။မိမိတို့ရဲ့ နှုတ်ထွက်စကားကို သံမှိုနှက်သလို မြဲမြံစွာ ထားရှိရမည်။ခုလိုခိုင်မြဲသော သစ္စာတရားရှိဖို့ လိုအပ်ပါသည်။

လူတစ်ဦးတစ်ယောက်ကို ပေါင်းသင်းပြောဆိုချင်လျှင် သာယာချိုသာသော ချေငံသောစကားပြောဆိုခြင်း ပြုစေရမည်။ထိုက်သင့်သော ရာထူးများ အဆောင်ပကာသများကိုပေးရမည်။ဒါဆို ထိုသူသည် မိမိအပေါ်သစ္စာရှိလိမ့်မည်။ထိုအကြောင်းအရာသည် မေတ္တာ သစ္စာရဲ့ အကြောင်းအရင်းခံတရားဖြစ်သည်။
သစ္စာတည်သောသူသည် အပြုအမှုအနေအထိုင်ပြောဆိုမှုတွေက ပြောင်းလဲမှုရှိကြသည်။သစ္စာတရားဆိုတာ ထွက်ပြီးသောဆင်ဆွယ် ပြန်ဝင်ရိုးထုံးစံမရှိဆိုသလို၊နောက်ကျောက်တောင်ကြီးကဲ့သို့ ကြီးမားခိုင်ခံ့စွာထားရှိသလို၊စကားကိုအလွယ်မပြောဘဲ ပြောပြီးလျင်လည်း မည်သူလာဖျက်ဖျက် ဖျက်လို့မရသလို ကုန်ကုန်ပြောမယ်ဆိုလျှင် နတ်တို့ သိကြားမင်းတို့ လာဖျက်ရင်တောင် မိမိဘက်ကထိန်းသိမ်းရပါမည်။ထိုသို့ ကတိသစ္စာကို တည်အောင်ထိန်းရပါမည်။

မေတ္တာနဲ့သစ္စာတရားကို အမြဲတမ်းမိမိစိတ်ထဲတွင် ထားရမည်။တရားနည်းလမ်းမကျသောစကားဖြင့် ကုန်းချောတတ်သော သူသဘော သဘာဝကိုမလိုက်ဘဲ တည်ကြည်ဖြောင့်မတ်မှန်ကန်စွာထားရှိရမည်။တစ်ချို့က အပြင်ပန်းမှာတော့ အပြောချိုသလောက် အတွင်းစိတ်မှာတော့ ပုပ်နေတတ်သည်။နောက်တစ်ခုက ရုပ်လှတဲ့သူတိုင်းကိုလည်း အကျင့်ကောင်းတဲ့သူလို မှတ်မထားပါနဲ့။မိမိပြောဆိုပေါင်းသင့်တဲ့သူရဲ့ အပြင်ဖွဲ့စည်းပုံကိုမကြည့်ဘဲ သူတို့ရဲ့စိတ်ကိုအရင်အကဲခက်ပြီး ပြောဆိုပေါင်းသင်းပါ။အပြောချိုသောစကားပြောသူတို့ အေးအေးဆေးဆေးနေသူတို့ကို လူရိုးဟု မခေါ်ဆိုနိင်ဘူး။အတွင်းစိတ်က ကောင်းနေမှာ လူရိုးလူကောင်းဟုခေါ်မှတ်ရပါမည်။အပြောချိုသာစွာပြောဆိုတတ်သူကို လူပျားရည်ဟုခေါ်ဆိုတတ်ပါသည်။သို့သော် သစ္စာတရားကိုမဖောက်ဖျက်ဘဲ မဟုတ်မမှန်စကားမဆိုသစ္စာတရားတည်ပါက ထိုသူအပေါ်လေးစားမှီခိုပြီး လူထဲတွင် နတ်သဖွယ် ချစ်ခင်ခြင်းခံရပါမည်။

ဘုရားလောင်းသူတော်ကောင်းတို့သည် မှန်ကန်သောနှုတ်ထွက်စကားကို သက်ဆုံးတိုင်အောင် စောင့်ထိန်းကြသည်။သူတော်ကောင်းပီပီ စိတ်သဘောထားကောင်းမှ သစ္စာစောင့်နိင်မည်။သစ္စာရှိပြီးအမျိုးမြတ်မှ ကိုယ်ကျင့်တရာကို စောင့်ထိန်းနိင်မည်။နှလုံးထဲတွင်
ဖြောင့်မတ်မှန်ကန်မှသာ လူအများ၏ကြည်ညိုလေးစားခြင်းခံရပါမည်။လူမှာ ကတိ မင်းမှာသစ္စာဆိုတဲ့ ဆိုးရိုးစကားရှိသည်။မင်းတွေဟာ သစ္စာတည်နိင်မှ ဘုန်းတန်းခိုကြီးပါသည်။လူတွေကတိတည်ရင်တော့ လူတိုင်းလေးစားချစ်ခင်ကြပါလိမ့်မည်။သစ္စာတရားကြောင့် စီးဆင်းနေသော ရေအဟုန်တောင် ရပ်တန့်နိင်တယ်လို့ စာအုပ်ထဲတွေမှာဖတ်သားဖူးခဲ့ပါသည်။စာဖတ်သူတို့ရော ကြားဖူးသူရှိသလို မှတ်သားဖူးသူများလည်းရှိမယ်ထင်တယ်။ဒါတွေကိုကြည့်ခြင်းဖြင့် သစ္စာရဲ့အစွမ်းသတိတွေကို မြင်နိင်ပါသည်။ကတိ သစ္စာ မေတ္တာကို အထူးစောင့်ထိန်းကြပါ။

ခုဆောင်းပါးလေးကိုပေးချင်တဲ့ အသိပညာတွေရှိပါသည်။သေချာဖတ်ပြီး မိမိတို့ရဲ့အမြင်လေးတွေ မျှဝေကြပါ။အားလုံးကိုချစ်ခင်လေးစားလျက်ပါ။လူတိုင်း ခုစာလေးကိုဖတ်ပြီး အသိပညာတစ်ခုရမယ်ဆို စာရေးတဲ့ကျွန်တော်ကလည်း အားတစ်ခုဖြစ်စေပါတယ်။များများဝေဖန်ပြီး အကြံဥာဏ် စာသားလေးတွေ ပေးကြပါနော်။

naingwintun
Msc.207

Sort:  

V100% $0.100 V n C Done.@thihakoko

ဟုတ်ကဲ့။နောက်လည်းအားပေးပါအုံး

Nice post bro.

thank you။ခုလိုအားပေးတဲ့အတွက် ဝမ်းသာပါတယ်။

ကောင်းတယ်ဗျာ

ဟုတ်။ကြိုးစားလျက်ပါ

အမြဲတသသ စွဲလမ်းခဲ့တဲ့ တစ်ပွင့်တည်းသော ပန်းသစ္စာ မြတ်နိုးထိုးစိုက် မောင့်အသည်း၌ဆင်မြန်းဖို့ ရွယ်လာ

အယ် ကဗျာစပ်တယ်ပေါ့

နွယ်​မြတ်​ သစ်​ပင်​ ​ဆေးဖက်​ဝင်​ချင်​ရင်​​တော့။

ကတိ သစ္စာတည်ရင် ဖြစ်ပါမယ်

အရမ်းကောင်းပါတယ်ခင်ဗျ

ဟုတ်ခုလိုအားပေးတာ ကျေးဇူးပါအကိုရေ

ကောင်းတေကွယ် ကလေး အတော်တိုးတက်လာပီ

တကယ်လားမမ။ပျော်သွားပြီး။နောက်ဒီထက်ကောင်းအောင်ကြိုးစားနေပါတယ်

မှန်ရာကို သစ္စာဆိုပါမည်

ဖတ်​ခဲ့ပြီ...​ကောင်း​သောပို့စ်​ပါ...

ဟုတ်@aster thank you

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55