မိန်းမ

in #myanmar7 years ago

မိန်းမ
image
လူလောက၌ မိန်းမသည် ကမ္ဘာကြီးကိုပြုပြင်ဖန်တီးရာ၌ အဓိကကျသော အင်အားတစ်ရပ်တွင် ပါဝင်သည်။အဘယ်ကြောင့်ဆိုတော့ ဆိုရိုးစကားတစ်ခုလည်းရှိခဲ့ပါသည်။လူတိုင်းကြားဖူးသူရှိသလို မကြားဖူးသူများလည်းသိသွားအောင် ပြောပြပေးချင်ပါသည်။ဒါလေးကတော့ ပုခတ်လွဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိင်လို့ ဆိုရိုးလေးဖြစ်ပါသည်။ဒီစာလေးကိုတော့ အရမ်းကြိုက်မိပါသည်။မိန်းမတို့မှာ အပြုအင်းအားရှိသလို အဖျက်အင်အားလည်းရှိကြပါသည်။ဒါကြောင့် မိန်းမတွေကို အထင်သေးတဲ့စကား အမြင် စသောကိစ္စများကို မပြောမိအောင် ရှောင်ကြဉ်ကြပါ။ပြောမိလျင်တော့ အဖျက်သဘောတွေလုပ်တတ်ကာ ဘဝပျက်တတ်ပါသည်။မိန်းမတွေရဲ့အပြုသဘောအင်အားကြောင့် လောကကြီးမှာ အကျိုးတွေပြောင်းလဲမှုတွေအများကြီးရှိပါသည်။သို့သော် အဖျက်သဘောအင်အားကြောင့်လည်း လူလောကကြီးမှာ ဆိုးကျိုးတွေအများကြီးရှိပါသည်။ဇာတ်တော် သမိုင်း ရာဇဝင်တွေမှာ မိန်းမနဲ့ပတ်သတ်ပြီး အပြုသဘောအင်အားတွေရော အဖျက်သဘောအင်အားတွေပါ ဥပမာသာဓကတွေအများကြီးရှိခဲ့ပါသည်။
image
အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေမှာဆို မိန်းမကောင်းတွေ အများကြီးလိုအပ်ပါသည်။နောက်မိန်းမတို့သည် မိမိလင်ယောကျာ်းကို ချစ်ခင်မြတ်နိုးခြင်း၊သစ္စာရှိခြင်း၊အိမ်ထောင်မှုနိင်နင်းခြင်း ၊မိစ္ဆာအကျင့်ကိုရှောင်ခြင်းစသောအရည်အသွေးများ စသောလိုအပ်ပါသည်။သို့သော် ကံအကြောင်းမလှသဖြင့် အပြုသဘောဆောင်နေသော မိန်းမများလည်း ရှိကြသည်။မိမိတို့ရဲ့ခင်ပွန်းအပေါ် သစ္စာမဲ့ခြင်း၊တဏှာရာဂကြီးခြင်းစသောအရာတွေပြုမှုကြသည်။ရိုးရိုးမိန်းမများပင်မဆိုထားနဲ့ ဘုရင် မိဖုရားစသောမိန်းမများလည်း ထိုအပြုအမှုများကို လုပ်တာ စာပေတွေမှာဖတ်ဖူးမှတ်ဖူးကြပါလိမ့်မယ်။ခုခေတ်လင်ငယ်လို၍ လင်ကြီးကိုသတ်သော သတင်းတွေလည်းကြားဖူးပါလိမ့်မည်။အရင်တုန်းဘုရာရှင်လက်ထက်သောအခါထဲက ရှိကြပါတယ်။ထိန်မိန်းမမျိုးဟာ ခုခေတ်မှာရှိသလို နောက်ခေတ်အဆက်ဆက်မှာလည်း ရှိနေပါလိမ့်မည်။ထိုမိန်းမမျိုးသည် သားတရာ၊လင်တစ်ထောင်ရသောလည်း မိမိတို့ရဲ့ကောက်ကျစ်သောစိတ်နဲ့အပြုအမှုတွေက ပျောက်မည်မဟုတ်ပါ။အသိတရားတစ်ခုခုရမှသာ ပျောက်ပါလိမ့်မည်။
image
နောက်ထိုမိန်းမတွေရဲ့ဆန်ကျင့်ဘက် မိန်းမကောင်းတွေလည်းရှိပါသည်။လူလောကမှာခုလိုဘဲ အကောင်းအဆိုး ဒွန်တွဲမှုတွေရှိကြပါသည်။အကြောင်းရှိရင် အကျိုးရှိမယ်။ရုပ်ချောသူရှိရင် ရုပ်ဆိုးတဲ့သူရှိမည်။စိတ်ကောင်းရှိသူရှိရင်လည်း သူရဲ့ဆန်ကျင့်ဘက် စိတ်ထားယုတ်သူလည်းရှိပါတယ်။ဒါကြောင့် မိန်းမယုတ်အကြောင်းအနည်းအကျဉ်းရေးထားပြီးပြီးဆိုတော့ မိန်းမကောင်းအကြောင်းကို ခုအနည်းအကျဉ်း ကျွန်တော်သိသလောက်ရေးသားပါမည်။မိန်းမကောင်ဆိုသောသူဟာ လင်ယောကျာ်းအပေါ် မိမိတို့ရဲ့ အိမ်ဦးနတ်ပမာ ရိုသေလေးစားကြပြီး ချစ်ကြည်စွာ ပြုစုလုပ်ကျွေးကြသည်။နောက်သူတို့တွေရဲ့စိတ်ထဲမှာ မိမိလင်ယောကျာ်းမှတစ်ပါး မည့်သည့်ယောကျာ်းကိုမှ စိတ်ထဲဝင် တပ်မက်ခြင်း ဖောက်ပြန်ခြင်းနဲ့ ကောက်ကျစ်သောစိတ်များမရှိကြပါ။ဒါဟာ မိန်းမကောင်းမိန်းမမြတ်ရဲ့ အကျင့်သိက္ခာတွေဖြစ်ပါသည်။ထိုမိန်းမဟာ လင်ယောကျာ်းကို သစ္စာရှိရှိနဲ့ နေထိုင်ကြသည်။ဒါကြောင့် နီတိစာပေတွေမှာ မိန်းမအကြောင်းတွေရေးသားထားတာတွေ့ရှိရပါလိမ့်မည်။
image
ထိုမိန်းမကောင်းမျိုးကိုတွေ့လျင် တစ်ခုလပ်ဖြစ်နေပါစေ အိမ်ထောင်ပြုတာတောင် မိမိတို့အတွက် နစ်နာမှု စိတ်သောကစသောအရာတွေမဖြစ်ဘဲ သာယာသောဘဝကိုပိုင်ဆိုင်ပါလိမ့်မည်။သူတို့သည် အရှက်တရားလည်းရှိကြသလို သစ္စာအရာတွင်လည်း အရမ်းကြီးမားပါတယ်။ထိုမိန်းမကောင်းမျိုး လေးယောက်ရှိပါတယ်။သမာဓိ၊အသိတရာများပြည့်စုံကြသည်။လင်ကိုကျူး၍ မကောင်းမှုကိုလည်းမပြုပါ။အမရာ၊ကိန္နရီ၊မဒ္ဒီ၊သမ္ဘူလစသော မိန်းမကောင်းတွေကိုအတုယူ စံထားကြပါ။

စာဖတ်သူအပေါင်းတို့လည်း ဒီဆောင်းပါးလေးဖတ်ပြီး အတုယူသင့်တာယူပြီး ရှောင်သင့်တာရှောင်နိင်ကြပါစေ။ယောကျာ်းကောင်း မိန်းမကောင်းလေးတွေဖြစ်ကြပါစေ။အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Author naingwintun
Msc.207
Credit facebook image

Sort:  

v100%$0.08 v n c done.

Bro ရေ
ယောက်ျားကောင်း အတွက်ပါ
ရေးဦး

ဟီး
Good post

ဟုတ်ကဲ့ စာဖတ်နေပါတယ်။မကြာခင်ရေးဖို့ရှိပါတယ်

Good​ကောင်း​သောပို့စ်​ပါ...

thank you မမရေ

ကောင်းမွန်သောသူများဖြစ်စေရန် ရေးသားတိုက်တွန်းထားတဲ့ post လေးပါ။ကောင်းပါတယ်ခင်ဗျာ။

ခုလိုအားပေးတဲ့အတွက် အားဖြစ်စေပါတယ်အကို

ကျေးဇူးပါ အစ်​ကို...

ဟုတ်။thank you bro

အေးပါခွာ😉😉

ဟုတ်ကယ်ပါမမ

ရည်‌ရွယ်‌ချက်‌‌လေး ‌ကောင်းတယ်‌။

v100%$0.06 v n c done.

ဟုတ်ကဲ့@sandi

ဗဟုသုတရစေပါတယ်

ဟုတ်ကဲ့ပါအကိုရေ

Good post par
Vote များများရပါ​စေ

ကျေးဇူးအများကြီးတင်ပါတယ်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68245.80
ETH 2509.65
USDT 1.00
SBD 2.52