ှငှက်​ဖျား​​ရောဂါသိမှတ်​စရာ

in #myanmar7 years ago (edited)

စိမ်းစိုတဲ့​တောအုပ်​နဲ့​တောင်​တန်းကြီး​တွေဝန်းရံထားတဲ့နယ်​မြို့​လေးတစ်​မြို့သို့ ​နေမင်းခ တစ်​​ယောက်​​ယောင်​လည်​လည်​နှင့်​​ရောက်​လာခဲ့သည်​။

နွေရာသီ​ကျောင်းပိတ်​ရက်​မို့..မိဘများထံခွင့်​​တောင်းပြီးဦးကြီး​တော်​စပ်​သူ ဦးစိုးထွန်းထံအလည်​သွား​ရောက်​ခြင်းပင်​ဖြစ်​သည်​။...ဦးစိုးထွန်း..ဆိုတာက​မေ​မေ့ရဲ့တစ်​ဦးတည်း​သောအစ်​ကိုဆရာဝန်​တစ်​​ယောက်​ဖြစ်​သည်​။နေမင်းခ က​တော့​လေး​လေးစိုးဟုသာ​ခေါ်သည်​။

ကားဂိတ်​ကို​ရောက်​ပြီးကား​ပေါ်မှဆင်းလိုက်​သည်​ဆိုတာနှင့်​ဆိုင်​ကယ်​ ကယ်​ရီသမားများကအလုအယက်​​ခေါ်​နေကြသည်​...ထိုကယ်​ရီသမားလူအုပ်​ကြီးအား​နေမင်းခ ​ကျော်​လွန်​လိုက်​ပြီးပတ်​ဝန်းကျင်​သို့လှည့်​ပတ်​ကြည့်​၍အကဲခတ်​လိုက်​သည်​ဆိုရင်​ပဲ​လေး​လေးစိုးလွှတ်​လိုက်​သည်​ဟုယူဆရ​သောလူရွယ်​တစ်​​ယောက်​အနားကပ်​လာပြီးမဝံ့မရဲဖြင့်​​မေး​လေးသည်​။ညီ​လေးက ​နေမင်းခလား.....ဗျာ..ဟုတ်​ပါတယ်​ကျွန်​​တော်​​နေမင်းခ ပါ...​တော်​​သေးတာ​ပေါ့ဗျာတည့်​တည့်​တိုးလို့...ဆရာကညီ​လေးပုံပြပြီးလာကြိုခိုင်းတာ....ဒါ​ကြောင့်​မ​သေချာမှာစိုးလို့အရင်​​မေးကြည့်​တာညီ​လေး​ရေ...

ဘာပစ္စည်း​တွေပါ​သေးလဲအကိုကူသယ်​​ပေးမယ်​.....ရပါတယ်​အကိုဘာမှမပါပါဘူးကျွန်​​တော်​​ကျောပိုးအိတ်​တစ်​လုံးပဲပါတာပါ....လာလာညီ​လေးကားကဟိုဘက်​မှာ...ဒါနဲ့အကိုနာမည်​က​ရော...အကို့နာမည်​က သူရ ပါညီ​လေးမှတ်​ထား​ပေါ့..

ကား​လေးကို​မောင်းလာလိုက်​တာ၁၅မိနစ်​ခန့်​ကြာ​တော့ခြံဝန်းတစ်​ခုထဲ​ကွေ့ဝင်​လိုက်​သည်​။ခြံထဲတွင်​ပန်းပင်​​လေး​တွေ​ရေ​လောင်း​နေ​သော..​လေး​လေးစိုးအားလှမ်း​တွေ့​နေရသည်​။လေး​လေးစိုးကပန်းပင်​စိုက်​တာဝါသနာပါသူတစ်​​ယောက်​ဖြစ်​သည်​။ထို့​ကြောင့်​နားတဲ့အချိန်​​လေး​တွေမှာသူ့ပန်းပင်​​လေး​တွေကိုေ​ရလောင်း​ပေါင်းသင်​လုပ်​ပြီးပန်းပွင့်​​လေး​တွေပွင့်​​နေတာကိုကြည့်​ရင်းပီတိဖြစ်​​နေသည်​။

လေး​လေးစိုး....​နေမင်းခတစ်​​ယောက်​ဦးစိုးထွန်းအားလှမ်း​ခေါ်ရင်းအနားသို့​လျှောက်​သွားသည်​။...​ဟော..သား​နေမင်း​တောင်​​ရောက်​လာပြီပဲ။ဟုတ်​ကဲ့..​လေး​လေးစိုး​တောင်​နဲနဲဝလာသလိုပဲ...​အေးဟုတ်​တယ်​သား​ရေအိမ်​ထဲသွားပြီး​အေး​ဆေးနားအုံး​လေ...အထဲမှာမင်းမမဝတ်​ရည်​လဲရှိတယ်​...ဒီမမက​တော့ကိုယ့်​​မောင်​​လေးလာတာ​တောင်​ထွက်​မကြိုဘူး...ဒါဆိုကျွန်​​တော်​အိမ်​ထဲသွားပြီ​လေး​လေးစိုး...

မမ​ရေ...မမ...မမဝတ်​ရည်​....ကိုယ့်​​မောင်​​တောင်​လာမကြိုတဲ့မမဘယ်​​ရောက်​​နေလဲ...ဟဲ့ဟဲ့..​အော်​ကြီးဟစ်​ကျယ်​နဲ့ဘယ်​လိုဖြစ်​လာတာတုန်း​....မမဒီမှာအာရုံရတုန်း​လေးစာ​ရေးတဲ့ထဲဈာန်​ဝင်​သွားလို့ပါငါ့​မောင်​ရယ်​...ကဲလာလာထိုင်​ပါအုံး...​မေ​မေ​ရေဒီမှာ​မောင်​​လေး​နေမင်း​ရောက်​လာပြီ...​လေး​လေးစိုးတို့တစ်​အိမ်​လုံးက​နေမင်းခ အား​နေမင်းဟုသာ​ခေါ်ကြသည်​။သား​ရေအ​မော​ပြေသံပုရာရည်​​သောက်​လိုက်​ပါအုံး...ရပါတယ်​အန်​တီ​လေးရယ်​....ဒါနဲ့အန်​တီ​လေးဘာဟင်းချက်​ထားလဲ....သားအကြိုက်​ဟင်း​တွေချက်​ထားတာ​ပေါ့...​ဒေါ်မြင့်​မြင့်​ရီလက်​ရာကို​နေမင်း​ခအရမ်းကြိုက်​သည်​...ဒီမနက်​​တော့ခရီးကပန်းပန်းနဲ့ဗိုက်​ကား​အောင်​စားပစ်​လိုက်​မယ်​....စားပါရှင်​စားပါအန်​တီ​လေးကရယ်​ကြဲကြဲဖြင့်​​ပြောပြီးမီးဖိုခန်းထဲပြန်​ဝင်​သွားသည်​။

နေ့လည်​စာကိုအားရပါးရစားပြီ​နောက်​​လေး​လေးစိုးဖွင့်​ထားတဲ့​ဆေးခန်းကိုလိုက်​သွားခဲ့​သည်​....​လေး​လေးစိုးကအပြင်​​ဆေးခန်း​လေးတစ်​ခုဖွင့်​ထားတယ်​​လေ......အခ​ကြေး​ငွေမယူပဲ​ဆေးဖိုသာယူ၍ကုသ​ပေး​သော​စေတနာ​ဆေးခန်း​လေးဖြစ်​သည်​....ထို့​ကြောင့်​လဲ​ဆေးခန်းမှာလူနာကမပြတ်​။

ဆရာရယ်​ကျွန်​​တော်​သား​လေးကိုအမြန်​​ပျောက်​​အောင်​ကုသ​ပေးပါဗျာ...အ​ဖေတစ်​ခုသားတစ်​ခုဘဝမို့ပါဆရာရယ်ီးသား​လေးသာတခုခုဖြစ်​ရင်​ကျွန်​​တော်​ရင်​ကျိုးရမှာ.....သားဖြစ်​သူအားလူနာကုတင်​ထက်​သို့​ပွေ့တင်​​ပေးပြီးလူနာရှင်​က​ပြော​နေခြင်းပင်​....ကျွန်​​တော်​တို့က​တော​တောင်​ထဲမှာပဲလုပ်​စားရတဲ့သူ​တွေဆို​တော့..​တောထဲမှာစမ်း​ချောင်း​ရေ​သောက်​ငှက်​​ပျောသီး​တွေစားရင်​ငှက်​ဖျားမိတာပါပဲဆရာရယ်​လူနာ၏ဖခင်​ဦး​လေးကြီးကသူ့ဘဝအ​ကြောင်း​ပြောပြ​နေ​လေသည်​။

စိတ်​မပူပါနဲ့ဗျာကျွန်​​တော်​အတက်​နိုင်​ဆုံးကုသ​ပေးပါ့မယ်​မကြာခင်​သက်​သာသွားမှာပါ.....ငှက်​ဖျား​ရောဂါဆိုတာခုနဦးကြီး​ပြောသလိုစမ်း​ချောင်း​ရေနဲ့ငှက်​​ပျောသီး​ကြောင့်​မဟုတ်​ဘူးဗျ...ကျွန်​​တော်​ရှင်းပြမယ်​...သား..​နေမင်း..လဲဗဟုသုတအ​နေနဲ့မှတ်​ထား​ပေါ့....တကယ်​​တော့ငှက်​ဖျား​ရောဂါဆိုတာ....

ဆက်​လက်​​ဖော်​ပြပါမည်​။

Author nainglinn
MSC 114
HFS 13
image

Sort:  

ဆက်လက်စောင့်မျှော်နေပါတယ်

ကျေးဇုးပါ

ကျးကျေးbro

ဗဟုသုတရပါတယ်

ကျေးဇူးပါ

အကိုရေ ပုံလေးတွေ ရှာ ပြီး ထည့်ရင် ပိုပြီး ပြည့်စုံမယ်ထင်ပါတယ် ကိုယ်တိုင် အဖြစ်အပျက်ဆိုတော့ ပုံလေးတွေ နဲ့ဆို ပြီးပြည့်စုံသွားတာပေါ့။

ခုလိုအကြံ​ပု​ပေးလို့​ကျေးဇူးပါဗျ

ဦးဇင်းလည်း ငှက်ဖျားဖြစ်ခဲ့ဖူးတော့
ခုဆို ဆင်ခြင်နေရတယ်

တင်​ပါ့ဘုရား

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 66256.41
ETH 2643.78
USDT 1.00
SBD 2.68