မျှော်တစ်လင့်လင့်

in #myanmar5 years ago (edited)

Image Source

ယခုတစ်လော steemit တွင် hf21၊hf22 စနစ်များတင်ပြီးနောက် site ခဏတာပျက်ခြင်းများ ကြုံပြီး ယောက်ယက်ခတ်နေခဲ့သည်။ယခုတော့ steemit ကြီး ပြန်ကောင်းကာ ပြန်လည် အဆင်ပြေလာခဲ့ပေပြီ။ထို့ကြောင့် မိမိလည်း ယခင်ရက်အနည်းငယ်ကရေးထားသော post တစ်ခုကို အနည်းငယ် ပြန်ပြင်ဆင်ကာ postတင်ဖို့ ပြန်လည်ပြုလုပ်ရလေသည်။ရေးစရာကတော့ ထုံးစံအတိုင်း ဂိမ်းအကြောင်းပဲ ဖြစ်နေပြန်သည်။ဂိမ်းအကြောင်း မရေးခင် သိထားတာလေးတစ်ခုတော့ ရေးရဦးမည်။ထိုအကြောင်းမှာ ပြီးခဲ့သော တစ်ပတ်က နိုင်ငံခြားသူတစ်ယောက်ဖြစ်သော rosatravels ဆိုသူ ရေးသော postတွင် snax tokens များ steem-engineတွင် ရောင်းလို့ရသည်ဆိုသော post တွေ့မိ၍ဖြစ်သည်။ထို့ကြောင့် snax tokens ရှိသူများtokens များ ရောင်းချင်ပါက ရောင်းကြည့်ပါဟု အကြံပေးချင်သည်။မိမိ၏ tokens များကတော့ browser ဖျကိမိပြီး ပြန်install လုပ်ရာတွင် မိမိအရင် wallet သို့ မရောက်ပဲ wallet အသစ်ဖြစ်သွား၍ tokens များ ရယူလို့မရသည့်အခြေအနေဖြစ်နေသည်။နှမြောစရာတော့ ကောင်းလှသည်။

Snax အကြောင်းပြီးတော့ ဂိမ်းအကြောင်းလေး ရေးဦးမည်။ကစားနေသော ဂိမ်းနှစ်ခုတွင် Nextcolony ဂိမ်းကတော့ ဂြိုလ်ရှာရတာ ခက်ခဲနေသည်။ယခု ရှာဖွေနေရသော နေရာမှာလည်း မိမိ၏ ဂြိုလ်များနှင့် အဝေးကြီးကို လှမ်းရှာနေရတော့ တွေ့ဖို့ ပိုခက်ခဲနေရလေသည်။ယခုက အရင်ရောက်သူ ဂြိုလ်ရမည့်စနစ်လည်း ဖြစ်တော့ ဂြိုလ် အသစ်တစ်လုံးရဖို့ မျှော်လင့်ချက် ပိုနည်းပါးလာရသည်။ယခုက ဂြိုလ် တစ်လုံးရှာဖို့ အသွားအပြန်ကြာချိန်ကလည်း နှစ်ရက်၊သုံးရက်ခန့်ဖြစ်နေသည်။အခြေအနေက မလွယ်။

Nextcolony မှာ တစ်ခါတစ်လေ ဂြိုလ်အသစ်တစ်ခုကို တော်တော်နှင့် ရှာမတွေ့၍ ကစားချင်စိတ် ပျောက်ပျောက် သွားတတ်သည့်အချိန်လည်းရှိသည်။သို့သော်လည်း ရင်းထားသော steem 70 ကျော်ခန့်နှင့် ဒီဂိမ်းအပေါ်ပေးထားသော အချိန်လုပ်အားများအားတွေးကာ ဂိမ်းကိုဆက်လက်ကစားနေရသည်။Nextcolony မှာ rewards ခွဲဝေမှု့တွေကလည်း ခုထိ မရှိသေး။ဘယ်အချိန်အထိ စောင့်နေဦးမည်တော့ မသိ။Rewards လေးများရလျှင်တော့ ကစားရတာ ပိုပျော်ဖို့ ကောင်းမည်ထင်သည်။တစ်နေ့ steem နည်းနည်းပဲ ပေးစေဦးတော့ တစ်ခုခု ရလျှင်ပင် ကစားရတာ ပိုပျော်ဖို့ကောင်းမည်။အခုတော့ ဂိမ်းက nextcolony အကြောင်းရေးသော postများကို vote ပေးတာမှလွဲ၍ အခြားဘာမှ မပေးသေးတော့ မျှော်တစ်လင့်လင့်နှင့် စိတ်ပျက်ကာ စောင့်မျှော် နေရလေသည်။

https://nextcolony.io

Author-myothuzar,MSC-033

Sort:  

Congratulations @myothuzar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1000 replies. Your next target is to reach 1250 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steem users. Learn how here!

Snax က wallet password မှတ်မိရင် ရတယ်မလားဗျ။ ကျနော်လည်း သေချာ ပြန်မှတ်ထားဦးမှ။

Posted using Partiko Android

ကိုယ်သတ်မှတ်ထားတဲ့ password နဲ့ စကားစု ၈ခုတွဲစာ သိရင် ရတယ်။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61572.53
ETH 2995.53
USDT 1.00
SBD 3.73