အချိန်နဲ့ခံစားချက်
တွေ့ဆုံကြုံကွဲ ဓမ္မတာ ဘဝမှာ မကြုံတွေ့ မဆက်ဆံချင်တဲ့သူနဲ့ အကြာကြီး ကြုံတွေ့ဆက်ဆံခဲ့ရတဲ့ အချိန်တွေရှိသလို ကြုံတွေ့ဆက်ဆံချင်တဲ့သူတွေနဲ့လည်း အကြာကြီး ပျော်ရွှင်စွာ နေထိုင်ခဲ့ရဖူးတယ်။ကြိုက်နှစ်သက်သော ကာလပဲဖြစ်ဖြစ် မကြိုက်နှစ်သက်သောကာလပဲဖြစ်ဖြစ် အချိန်တွေဟာ ရွေ့လျားရင်း တစ်ဖြည်းဖြည်းပြီးဆုံးခြင်းကို ရောက်ရတယ်။ဘ
်သူမှမပိုင်,ဘယ်သူမှ ထိန်းချုပ်လို့မရတာ အချိန်ပဲ။ကိုယ်ပျော်ရွှင်တဲ့အချိန်မျိုးဆို ထိုအချိန်မျိုးကို တစ်ချိန်လုံးတည်ရှိနေစေချင်ခဲ့ကြပြီး ကိုယ်မပျော်ရွှင် မနှစ်သက်တဲ့ အချိန်မျိုးကြတော့ မြန်မြန်ကုန်ဆုံးစေချင်ကြတယ်။လူတွေရဲ့စိတ်ထဲမှာ ကိုယ်ကြည်နူးသာယာနေတဲ့အချိန်မျိုးဆို အချိန်ဟာ ကုန်မှန်းမသိ မြန်မြန်ကုန်တယ်ဟုထင်မြင်ကြပြီး မနှစ်မြို့ဖွယ် ခက်ခဲပင်ပန်းတဲ့အချိန်ကာလမျိုးတွေကြတော့ တော်တော်နဲ့မပြီးနိုင်ဘူး, အချိန်ကတော်တော်နဲ့မကုန်နိုင်ဘူးရယ်လို့ ထင်တတ်ကြတယ်။တကယ်တော့ အချိန်က အတူတူပါပဲ။လူတွေရဲ့ ကြိုက်ခြင်း,မကြိုက်ခြင်း,သာယာခြင်း,မသာယာခြင်း,နှစ်ခြိုက်ခြင်း,မနှစ်ခြိုက်ခြင်း စတဲ့အမျိုးမျိုးသော စိတ်ခံစားချက်တွေကြောင့်သာ အချိန်ကို အမျိုးမျိုး ထင်မြင်သတ်မှတ်မိကြတာပါ။
Photo credit-pixabay.com

မှန်ကန်သော အတွေး ဖြစ်၏
ဟုတ်ကဲ့။ကျေးဇူးပါ။
ကြည်နူးပျော်ရွှင်ရသည့်အချိန်များဖြစ်ကြပါစေ
ဟုတ်ကဲ့။ကျေးဇူးပါ အန်တီ။
Great post!
Thanks for tasting the eden!