အချိန်မတိုင်မှီ

in #myanmar8 years ago (edited)

image

ကျွန်မ ငယ်စဉ်တုန်းက စာအုပ်ဖတ်တာ တော်တော်ဝါသနာပါသည်။နေ့စဉ်ဖတ်ဖြစ်သည်။ယခုသာ နေ့စဉ်မဖတ်ဖြစ်တော့တာပါ။ငယ်စဉ်တုန်းက စာအုပ်ငှားလျှင် အများဆုံးငှားဖြစ်ခဲ့သည့်စာအုပ်ဆိုင်မှာ ကျွန်မတို့လမ်းထဲမှ စာအုပ်ဆိုင်ဖြစ်သည်။အိမ်နှင့်လည်းနီးသည့်အပြင် စာအုပ်ဆိုင်ပိုင်ရှင်များမှာလည်း ဆက်ဆံရေးကောင်းမွန်သူများ ဖြစ်၍ ငှားရသည်မှာ အဆင်ပြေသည်။

image

စာအုပ်ဆိုင်ကို အဒေါ်ကြီးတစ်ယောက်ကပိုင်၍ ထိုအဒေါ်ကြီးနှင့်အတူနေသော သားများနှင့်တူများက စာအုပ်ဆိုင်တွင် အလှည့်ကျထိုင်ပေးကြသည်။စာအုပ်ဆိုင်တွင် အများဆုံးထိုင်ဖြစ်သူမှာ တူဖြစ်သူ ကိုထွန်းဇော်(နာမည်လွှဲ) ဖြစ်သည်။

ထိုအကိုကြီး ကိုထွန်းဇော်မှာ သဘောလည်းကောင်း စကားပြောလည်းညက်ပြီး စာအုပ်ဆိုင်ကိုလာသောသူများ စာအုပ်ငှားချင်အောင် ဆွဲဆောင်ပြောဆိုတတ်သူ ဖြစ်ပေသည်။ရုပ်ရည်မှာလည်း အသင့်အတင့်ရှိပြီး အပြောကောင်းသူလည်း ဖြစ်၍ထင်သည် မိန်းကလေးတစ်ဦးကပင် စာအုပ်အပ်ရင်း စာညှပ်ပြီး ကိုထွန်းဇော်အားပေးသည်ကို ကျွန်မစာအုပ်ငှားရင်း ကိုယ်တိုင်မြင်ဖူးလေသည်။ထိုမိန်းကလေး ပြန်သွားသော် အကိုကြီး ကိုထွန်းဇော်က ထိုစာကိုမသိသလို,မမြင်သလိုဟန်ဆောင်ကာ စာအုပ်ကိုသိမ်းလိုက်သည်ကိုသာ မြင်ရလေသည်။ကိုထွန်းဇော်၏စကားအပြောအဆိုညက်မှုကြောင့် လူတွေသူ့အပေါ်သဘောကျကာ စာအုပ်ငှားကြသည်သာမက မိန်းကလေးကပင်စတင်စာပေးခြင်းကို ပြုလုပ်ရသည်အထိ ကိုထွန်းဇော်မှာ ဆွဲဆောင်အားကောင်းသော လူတစ်ဦးဖြစ်သည်။

ထိုကဲ့သို့ လူသားတစ်ဦးသည် အရက်နှင့်ဆေးလိပ်ဟူသော မကောင်းဆိုးဝါးနှစ်ပါးကြောင့် နှလုံးနှင့်ပက်သက်သောရောဂါရကာ အချိန်မတိုင်မှီ ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားရလေသည်။အကိုကြီး ကို ထွန်းဇော်သေဆုံးသွားသည့်အချိန်အသက်အရွယ်မှာ ကျွန်မအထင် သုံးဆယ်ကျော်မျှသာ ရှိပေဦးမည်။အသက်၃၀ကျော်ဆိုသည်မှာ ကျန်းမာရေးကောင်းလျှင်,တစ်စုံတစ်ရာကြီးကြီးမားမား ထိခိုက်မှုများမဖြစ်လျှင် ဘဝမှာကြာရှည်စွာ ဆက်လက်၍နေနိုင်သော အသက်အရွယ်ဖြစ်သည်။ယခုတော့ အရက်နှင့်ဆေးလိပ် နှစ်ခုကြောင့်ရောဂါရကာ ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားရလေသည်။

ထို့ကြောင့် ကိုထွန်းဇော်လို အချိန်မတိုင်မှီ မသေသင့်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်ပွားစေဖို့ အရက်နှင့်ဆေးလိပ်ကို မသောက်သုံးကြဖို့တိုက်တွန်းချင်ပါသည်။ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ,သွေးတိုးရောဂါ,ကင်ဆာရောဂါများ,လေဖြတ်လေငန်းရောဂါအပါအဝင် ရောဂါပေါင်းစုံနှင့်အရက်ကြောင့် အသည်းရောင်ခြင်း,အသည်းခြောက်ခြင်း,နှလုံးရောဂါဖြစ်ခြင်း,သွေးအန်ခြင်း,ဦးနှောက်နှင့်အာရုံကြောထိခိုက်ခြင်း,စိတ်ရောဂါများဖြစ်ခြင်း အစရှိသည့် ရောဂါများလည်း ဖြစ်ပွားစေနိုင်ပါသည်။ထို့ကြောင့် အရက်နှင့် ဆေးလိပ်ကို အစပြုပီးမသောက်သုံးကြပါနှင့်။ယခု စွဲလန်းစွာ သောက်သုံးမိနေလျှင်လည်း ဖြတ်နိုင်အောင် ကြိုးစားကြပါ။အကယ်၍မဖြတ်နိုင်ဘူးဆိုလျှင်လည်း တတ်နိုင်သမျှလျော့သောက်ဖို့ တိုက်တွန်းချင်ပါသည်။

Photo credit-google image

Author-myothuzar,MSC-033

Sort:  

အကိုကတော့ ဆေးလိပ်ဆိုးကျိုး လက်တွေ့ခံစားပီးရလို့ စွန့်လွှတ်လိုက်ပါပီ။

အကောင်းဆုံးပါပဲ။

ရေးထားတာကောင်းတယ်
ကိုယ့်ရှေ့အရက်သမားတွေတွေ့ရင်သိပ်မုန်းတာပဲ

ဟုတ်။ကျေးဇူးပါ။အရက်သမားတွေက အရမ်းမူးလာရင် သိပ်စိတ်ညစ်စရာကောင်းတာ။

စာနည်းတယ်​​နော်

အင်း။

မူးယစ်​​ဆေးဝါးမှန်​သမျှ​ရှောင်​ရှားသင့်​ပါတယ်​ရှင်

ဟုတ်ပါတယ်။

မတတ်သာတဲ့အခြေနေမှသောက်ပါတယ် . . တော်ရုံဆိုမသောက်ဖြစ်ဘူး ကိုယ့်ရှေ့မှာ ဘဝပျက်သွားသူတွေအများကြီး သာဓက မြင်ခဲ့ရလို့ပါ

ဟုတ်ကဲ့။တတ်နိုင်သမျှ မသောက်ပဲ နေတာ အကောင်းဆုံးပါ။

ရှောကြဉ်သင့်ပါတယ်

ဟုတ်ပါတယ်။

ဖတိရတာ ​ကောင်းပါတယ်​ bro

ကျေးဇူးပါ။

မူးယစ်တဲ့အရာမှန်သမျှ မသောက်သုံးသင့်ပါဘူး

မှန်ပါတယ်။

ဆေးလိပ်​​သောက်​တတ်​ဘူး

ကောင်းပါတယ် မသောက်တတ်တာ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 62578.40
ETH 1778.40
USDT 1.00
SBD 0.39