ထိုင်းနိုင်ငံရဲ့ အထင်ကရနေရာ(Grand Palace, Thailand)

in #myanmar7 years ago

Grand Palace
image
image

Grand Palace ကို ထိုင်းလို Phra Borom Maha Ratcha Wang လို့ခေါ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှ အထင်ကရ အဆောက်အဦး ဖြစ်ပါတယ်။ Grand Palace ဟာ ၁၇၈၂ ခုနှစ်ကစပြီး ထိုင်းဘုရင်များရဲ့ နန်းတော် ဖြစ်ခဲ့ပါတယ်။ ဘုရင်နဲ့ အစိုးရ အဖွဲ့ဝင်များရဲ့ ညီလာခံ သဘင်ကို ၁၉၂၅ ခုနှစ် မတိုင်ခင်အထိ နန်းတော်ရဲ့ မြေညီထပ်မှာ ကျင်းပခဲ့ကြပါတယ်။ ဘုရင် Bhumibol Adulyadej (ရာမ ၉) လက်ထပ်မှာ Chitralada Royal Villa နဲ့ သူ့ကို ဆက်ခံတဲ့ Vajiralongkorn ဟာ Amphorn Sathan Residential Hall မှာ နေထိုင်ခဲ့ကြပါတယ်။ အဲဒီ တည်နေရာ နှစ်ခုစလုံးဟာ Dusit Palace ထဲမှာ တည်ရှိပါတယ်။ ဒါပေမယ့် အစိုးရ အခမ်းအနားများကို Grand Palace မှာပဲ ကျင်းပခဲ့ကြပါတယ်။ တော်ဝင်ပွဲ အခမ်းအနားများနဲ့ နိုင်ငံရဲ့ အစဉ်အလာ ပွဲအခမ်းအနားများကို နှစ်စဉ် Grand Palace မှာ ကျင်းပခဲ့ကြပါတယ်။ နန်းတော်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး Tourist Attractions များထဲမှ တစ်ခု ဖြစ်ပါတယ်။

image

နန်းတော်ကို ၁၇၈၂ ခုနှစ် မေလ ၆ ရက်နေ့မှာ ဘုရင် Phutthayotfa Chulalok (ရာမ ၁) ရဲ့အမိန့်ဖြင့် စတင် တည်ဆောက်ခဲ့ပါတယ်။ ဘုရင်ဟာ သောင်ဘူရီကနေ ဘန်ကောက်ကို နန်းစိုက်ရာ မြို့ အဖြစ် ပြောင်းရွှေ့ခဲ့တဲ့ လူလည်း ဖြစ်ပါတယ်။ ဘုရင် အဆက်ဆက်မှာ Grand Palace တွင် အဆောက်အဦး အသစ်များ၊ အစိတ်အပိုင်းများကို တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် ဘုရင် Chulalongkorn (ရာမ ၅) လက်ထပ်မှာ တိုးချဲ့တည်ဆောက်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ ဘုရင်၊ တော်ဝင် မိသားစုနဲ့ အစိုးရအဖွဲ့များဟာ နန်းတော်မှာ မနေထိုင်ကြတော့ဘဲ အခြားနေရာများမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ၁၉၃၂ ခုနှစ်မှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီးနောက်မှာ အစိုးရအဖွဲ့အားလုံးဟာ နန်းတော်ကနေ အပြီးတိုင် စွန့်ခွာခဲ့ကြပါတယ်။
image
(ရာမ ၁)
image
(ရာမ ၅)

နန်းတော်ဟာ လေးထောင့် ပုံသဏ္ဍာန် ဖြစ်ပြီး စုစုပေါင်း အားဖြင့် စတုရန်း မီတာ ၂၁၈ ၄၀၀ (စတုရန်း ပေ ၂ ၃၅၁ ၀၀၀) ကျယ်ဝန်းပါတယ်။ နံရံလေးခုဖြင့် နန်းတော်ကို ကာကွယ်ထားပါတယ်။ Rattanakosin Island ရဲ့ အလယ်ဗဟို ကျောက်ဖယားမြစ်ရဲ့ ကမ်းနဖူးမှာ တည်ရှိပြီး ဒီနေ့ခေတ်မှာတော့ Phra Nakhon District ထဲမှာ ဖြစ်ပါတယ်။ နန်းတော်ဟာ မြောက်ဘက်မှာ Sanam Luang နဲ့ Na Phra Lan လမ်းမများနဲ့ ထိစပ်နေပါတယ်။ အနောက်ဘက်မှာ Maharaj လမ်း၊ အရှေ့ဘက်မှာ Sanamchai လမ်းနဲ့ တောင်ဘက်မှာ Thai Wang လမ်းများနဲ့ ထိစပ်နေပါတယ်။

image
image

နန်းတော်ကို အဆောက်အဦးများ၊ ခန်းမများ၊ လျှောက်လမ်းများ၊ ပန်းဥယျာဉ်များစွာဖြင့် တည်ဆောက်ထားပါတယ်။ နှစ်ပေါင်း ၂၀၀ ကျော်အတွင်းမှာ ဘုရင် အဆက်ဆက်က နန်းတော်ကို တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်။ မြဘုရားကျောင်း၊ အဆောက်အဦးများစွာပါတဲ့ ပြင်ပ ညီလာခံ ခန်းမ၊ Phra Maha Monthien Buildings ပါတဲ့ အလယ် ညီလာခံခန်းမ၊ Phra Maha Prasat Buildings and the Chakri Maha Prasat Buildings ၊ အတွင်း ညီလာခံ ခန်းမနဲ့ Siwalai Gardens စတဲ့ အဆောက်အဦးများအဖြစ် နန်းတော်ကို ခွဲခြားထားပါတယ်။ နန်းတော်ကို အများပြည်သူ လေ့လာနိုင်တဲ့ ပြတိုက်အဖြစ် ဖွင့်လှစ်ပေးထားပါတယ်။
image
image
image
image

@myothant
#ကိုးကားဘာသာပြန်သည်

Sort:  

thanks for sharing .......

@shihabieee

Your welcome @shihabieee

ကိုယ်​တိုင်​​ရေးသားတဲ့ post ​တွေပဲ အတတ်​နိုင်​ဆုံးတင်​​ပေးပါအကို

ဟုတ်ကဲ့အတတ်နိုင်ဆုံး ကိုယ်တိုင်ရေးပြီးတင်ပေးထားပါတယ် အကို့ရဲ့accထဲဝင်ကြည့်ကြည့်ပါ
@ jhonnight

ခ်ခ် အထင်ခံရမှာပေါ့
Broက အရေးသားကောင်းလွန်းနေတာကိုး.
Vote ခဲ့ပြီဗျိုး 😊😊

ညီကိုတွေ အမှားအမှန်ထောက်ပြ ကူညီပေးပါbroရေ
မှားပြောမိရင်လည်း ခွင့်လွှတ်နားလည်ပေးပါဗျာ
နောက်တက်လာတဲ့ userအသစ်တွေကို
Copy pasteတွေမလုပ်မိအောင်
User တွေရဲ့ cheetahထိတဲ့ postတွေတွေ့ရင်
မလုပ်သင့်ကြောင်းပြောပြီး လမ်းပြပေးပါလို့
အကူညီတောင်းပါရစေ bro @myothant အစ်ကိုရေ

welcomeပါဗျာ ကျွန်တော်လည်းတတ်နိုင်သလောက်ကူညီနေပါတယ် ဆိုးတာကအချိန်ကအလုပ်နဲ့အိမ်နဲ့ဘဲ့ကုန်နေတယ် အခုလိုလမ်းပြပေးတဲ့အတွက်ကျေးဇူးပါဗျ
@komoezaw

ဟုတ်အစ်ကို ကျေးကျေးပါဗျာ
ကျွန်တော်တို့တွေ အားတဲ့ချိန်လေးမှာကြိုးစားရေးကြမယ်ဗျာ
ဇွဲမလျှော့နဲ့နော် အစ်ကို
Fighting......💪💪💪

Congratulations @myothant! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank you for rewarded badge.
I very happy right now.
I well try. Thank you very must @steemitboard

ဘုရင့်နောင်ကိုဆက်သခဲ့တဲ့ ဘာ ကလျာဆိုလား အဲဒီအမျိုးသမီးလေးအကြောင်းဖတ်ချင်လိုက်တာ

ဟုတ် ကြိုးစားပါမယ်ဆရာ
@mgmgkse

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62036.41
ETH 2418.43
USDT 1.00
SBD 2.61