Steemit ပေါ်မှာ vote များများလိုက်ပေး၊ post များများတင်၊ comment များများပေးပြီး ငွေပိုရမလားဆိုရင်

in #steemit7 years ago (edited)

မရပါ။
vote အရေအတွက် voting power နဲ့ထိန်းထားတာဖြစ်လို့ voting power လျော့လျော့သွားတိုင်း ကိုယ့် vote တချက်ရဲ့ တန်ဖိုး ကျဆင်းသွားပါတယ်။ အပေးခံရသူအတွက်လည်း အကျိုးမရှိသလို ကိုယ်လည်းအချိန်ကုန်ပါမယ်။

post, comment များများလုပ်ရင်လည်း ငွေပိုမရပါဘူး
တင်ချင်တိုင်းတင် ပေးချင်တိုင်းပေးလို့မရအောင် bandwidth နဲ့ကန့်သတ်ထားပါတယ်။
ကိုယ်တင်တဲ့ post, cmmt မှာ vote ရမှ $ ရမယ်။ ကိုယ့် Steemit account ရဲ့ Steem Power နည်းရင် ကိုယ်ဝေစုရထားတဲ့ bandwidth လည်းနည်းမှာဖြစ်လို့ များများလုပ်လေ bandwidth ကျလေဖြစ်ပြီး နောက်ဆုံး Steemit account ထဲဘာမှလုပ်မရတော့ဘဲ bandwidth ပြန်ပြည့်ချိန်စောင့်ရပါတယ်။ မစောင့်ချင်ရင် Steem Power ဝယ်တင်ပြီး Bandwidth ပိုကောင်းအောင်လုပ်ရပါတယ်။

voting power နဲ့ bandwidth စစ်ချင်ရင်
www.steemd.com/@username
username နေရာ မိမိ steemit username ထည့်ပါ။

Author Reward နှင့် Curation Reward
Author Reward ဆိုတာ ကိုယ်တင်ထားသော post တခုကို တခြားသူများလာ vote ခြင်းကြောင့် ရလာတဲ့ Steem Dollar တွေထဲက 75% ရတဲ့ SBD ကိုပြောတာပါ။ ကျန် 25% ကို vote လာပေးသူတွေဆီပြန်ခွဲပေးရပါတယ်။

ထို 25% ကို curation reward လို့ခေါ်ပါတယ်။

ထပ်အသေးစိပ်ရရင် ထို curation reward 25% ကို post ပိုင်ရှင်နှင့် vote လာပေးသူကြား အချိန် ၅ မျိုးခွဲပြီး ဘယ်သူဘယ်လောက် % ရမလဲထပ်ခွဲထားပါတယ်။ ပုံမှာဖတ်ကြည့်ပါ။

Steemit Vote Rule.PNG

Sort:  

You got a 2.83% upvote from @postpromoter courtesy of @myominaung!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

!originalworks

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67710.07
ETH 2614.05
USDT 1.00
SBD 2.67