Bid Bot အလုပ်လုပ်ပုံ ၁

in #busy8 years ago

ဒီ post မှာ Bot ကို SBD ပေးပြီး ခေါ် vote ခိုင်းထားတာကို တွက်ပြထားပါတယ်။

Bot သုံးပြီး Steem Power ပိုရအောင်လုပ်ခြင်း
http://myominaung.com/spbot

တချို့က Bot ဆိုတာ post တင်ပြီးရင် SBD ပို့လိုက်တာနဲ့ လာ vote ပေးတာလို့ပဲသိကြပါတယ်။
ကိုယ်ပေးလိုက်တဲ့ SBD ထက် bot ပြန်လာ vote ပေးတဲ့ SBD ကပိုများတဲ့အခါ မြတ်တယ်ထင်ပြီး။ Bot ပြန်လာပေးတဲ့ vote SBD ကနည်းနေရင် ရှုံးတယ်မှတ်ပါတယ်။ (bot ကိုဆဲပါလေရော)

ဘာလို့ နည်းပြီးလာ vote သလဲ။ များပြီး လာ vote သလဲရဲ့နောက်ကွယ်က အကြောင်းအရင်းကို မရှာကြ မသိကြပါဘူး။

တကယ်တော့ fixed bot ကလွဲရင်၊ နာမည်ကြီး bot တော်တော်များများက သူ့ဆီဘယ်လောက် SBD ပို့ပေးရင် ဘယ်လောက်ပြန်လာ vote ပေးမလဲဆိုတာ ပုံသေမရှိပါဘူး။
Round တွေနဲ့ ဝင် Bid ရတာပါ။
1⃣ Bot တခုဆီဝင် Bid တဲ့လူဦးရေ၊
2⃣ Bid ထားတဲ့ SBD ပမာဏ၊
3⃣ Bot ဘက်က တ round စာအတွက် ပြန်ပေးနိုင်တဲ့ Vote SBD
အဲ့ဒီ ၃ခုပေါ်မူတည်ပြီး ဝင် Bid ထားသူတွေ အချိုးကျပြန်ရတာဖြစ်ပါတယ်။

Bot ဘက်ကပြန်ပေးနိုင်တာထက် Bid သူပိုများနေရင် သေချာတယ် အဲ့ round ထဲဝင် Bid ထားသူ အကုန်ရှုံးပါမယ်။

ဒါကြောင့် Round တိုင်းကို စောင့်ကြည့်ပြီး ဘယ် round မှာ ဝင် bid ရင် ကိုက်မလဲချိန် Bid ရပါတယ်။

ပုံထဲမှာဆိုရင် Bot ပြန် vote ပေးနိုင်တဲ့ SBD က 92.95SBD ပဲရှိတာကို SBD ဝိုင်းပို့ထားကြတာ 125.66SBD ဖြစ်နေပြီ။ ဒီတော့ ဝင် Bid ထားသူအကုန် ပို့ထားတဲ့ SBD ကို 44% ရှုံးပြီးပြန်ရပါလိမ့်မယ်။
vote over 2.PNG

(After Curation ဆိုတာက Bot လာ vote ပေးတဲ့ SBD ကို 75% ပဲကိုယ်ရမှာဖြစ်လို့ 25% နုတ်ထားပြီးသားအရှုံးအမြတ်ကိုပြထားတာပါ)

ကိုယ်ရတဲ့ 75% ကိုမှ 50% SBD, 50% SP ပြန်တွက်ပြီး နောက်ဆုံး SBD အနေနဲ့ဘယ်လောက် SP အနေနဲ့ဘယ်လောက်ပြန်ရမလဲ အဖြေရမယ်။
အဖြေကိုမှ ကိုယ်ပို့လိုက်တဲ့ SBD နဲ့ ပြန်ရတာ ကိုက်မကိုက်ပြန်ကြည့်ရပါတယ်။

🆙🆙🆙🆙🆙🆙🆙🆙🆙🆙

Sort:  

ဟုတ်ကျေးဇူး ပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.095
BTC 62264.73
ETH 1738.94
USDT 1.00
SBD 0.39