HELPING THE BIRD

in #myanmar7 years ago (edited)


ဟိုး......​ရှေးတုန်းက ရွာတစ်​ရွာ မှာ ​မောင်​ပုည ဆို လူ လိမ္မာ​လေးတစ်​​ယောက်​ရှိတယ်​။မောင်​ပု ညဟာ မိဘ ​တွေ ​ပေါ်မှာလဲ လုပ်​​ကျွေးပြုစု တယ်​ ရတနာငါးပါးကို လည်းရို​သေ ကိုင်းရှိုင်းသူတစ်​​ယောက်​ဖြစ်​ပါသည်​ ။
မောင်​ပုည သည်​ ​တောထဲ မှာ​နေ့စဉ်​ ဖခင်​နှင့်​ အတူ ထင်းခုတ်​ ထွက်​တယ်​။
တစ်​​နေ့မှာ ဖခင်​က​နေမ​ကောင်းတာနှင့်​ သူတစ်​​ယောက်​ထဲ ထင်းခုတ်​ထွက်​လာခဲ့သည်​။ သူက အမြဲလိုလို သရဏဂုံ တည်​ပြီး ဘုရားဂုဏ်​​တော်​ ကို ရွတ်​ဆို​​နေတတ်​ပါသည်​ ။ သတ္တဝါ​တွေကိုလည်​ ​မေတ္တာ ပို့သ ​ပေး တတ်​​သေးသည်​။
ထို သို့ ရတနာငါးပါးကို အမြဲတမ်းတပြီး ဘုရားဂုဏ်​​တော်​ ကို ပွားများ​နေတဲ့ ​မောင်​ပုည ကို ​တော​စောင့်​နတ်​​တွေ ​တောင်​​စောင့်​ နတ်​​တွေက ​မောင်​ပုည ကို​စောင့်​​ရှောက်​​​ပေးကြသည်​။ ​မောင်​ပုည တစ်​​ယောက်​ထဲ ထင်းခုတ်​ထွက်​လာ​သော ​နေ့​တစ်​​နေ့မှာ ငှက်​ဝါ ​လေးတစ်​​ကောင်​ဟာ ​လေးထိပြီး ဒဏ်​ရာ ရကာမပျံနိုင်​ ဖြစ်​​နေသည်​။ထိုငှက်​ဝါ​တေလးကို မြင်​​တော့ ​မောင်​ပုညဟာ သနားစရာ ​ကောင်းလိုက်​တဲ့ ငှက်​က​လေး ငါ ကယ်​​ပေးမှဖြစ်​မည်​ဆို ​ပြီး ငှက်​​လေး ရဲ့ဒဏ်​ရာကို သက်​သာ​အောင်​ ကုသ​ပေးလိုက်​သည်​။
နောက်​ ရက်​​တွေလည်း ဖခင်​ ကို နား​စေပြီး သူတစ်​​ယောက်​ထဲ ပဲ ​တောထဲမှာ ထင်းခုတ်​ထွက်​လာပြန်​သည်​။ ခဏအကြာမှာ ​မောင်​ပုည ထင်းခုတ်​ နား​တော့ သူကု​​ပေးခဲ့​သော ငှက်​ဝါ​လေးက ​မောင်​ပုည ထိုင်​​နေ​သော သစ်​ပင်​ထက်​မှာ နားပြီး "ငါ့ ​​​အ​မွှေးတစ်​​မွှေးနုတ်​ ​မောင်​ပုည သူ​ဌေးလုပ်​ "​ ​ဟု သုံးခါ ​အော်​ပြီး​တော့ ငှက့်​​တောင်​ပံ တစ်​ခု ကို ချွတ်​ချ ခဲ့သည်​။မောင်​ပုညက ငှက်​ ​မွှေ​လေး ကိုကြည့်​ပြီး အိမ်​သို့ ယူခဲ့ ​သည်​။
ည အိပ်​ခါနီးမှာ ဘုရားရှင်​ခိုး တရားထိုင်​ သတ္တဝါတို့ ကို​မေတ္တာပို့ မိဘ​တွေ​ လည်း ရှင်​ခိုး ကန်​​တော့ပြီး အိပ်​ယာ ဝင်​ရန်​ ပြင်​ဆင်​ချိန်​မှာ ငှက်​​မွှေး​လေးကို သတိရလို့ ထုတ်​ကြည့်​ပြီး ​ခေါင်း​အုံး​အောက်​မှာ ထား၍အိပ်ယာဝင်​ခဲ့သည်​။နောက်​​နေ့ မနက်​​ရောက်​​သော်​ အိပ်​ယာထ ​စောင်​​ခေါက်​ချိန်​မှာ ​ခေါင်းအုံး ​အောက်​က ငှက်​​​တောင်​ပံ​မွှေး​လေး ဟာ ​ရွှေ​တောင်​ပံ​လေးဖြစ်​သည်​ကို မြင်​​တော့ မိဘ နှစ်​ပါးကို သွားပြ​လေသည်​။ ထို ငှက်​​မွှေး​လေးရခဲ့ပုံအ​ကြောင်းရှင်းပြလိုက်​​လေသည်​။တောထဲမှာ ​မောင်​ပုည တစ်​​ယောက်​ထဲ ထင်​​ခွေး ထွက်​တိုင်း ငှက်​ဝါ​လေး ဟာ သူ့ရဲ့ အ​တောင်​ပံ ကိုလာလာ​ပေးသည်​ ​နောက်​ဆုံးမှာ​တော့ ​စိတ်​​ကောင်းရှိတဲ့​မောင်​ပုည တို့ မိသားစု​လေးဟာ ​တောထဲမှာထင်​ခုတ်​ ထွက်​စရာမလို​တော့ပဲ ငှက်​ဝါ​လေး​ပေးခဲ့ တဲ့​ရွှေ​တောင်​ပံ​လေး​တွေကို ​ရောင်းပြီချမ်းသာသွားခဲ့သည်​။
တကယ်​​တော့ငှက်​ဝါ​လေး ဟာ ​​တော​ကို​စောင့်​​ရှောက်​​နေ​သော နတ်​မင်းတစ်​ပါး ဖန်​ဆင်းထားခြင်​သာဖြစ်​ပါသည်​။တော​စောင့်​နတ်​မင်းဟာ ​မောင်​ပုည ​မေတ္တာ ပို့သမှု​တွေကို အကြိမ်​ကြိမ်​ သာဓု ​ခေါ်​နေရတာ အ​ကြွေးတင်​​နေသလိုဖြစ်​​နေပြီး စိတ်​​ကောင်း ရှိပြီ ဘုရားဂုဏ်​​တော်​ ပွားများ​နေတဲ့ ​မောင်​ပုညဆင်းဆင်းရဲရဲ ထင်းခုတ်​​နေရတာကို မမြင်​ရက်​တာနှင့်​ ​ငှက်​ဝါ​လေး တစ်​​ကောင်​အဖြစ်​ဖန်​ဆင်းကာ ​ရွှေ​တောင်​ပံ​တွေကို ​ပေးပြီး​​ကျေးဇူးဆပ်​လိုက်​တာဖြစ်​ပါသည်​။ ပုံပြင်​​လေးက​တော့ ဒါပါပဲ 'ချမ်းသာလိုသလား' စိတ်​​ကောင်းထား ​က ချမ်းသာပါ၏။.............။
HFS-B4
MSC-155
Photo credit facebook

Sort:  

Good postအရမ်း​ကောင်းတယ်

ကျေးဇူး

Good post

Thankပာ

အရမ်းကောင်းတယ်bro

အရမ်း​ကျေးဇူးတင်​တယ်​bro

အရေးအသားကောင်းပါတယ်ဗျ အားပေးနေပါတယ်

ကောင်းတယ်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57978.54
ETH 2283.22
USDT 1.00
SBD 2.47