ချောင်းဆိုးခြင်း (cough )

in #hfs8 years ago

ချောင်းဆိုးခြင်း ( cough )

images.jpg

ညက အိပ်မရဘူး ။ ချောင်းဆိုးတာ တညလုံးနီးပါးဘဲ။သောက်စရာဆေးကလည်းမရှိ ရာသီကလည်းအေးတော. တဟွပ်ဟွပ်ဘဲ။ မနက်မိုးလင်းတော. သိပ်မဆိုးတော.ဘူး ။ ကိုယ်ကလည်း ဆေးလိပ်မဖြတ်နိုင်သေးတော. ဆေးသောက်လည်း အလကားဖြစ်မှာဘဲ။အခုလို ဆောင်းရာသီမှာ တချို.က ချောင်းဆိုးရုံတင်မကဘဲ ရင်ကြပ်ပါ ဖြစိတတ်သည်။နည်းနည်းအအေးမိတာနဲ. ချောင်းက ပါလာတတ်သည်။
ပညာရှင်များကတော. ချောင်းဆိုးခြင်းအတွက် ဆေးနည်းများစွာ ထုတ်လုပ်ပါသော်လည်း လူတိုင်းနှငိ့ အဆင်မပြေဖြစ်နေပြန်သည်။ တချို.အတွက် ရောဂါသက်သာစေသော ဆေးနည်းက တချို.အတွက် မထိရောက်ဖြစ်နေတတ်သည်။

အကြောင်းအမျိုးမျိုးကြောင့်ချောင်းဆိုးလေ.ရှိကြသည်။အချိုလွန်ကဲသောမုန့်များ၊ ရေခဲစိမ် အချိုရည်ဘူးများ စားသုံးမှုများလျှင် ချောင်ဆိုးလေ.ရှိသလို ၊ဆီမသန့်၍ဖြစ်သော ချောင်းဆိုးရောဂါဖြစ်လေသည်။ စားအုန်းဆီဖြင့်ကြော်ထားသော အကြော် စားသူများ၏ လည်ချောင်းအစာမျိုပြွန်နံရံတွင် စားအုန်းဆီများ ကပ်ကျန် ခဲ့သောအခါ မပျော်ဝင်နိုင်သဖြင့် လည်ချောင်းယားပြီး ချောင်းဆိုးရခြင်း ဖြစ်သည်။ တချို့ လူတွေမှာ ချောင်းဆိုး လွန်းတာကြောင့် နံရိုးတောင် ကျိုးသွား တတ်ကြ ပါတယ်။ ချောင်းဆိုးပြီး သလိပ် ထွက်တာဟာ ဓာတ် မတည့်တာ၊ အအေး မိတာ ဒါမှ မဟုတ် တခြား အသက်ရှူ လမ်းကြောင်း ရောဂါပိုး ၀င်ရောက်တဲ့ ပြဿနာတွေ ကြောင့်ပါ။မြန်မာ.ရိုးရာဆေးပညာအရ အပူငုပ်ပြီ့း ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ထွက်ရမည့် အပူ၊ အခိုး၊ အငွေ့များကို အအေးဓာတ်က ဖိနှိပ်ပိတ်ဆို့ထားသဖြင့် အပြင်မထွက်နိုင်။ မထွက်နိုင်သဖြင့် တွန်းကန်ရာမှ ချောင်းဆိုးရခြင်းဖြစ်သည်
    ညသန်းခေါင် အိပ်မရမဲ.အတူတူ အိပ်မနေတော.ဘဲ ဆေးနည်းလေးတွေဖတ်လေတော.သည်။ ချောင်းဆိုးခြင်းအတွက်လည်း သင့်လျော်ပြီး ကုန်ကျစရိတ် နည်းပါးတဲ. ဆေးနည်းလေးတွေကိုတော.တင်ပြပေးပါမယ်။ ကိုယ်နဲ.သင့်လျော်နိုင်မဲ. ဆေးနည်းလေးတွေကို သုံးစွဲစေချင်ပါတယ်။

images (3).jpg

၁။ ချင်းပြုတ်ရည်းနွေးနွေး သောက်ပေးပါ။
၂။ နေ့စဉ် ဗီတာမင်စီ ၁၀၀ နဲ့ ၅၀၀ မီလီဂရမ် အတွင်း သောက်ပေးပါ။
၃။ ရေနွေးကြမ်းကို ပျားရည်နဲ့ ရှောက်ရည် ရောစပ်ပြီး သောက်ပါ။ ရေနွေး ပူပူ      သောက်တာဟာ ချောင်းဆိုး တာကို သက်သာ စေပါတယ်။
၎။ ဓာတ်မတည့် ပစ္စည်း တွေကြောင့် ချောင်းဆိုးရင် အဲဒီ ဓာတ်မတည့် ပစ္စည်း     တွေကို မိမိ အနာမှ ဖယ်ရှားပါ။
၅။ ညအိပ်ရာမဝင်မီ ရှောက်သီး သို့မဟုတ် သံပရာသီးအရည် သုံးဇွန်းနှင့်   ပျားရည်တစ်ဇွန်း စပ်သောက်ပေးလျှင် အပူငုပ်၍ ချောင်းဆိုးခြင်းမှ    ကာကွယ်နိုင်ပါသည်။
၆။  ခွေးသေးပန်းရွက်အရည်ညှစ်ရသော သတ္တုရည်ကို ဆားမီးဖုတ်ဖြင့်  ရောတိုက်လျှင် ကလေး၊ လူကြီး အဆက်မပြတ်ဆိုးသောချောင်းဆိုးရောဂါကို  ထိရောက်စ်ေသည်။
၇။  ရှောက်သီး သို့မဟုတ် သံပရာသီးတစ်စိတ်ကို ရေနွေးပူပူတွင်စိမ်ပါ၊    အငွေ့လုံအောင်အုပ်ထားပြီး ရေချိုးပြီးချိန် သောက်ပေးပါက အအေးပတ်ခြင်းမှ    ကာကွယ်ပါသည်။
၈။ လူကြီးများ ရေနွေးစပ်ပြီးမှ ရေချိုးပါ။
၉။ ထန်းလျက်နှင့် ရှောက်သီးကို သိန္ဓောဆားအနည်းငယ် ထည့်၍ ယိုထိုးစားလျှင်   ချောင်းဆိုးရောဂါ သက်သာစေသည်။
အကယ်ချောင်းဆိုးတာဟာ ၁၄ ရက်ထက်ကျော်လာပြီဆိုရင်တော.  ဆရာဝန်နဲ.ပြသပြီး စနစ်တကျ ခံယူသင့်ပေသည်။

images (2).jpg

images (1).jpg

photo from google

myint oo
HFS B-11

Sort:  

ဗဟုသုတရလို့ ကျေးဇူးအကို

you always have great content

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60713.70
ETH 1556.06
USDT 1.00
SBD 0.50